မန္တလေးမြို့မှာ ဧည့်စာရင်းနဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြစ်တဲ့ PSMS နည်းပညာနဲ့တိုက်စစ်တာကြောင့် အရင်ကစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးငယ်တဦးဖမ်းဆီးခံခဲ့ရတယ်လို့မြို့ခံတချို့ကပြောပါတယ်။
ဩဂုတ်လ၂ရက် နေ့ညပိုင်းကအသက် ၂၀ ဝန်းကျင် အမျိုးသမီးဟာ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းက ဟိုတယ်တခုကိုသွား ရောက်တည်းခိုစဉ်မှာ ဧည့်စာရင်းနဲ့ PSMSနဲ့ တိုက်စစ်ပြီး ဖမ်းဆီးသွားတာလို့နီးစပ်သူတဦးကပြောပါတယ်။
“အရင်က အမှုဟောင်းလို့သိရတယ်။ကောင်မလေးနဲ့ နီးစပ်သူ တွေက လွန်ခဲ့တဲ့၃နှစ်လောက်ကအဖမ်းခံထားရတာ။အခုဟိုတယ်သွားတည်းမှဧည့်စာရင်းနဲ့ ညပိုင်းဝင်ဆွဲသွားတာ “လို့ နီးစပ်သူတဦးကပြောပါတယ်။
PSMS(Person Scrutinization and Monitoring System)ဟာ တရုတ်နည်းပညာကုမ္ပဏီတခုက စစ်ကောင်စီကိုအကူအညီ ပေးထားတာဖြစ်ပြီး စစ်တပ်ရဲ့ စစ်ဆေးရေး ဂိတ်၊ဟိုတယ်၊တည်းခိုခန်း စတဲ့မှတ်ပုံတင်စစ်ဆေးတဲ့နေရာတွေမှာမှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်လိုက်တာနဲ့ကွန်ပျူတာမှာ စစ်ကောင်စီကတပ်ထားတဲ့ ပုဒ်မပေါ်လာတဲ့ ဒစ်ဂျစ်တယ် စောင့်ကြည့်ရေးနည်းပညာဖြစ်ပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသမီးငယ်ကို အကြမ်းဖက်တိုက်ဖျက် ရေးဥပ ဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒီနည်းပညာကိုအာဏာသိမ်းခေါင်းဆောင်မင်း အောင်လှိုင် ပြင်ဦးလွင်မြို့ကိုလာစဉ် ဧပြီလက စတင်အသုံးပြုခဲ့ပြီးပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
အခုချိန်မှာမြို့ဝင်ဂိတ်အားလုံးကိုမှတ်ပုံတင်နံပါတ်နဲ့ တိုက်စစ်တာတွေပြုလုပ်နေပြီး CDMဝန်ထမ်းတွေ ၊အရင်က တော်လှန်ရေးကိုကူညီတယ်စွပ်စွဲချက်နဲ့ Kpay အကောင့်ပိတ်ခံရသူတွေစတဲ့သူတွေဟာ မြို့ဝင်ဂိတ်တွေ၊ဟိုတယ်တွေ၊ တည်းခိုခန်းတွေဧည်စာရင်းတိုင်ရချိန်မှာ PSMS ကြောင့် ဖမ်းဆီးခံရတွေများလာတယ်လို့ စုံစမ်းသိရပါတယ်။


Leave a Reply