ယာယီသမ္မတ မြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် စစ်ဆေးရုံတွင် အထူးကြပ်မတ်ကုသနေရဟုဆို
ယာယီသမ္မတ မြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာ အခြေအနေကြောင့် စစ်ဆေးရုံတွင် အထူးကြပ်မတ်ကုသနေရကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
မြင့်ဆွေသည် ၂၀၂၃ ခုနှစ်မှစတင်၍ လှုပ်ရှားရာတွင် တုံ့နှေးခြင်း၊ အစာအာဟာရစာသုံးနိုင်မှု နည်းပါးလာခြင်း၊ ပါကင်ဆင်အာရုံကြောအားနည်းရောဂါ ခံစားခဲံရကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ စစ်ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း၊ စစ်တပ်က မြင့်ဆွေကျန်းမာရေးအတွက် အနီးကပ် နေအိမ်တွင် ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
မြင့်ဆွေသည် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ အမှတ် ၂ စစ်ဆေးရုံတွင် ထပ်မံ ဆေးကုသမှု ခံယူခဲ့ကြောင်း၊ လက်ရှိတွင် မြင့်ဆွေ၏ အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရှာဖြစ်၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အသည်းအသန်ဖြစ်နေ၊ ICU တွင် ကုသမှု ခံယူနေရ
ယာယီသမ္မတ ဦးမြင့်ဆွေကျန်းမာရေးသည် လက်ရှိအခြေအနေ၌ အထူးစိုးရိမ်ဖွယ် ဖြစ်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က ယနေ့( ဩဂုတ်လ ၅ ရက်) ညနေပိုင်းတွင် ထုတ်ပြန်သည်။
ယာယီသမ္မဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်ဆန်းပိုင်းမှစတင်ကာ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့ကို ခံစားနေရပြီး ၂၀၂၅ နှစ် ဇူလိုင်လတွင် ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ ဖြစ်နေကြောင်း ကာလုံက ထုတ်ပြန်သည်။ ထို့ကြောင့် ဇူလိုင် ၂၄ ရက်နေ့တွင် အမှတ်(၂) တပ်ခုတင် ၁,၀၀၀ ဆေးရုံ၌ ဆေးကုသမှု ခံယူခဲ့ပြီး ရောဂါစစ်ဆေးချက်အရ အထူးစိုးရိမ်ဖွယ်အခြေအနေဖြစ်နေသောကြောင့် လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင် (ICU) ၌ အထူးကြပ်မတ်ကုသမှု ခံယူရလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာလုံ ကို သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ကာကွယ် ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများဖြင့် ဖွဲ့စည်းထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဒုသမ္မ ဟင်နရီဗန်ထီးယူကို ကျန်းမာရေးအကြောင်းပြ တာဝန်မှအနား ပေးလိုက်ပြီးနောက် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဦးမြင့်ဆွေသည် ကျန်းမာရေးဆိုးရွားနေသည်ဟုဆိုကာ ယာယီသမ္မတ တာဝန်မှ ခွင့်ယူခဲ့သည်။
တာဝန်လစ်ဟင်းနေချိန်တွင် ယာယီသမ္မတတာဝန်ကို စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးအပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့နောက် ထို ၂၀၂၄ ဇူလိုင်လ စစ်ကောင်စီကို သက်တမ်းတိုးမှု ကာလုံအစည်းအဝေးမှစတင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယာယီသမ္မတအဖြစ်ရော တပ်ချုပ်အဖြစ်ပါ ရာထူးနှစ်ခုရယူခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် သတ်မှတ်ပြီးနောက် ကာလုံကောင်စီ အစည်းအဝေးခေါ်ယူစေကာ စစ်တပ်ကို အရေးပေါ်အခြေအနေအရ စီမံအုပ်ချုပ်ခွင့် ပေးသည်ဟု စစ်ခေါင်းဆောင်က ကြေညာခဲ့သည်။ သို့သော် ထိုကဲ့သို့ ဒုသမ္မတကို ယာယီသမ္မတ ဖြစ်စေခြင်းသည် စစ်ကော်မရှင်တပ်က ကိုင်စွဲထားသည့် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ စစ်ခေါင်းဆောင်တဦးကို ယာယီသမ္မတ တာဝန်ပေးခွင့်လည်း ထိုဥပဒေတွင် ပါဝင်ခြင်းမရှိကြောင်း ရှေ့နေ ဦးကြီးမြင့်က ပြောသည်။


Leave a Reply