ရန်ကုန်မြို့ရှိ နာမည်ကြီးဈေးဝယ်စင်တာတစ်ခုဖြစ်​သော မြန်မာပလာဇာမှ ကားပါကင်တွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီးသေဆုံးသွားသည်။

အသက် ၅၉ နှစ်အရွယ် အမျိုးသမီးသူသည်သြဂုတ် ၅ ရက်၊ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာပလာဇာကားပါကင်၌ ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်းဟုကာယကံရှင်၏ဆွေမျိုးတစ်ဦးကလူမူကွန်ရက်တွင်ရေးသားထားသည်။

အမျိုးသားနှစ်ဦးက ဓားဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး သွေးထွက်လွန်ကာဆေးရုံမရောက်ခင် လမ်းတွင်ကွယ်လွန်သွားကြောင်းရေးသားထားသည်။

“ညနေက ကျမတို့ ဈေးဝယ်နေတုန်း သတင်းသဲ့သဲ့ကြားတယ်။ ပြန်မယ်လုပ်တော့ ကားတွေချက်ချင်းပေးမထွက်ဘူး။ ရဲတွေလည်း တွေ့တယ်”ဟု မြန်မာပလာဇာအနီး၌နေထိုင်သူတစ်ဦးကပြောသည်။

အင်းလျားကန်‌ဘောင်အနီးရှိ မြန်မာပလာဇာသည် လူစည်ကားသည့် ဈေးဝယ်စင်တာဖြစ်သည်။

၂၀၂၁ ခုနှစ်က စစ်ကောင်စီအာဏာသိမ်းစဉ် ဆန္ဒပြသူများကို ပလာဇာမှ ဝန်ထမ်းအချို့က ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့၍ လူထုက ​ထိုစင်တာသို့မသွားဘဲသပိတ်​မှောက်ခဲ့သည်။

သို့သော် ၂၀၂၂ ခုနှစ်မှ၍ ​ဈေးဝယ်သူများပြန်လည်စည်ကားခဲ့သည်။

ယခု လူသတ်မှုနှင့်ပတ်သက်၍ မြန်မာပလာဇာဘက်ကသတင်းမထုတ်ပြန်သေးပေ။

စစ်တပ်အာဏာသိမ်းမှုဂယက်ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊ အလုပ်လက်မဲ့လူဦးရေများပြားလာခြင်း၊ မူးယစ်​ဆေးဝါးများ​ပေါများလာခြင်း၊ စစ်တပ်ကလူမိုက်များကိုပျူ​စေားထီး ၊သတင်း​ပေးအဖြစ်​မွေးထားခြင်းစသည်တို့ကြောင့် ရန်ကုန်မြို့တွင်လုယက်မှုများ၊ရာဇဝတ်မှုများပိုများလာပြီး နေ့စဉ်လူနေမှုဘဝတွင် မလုံခြုံတော့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *