“အင်းတော်မြို့ထဲက ဂျပန်လိုဏ်ဂူမှာ တမခ (၇၇)စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့အဖြစ်ဆိုးများ”

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ ရွာအချို့မှ မိန်းမပျိုကလေးများ၊ သာသနာ့ဘောင်ဝင်ထားတဲ့ မယ်သီလရင်၊ အိမ်ထောင်သည်အမျိုးသမီး၊ ဝန်ထမ်းအမျိုးသမီးကို အင်းတော်မြို့ ဂျပန်လိုဏ်ဂူအတွင်း တပ်စွဲထားသော ရတတမခ(၇၇)စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြင့် ၈ လ ခန့်ကြာ ဖမ်းဆီးထားပြီး အကြိမ်ကြိမ် အတင်းအဓမ္မပြု ကျင့်ခဲ့ပါတယ်။

ထိခိုက်နှစ်နာသူ ၁

အင်းတော်မြို့နယ် အင်းသာယာရွာဟာ တပ်မ ၇၇ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဂျပန်လိုဏ်ိုနားမှာ ရှိနေတာမို့ အင်းသာယာရွာက အင်မတန်မှ ချောမောလှပတဲ့ အသက်၁၆နှစ်အရွယ် မိန်းကလေးကို စစ်ကောင်စီရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပျူစောထီးတွေကမြင်သွားပြီး စစ်သားတွေကိုပြောပြတာမို့ အတင်းအဓမ္မဖမ်းခေါ်သွားပြီး ဂျပန်လှိုင်ဂူထဲမှာ အဓမ္မပြုကျင့်ကြပါတယ်။

စစ်သားတွေရဲ့‌ နေစဉ်ရက်ဆက်အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးဟာ မြို့သိမ်းတိုက်ပွဲအပြီး လွတ်မြောက်လာချိန်မှာ ခန္ဒာကိုယ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အင်မတန်ပျက်စီးနေပြီး လူကအားအင်မရှိဘဲ မသေယုံတမယ် ၊ယဲ့ယဲ့လေးသာကျန်ပါတော့တယ်။

ထိခိုက်နှစ်နှာသူ ၂

အင်းသာယာရွာက မိန်းကလေးအပြင် လသံပရာရွာက အသက် ၁၇နှစ်အရွယ် မိန်းကလေးဟာလည်း စစ်သားတွေရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရခဲ့ပြီး ကိုယ်ဝန်၇လနဲ့ မြို့သိမ်းတိုက်ပွဲအပြီးမှာ စိတ်ကျန်းမာ ရေးမကောင်းတဲ့ အခြေအနေနဲ့လွတ်မြောက်လာပါတယ်။ အခုလက်ရှိမှာ အဲ့ဒီမိန်းကလေးဟာ ကလေးမီးဖွားပြီး ကလေးကို မွေးစားမဲ့သူဆီပေးလိုက်ပါတယ်။

ထိခိုက်နှစ်နာသူ ၃

မန်လည်ရွာက Non CDM ရဲမေတဦးဟာလည်း ဂျပန်လိုဏ်ဂူထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရချိန်မှာ စစ်သားတွေရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရရှိသွားပြီး လွတ်မြောက်လာချိန်မှာ ကလေးအမွှာပူး မွေးဖွားခဲ့ပါတယ်။

ထိခိုက်နှစ်နာသူ ၄

အိမ်ထောင်ရှိတဲ့ အသက်၂၆နှစ်အရွယ် ကလေးတစ်ယာက်ရဲ့မိခင်ဖြစ်သူ အမျိုးသမီးဟာလည်း အမျိုးသားနဲ့အတူ ဂျပန်လိုဏ်ဂူထဲ ဖမ်းဆီးခံထားရချိန်မှာစစ်သားတွေရဲ့ အဓမ္မပြုကျင့်ခံရခဲ့ပါတယ်။

စစ်သားတွေဟာ အိမ်ထောင်ရှင်မိခင်အမျိုးသမီးကို အဓမ္မပြုကျင့်ပြီးချိန်မှာ သူမရဲ့အမျိုးသားကိုကျေနပ် လားလို့ မေးခဲ့ပါတယ်။ လက်နက်ကိုင်ထားတဲ့စစ်သား တွေက ကျေနပ်လားလို့ မေးတဲ့အချိန်မှာ အမျိုးသားဟာ စိတ်ထဲမှာ မကျေနပ်ပေမယ့် မကျေနပ်ဘူးလို့ မဖြေရဲခဲ့ပါဘူး။

ထိခိုက်နှစ်နာသူ ၅

အင်းတော်မြို့နယ်ထဲက အသက်၃၅ နှစ်အရွယ် မယ်သီလရင်တပါးဟာလည်း ဂျပန်လှိုင်ဂူထဲ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရချိန်မှာစစ်သားတွေရဲ့ အဓမ္မပြုကျင့်တာကို ခံလိုက်ရပါတယ်။

ထိခိုက်နှစ်နာသူများ ၆

အင်းတော်မြို့နယ်ထဲက ဂျပန်လိုဏ်ဂူမှာ မတရား ဖမ်းဆီးခံထားရပြီး စစ်သားတွေရဲ့ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရလို့ အသက်မရှင်ချင်တော့တာကြောင့် အသက် ၂၀နှစ် ၊၂၃နှစ် ၊ ၂၆ နှစ်အရွယ် မိန်းကလေး ၃ ဦးဟာလည်း ကိုယ်ကိုကိုယ်သ-တ်သေသွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စစ်သားတွေဟာ မူးယစ် ဆေးသုံးစွဲပြီး အသက်မပြည်သေးတဲ့ကလေး ၊ အိမ်ထောင်သည်မိခင် ၊ သာသနာ့ဘောင်ဝင်ထားတဲ့မယ်သီလရင် ၊ဝန်ထမ်းနဲ့ မိန်းမပျိုလေးတွေကို ဂျပန်လိုဏ်ဂူထဲမှာ ၈လ အကြာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ပြီး လူ့အခွင့်အရေးကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အင်းတော်မြို့ကို အပြီးသိမ်းပိုက်လိုက်ပြီး လက်ရှိတွင် မိုင်း နယ်မြေရှင်းလင်းမှုတွေလက်ဆက်လုပ်ဆောင်ပါတယ်။

Credit

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *