“စာလိုက်မနိုင်လို့ဆိုပြီး တစ်ဘာသာကို ငါးချက်ဖြင့် ကလေးကို စုစုပေါင်း ၄ ဘာသာ အချက် ၂၀ ရိုက်တဲ့ ဆရာမ”

ကလေးက နာလွန်းလို့ ရှိခိုးတောင်းပန်ပါတယ်ရှင့်ကြိမ်လုံးနဲ့ရိုက်တာပါ ကြိမ်လုံးတောင် ကျိုးသွားပါတယ်ရှင့်။ ဘုန်းကြီးကျောင်းမှာနေတဲ့ ဆရာမဒေါ်လွင်လွင်ရှိန်။

“ဆရာမခဗျား ကျွန်တော်နောက်ခါ ထပ်လုပ်တော့ပါဘူးခဗျား တောင်းပန်ပါတယ်‌ခဗျား၊ ရှိခိုးပြီးပြောတာတောင်မရပါဘူးတဲ့ရှင့် ထပ်ရိုက်ပြီး နင်လိုမျိုး ကျောင်းသားကိုကျောင်းထုတ်ပစ်ချင်တဲ့လို့ပြောတယ်”တဲ့။

ကျမတူလေးက ကျောင်းက ကိစ္စကို အိမ်ကမိဘတွေကိုပြန်လာမပြောပြပါဘူး၊ ရေချိုးဖို့ဘောင်းဘီကိုချွတ်လိုက် မှကြိမ်ဒဏ်ရာတွေကို တွေ့တာပါ။

ကလေးအထူးကုဆေးခန်းကိုလည်း ပြထားပါတယ်။ ဆရာဝန်ကြီးက ကလေးကို ရိုက်တာ အရမ်းများလို့ ဒါဟာကလေးကို ညှင်းပန်းနှိပ်စက်တာနဲ့တူတယ်လို့ပြောပါတယ်။ အခုဒဏ်ရာကလည်း သွေးအိမ်တည်နေလို့ အသားထဲကြေသွားရင်ပုတ်သွားနိုင်တယ်လို့ပြောပါတယ်။

အခုကျောင်းထွက်လက်မှတ် တောင်းတာလည်းမပေးပါဘူးတဲ့။ ၂ ရက်ဆက်တိုက် ကျောင်းမှာဆွေးနွေးပြီးတောင်းလည်းမပေးပါဘူး။ ဆရာတော်ကိုလည်း ရှိခိုးတောင်းပန်ပြီးဆရာမနဲ့တွေ့ဖို့ တောင်းဆိုပေမယ့် ဆရာတော်က ပေးမတွေ့ပါဘူး။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *