ခွင့်ပြုချက်မတင်ဘဲ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လွှင့်ပြသခဲ့တဲ့ အက်ပလီကေးရှင်း နှစ်ခုကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်၊၊
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားတဲ့ AWS+ နဲ့ cmapp.tv တို့ဟာ စိစစ်ရေးအဖွဲ့ကို တင်ပြထားခြင်း မရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို သူတို့ရဲ့ အက်ပလီကေးရှင်းတွေမှာ လွှင့်တင်ထားရှိကြောင်း စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်၊၊

အဲဒီလို စည်းကမ်းမလိုက်နာတဲ့အတွက် အက်ပလီကေးရှင်းနှစ်ခုစလုံးရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ်ကို အမြဲတမ်းရုပ်သိမ်းပြီး တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင် လက်မှတ် ရယူထားသူတွေအနေနဲ့ မိမိတို့ လွှင့်တင်တဲ့ အကြောင်းအရာတွေကို စိစစ်ရေးအဖွဲ့ထံ တင်ပြဖို့နဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိတဲ့ သူတွေအနေနဲ့လည်း လုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားဖို့ကိုလည်း အသိပေး ကြေညာထားပါတယ်။


Leave a Reply