တောင်ကြီးတွင် PSMS စနစ်အသုံးပြုပြီး စစ်ဆေးဖမ်းဆီးရန် စစ်တပ် လုပ်ဆောင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်က စစ်တပ်အထိုင်ချရာနေရာတိုင်းမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးဖို့အတွက် ညွှန်ကြားစာကို သြဂုတ် ၄ ရက်က တောင်ကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက သြဂုတ် ၇ ရက်မှာ ပြောပါတယ်။

People Surveillance and Management System – PSMS စနစ်ကို အသုံးပြုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ မြို့အဝင်အထွက်နေရာ၊ ကားဂိတ်၊ စစ်တပ်ဂိတ်၊ ရှောင်တခင် စစ်ဆေးတာတွေ လုပ်ဖို့အတွက် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က “ပထမဆုံးအနေနဲ့ တရားဝင် ပေါ်တာဖြစ်လာမယ်၊ ငွေညှစ်ခံရမယ်၊ ကြောက်စိတ်မဖြစ်ဖြစ်အောင် လုပ်တာပေါ့” လို့ ပြောပါတယ်။

PSMS စနစ်နဲ့ တည်းခိုသူ အချက်အလက် တိုက်ဆိုင်စစ်ဆေးတဲ့စနစ်၊ ယာဥ်လိုင်းစစ်ဆေးတဲ့စနစ်၊ ရဲတပ်ဖွဲ့ထောက်ခံစာစနစ်၊ Social Media မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်ရမယ်လို့ သိရပါတယ်။

“ဒီကောင်တွေ ငွေညှစ်ချင်တာနဲ့ Tablet မှာ စာရင်းပါတယ်ဆိုပြီး ငွေလိမ်တောင်းတာတွေ ဖြစ်နိုင်သလို ငွေမပေးမချင်း ပေးမဖြတ်တာတွေ၊ ချုပ်နှောင်ခံရတာတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေ ပစ်မှတ်ထားခံရနိုင်တယ်။”

ဟိုတယ်နဲ့ ယာဥ်လိုင်းပိုင်ရှင်တွေကလည်း စစ်တပ်နဲ့ ပူးပေါင်းပြီး လာရောက်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးပို့ဖို့၊ သတင်းအရ စစ်ဆေးတဲ့အခါမှာလည်း အသာတကြည် အစစ်ဆေးခံဖို့ ပြောထားပြီး မလိုက်နာရင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ခြိမ်းခြောက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနှံ့က စစ်တပ်စိုးမိုးရာနေရာတွေမှာ PSMS စနစ်ကို အသုံးပြုပြီး ဖမ်းဆီးခံရသူ ၁,၆၀၀ ကျော်အထိ ရှိနေတယ်လို့ တပ်ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတခုက မေလထဲမှာ ဖော်ပြထားပါတယ်။

ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စစ်ဆေးရေးဂိတ်များနှင့်ယာဉ်လိုင်းများတွင် PSMS စနစ်ဖြင့် တော်လှန်ရေးဆက်နွယ်သူများကို စစ်ဆေးဖမ်းဆီးရန် ထွေ/အုပ်က ညွှန်ကြား

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့်ပတ်သက်သူများကို PSMS စနစ်ဖြင့် စစ်ဆေးဖမ်းဆီးရန် စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူးရုံးက ညွှန်ကြားထားကြောင်း ဒေသတင်းရင်းမြစ်က ပြောကြားသည်။

ဩဂုတ်လ ၄ ရက်နေ့စွဲဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံး၏ ညွှန်ကြား ချက် တွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် People Surveillance and Management System (PSMS) စနစ် အ သုံးပြု၍ စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ တရား ခံပြေးများနှင့် တော်လှန်ရေး ဆက်စပ်သူများကို ဖမ်းဆီး နိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ PSMS စနစ် ဆက် စပ်ဆော့ဝဲလ်များ ဖြင့် တည်းခိုသူ အချက်အလက်တိုက်ဆိုင်စစ်ဆေးခြင်းစနစ်၊ ယာဉ်လိုင်းစစ်ဆေးမှုစနစ်၊ ရဲတပ် ဖွဲ့ ထောက် ခံစာစနစ်၊ မှတ်ပုံတင်အမှတ်မရှိသော တရားခံပြေးများ၏ ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များအား တိုက်ဆိုင်စစ်ဆေး သည့်စနစ်အား အသုံးပြု၍ CRPH၊ NUG၊ PDF သမားများအား ဆို ရှယ်မီဒီယာများတွင် ပြန့်နှံ့လျက်ရှိသော ဓာတ်ပုံ၊ ဗွီဒီယိုမှတ် တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ တရားခံ များအား ဖမ်းဆီးနိုင်ရေး လုပ်ငန်းစဉ်များအား ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

“တောင်ကြီးမှာက အခုမှ စမှာပါ၊ ရပ်ကွက်တွေထဲမှာတော့ ဘုရားဖြူရပ်ကွက်မှာ အဲလို စစ်ဖူးတယ်။ မြို့ထဲတော့ မကြားမိသေးဘူး။ ကလော၊ ဟိုပုန်း၊ ရွာငံ အဝင်မှာတော့ စစ်နေပြီ။ ကလောမြို့အဝင်နဲ့ ကျွဲတက်ဆုံမှာတော့ ပါထားတာတွေရှိတယ်။ ဒီနှစ်ထဲမှာ မိန်းကလေး ၂ ဦးပါထားတယ်။ တစ်ဦးက CDM ၊ တစ်ဦးက K Pay နဲ့ပါတာ၊ ဒီမြို့တွေကတော့မဟုတ်ဘူး။ တခြားမြို့က။ အဓိကတော့ ငွေညှစ် ခံရဖို့က ပိုသေချာတယ်။ ဘာလို့ဆို Tablet ထဲပါတယ်၊ ဘာညာနဲ့ ငွေတောင်းတော့မှာ။ ဒီဖက်မှာ တော့ Without ကားဖမ်းသလိုမျိုးဆိုရင် ငွေနဲ့ဖြေရှင်းကြတော့၊ အဲလိုပုံစံမျိုးဖြစ်လာနိုင်တယ်၊ ငွေ တောင်း၊ ဖြဲခြောက် အကြောက် တရားထည့်ပေါ့၊ အထူသဖြင့် လူငယ်တွေကို Tablet နဲ့ တရားဝင်ပေါ် တာဆွဲတာမျိုးလုပ်လာနိုင်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

တောင်ကြီးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းပိုင်ရှင်များအနေဖြင့် လာရောက်တည်းခို သူများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ လုံခြုံရေး အဖွဲ့ အစည်း များထံသို့ စနစ်တကျပေးပို့ရန်၊ မြို့အဝင်/အထွက်နေရာများ၊ ကားဂိတ်များ၊ ယာဉ်လိုင်း များတွင် စီးနင်းလိုက်ပါသူများအား သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက People Surveillance and Management System (PSMS) စနစ်ဖြင့် စစ်ဆေးမေးမြန်းမှုများရှိပါက ကိုယ်ရေးအချက် အလက် များအား မှန်မှန် ကန်ကန်ကြည်ဖြူစွာဖြင့် စစ်ဆေးမှုခံယူရန်၊ မော်တော်ယာဉ်လိုင်းများရှိ ဂိတ်မှူးများ မှ ယာဉ်လိုင်းတွင်စီးနင်းလိုက်ပါလာသော ခရီးသည် များ၏ ကိုယ်ရေးအချက်အလက်များအား သေ ချာ စိစစ်ပြီးမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ရုံး၊ ရဲစခန်းများသို့ စနစ်တကျပေးပို့ရန် အကြမ်းဖက် စစ် တပ်လက်အောက်ခံထွေအုပ်ရုံးက ညွှန်ကြားထားသည်။

ထို့အပြင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းများက သတင်းအရသော် လည်းကောင်း၊ လိုအပ်ချက်အရသော်လည်းကောင်း စစ်ဆေးဆောင်ရွက်ပါက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများနှင့် မော်တော်ယာဉ်လိုင်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်၊ ဤအမိန့်အား လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ များအရ ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံထွေအုပ်ရုံးက ခြိမ်း ခြောက်ထားသည်။


Leave a Reply

Your email address will not be published. Required fields are marked *