ပဲခူးတိုင်း၊ ညောင်လေးပင်မြို့မှာ ကျောင်းသားဖြစ်သူက ဆရာဖြစ်သူကို လိမ်လည်ခေါ်ကာ ဓ-ားနဲ့ထိုး သ-တ်ခဲ့ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယူခဲ့တဲ့ တရားခံကို သြဂုတ်လ ၆ ရက်နေ့မှာ ဖမ်းဆီးရမိပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့က တပည့်ဟောင်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကောင်လေးက ကျူရှင်ကိစ္စလို့ဆိုကာ ဖုန်းဆက်ခေါ်ခဲ့လို့ ဆရာဖြစ်သူက ဆိုင်ကယ် နဲ့ သူ့တပည့် ခေါ်တဲ့နေရာကို သွားခဲ့ရာက အသ-တ်ခံရတာလို့ သိရပါတယ်။

“ကျူရှင် ကိစ္စပြောစရာရှိလို့ ဆိုပြီးခေါ်တာ။ သူ့တပည့်က ခေါ်လို့ သူက ဆိုင်ကယ်နဲ့ ထွက်သွားပြီး ပြန်မလာလို့ လိုက်ရှာကျမှ အလောင်းကိုတွေ့တာ။ ဓ-ားနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေနဲ့ တွေ့တာ ” လို့ ဖြစ်စဉ်ကိုသိသူတဦးက ကိုပြောပါတယ်။

သေဆုံးသူဟာ ညောင်လေးပင်မြို့၊ မြို့မ ၄၊ ကန်သာယာလမ်းမှာ နေထိုင်သူ အသက် ၄၁ နှစ်အရွယ် ကျူရှင်ဆရာ ကိုပြည့်ဖြိုးအောင် (ခ) ဆရာမှန်လေးဖြစ်ပြီး သ-တ်ဖြတ်တဲ့သူကတော့ သူ့ရဲ့ တပည့်ဟောင်းဖြစ်သူ အသက် ၁၉ နှစ်အရွယ် ကောင်လေးတယောက်ဖြစ်တယ်လို့ သိရပါတယ်။

” ဖုန်း ပိုက်ဆံနဲ့ ဆိုင်ကယ်ယူပြီး လူကိုပါ သ-တ်ပစ်တာ။ သူ့ဆရာကို ပြန်သ-တ်လိုက်တာ။ အသက်က ၁၉ ပဲရှိသေးတယ်။ ဘာတွေများ လို လို့ ခုလိုလုပ်တာတော့မသိဘူး။ ဒါပေမယ့် ကြောက်စရာအရမ်းကောင်းနေတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

သြဂုတ်လ ၅ ရက်နေ့မှာ ရက်လည်ဆွမ်းသွတ်လုပ်ခဲ့ပြီး နောက်နေ့မှာ တရားခံကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ ရပ်ကွက်မှာနေတဲ့ G-7ကျောင်းသား မောင်သက်နိုင်မင်း ကို ဘောလုံးဝယ်ပေးမယ်လို့ဆိုကာ ခေါ်သွားပြီး ပြန်ပေးဆွဲ သ-တ်ဖြတ်မှုဖြစ်ခဲ့ကာ သတ်ဖြတ်သူတွေကို ‌ေ-သဒဏ် နဲ့ ထောင်ဒဏ်တွေ ပဲခူးတရားရုံးက ချမှတ်ခဲ့‌သေးတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *