လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှား

ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှား

ရန်ကုန်မြို့တွင် ယနေ့ လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှားကြသည်။

ယနေ့ကျရောက်သော ၈၈၈၈ အရေးတော်ပုံ ၃၇နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် စစ်တပ်က လှည့်ကင်းများဖြင့် လုံခြုံရေးအထပ်ထပ်ချထားသည့်ကြားမှ ရန်ကုန်မြို ၏ အထင်ကရနေရာအနှံအပြားတွင် ‘၈’ သင်္ကေတစာလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်၊ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ နှင့် ရန်ကုန်မြို့နေပြည်သူများပူပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ကြသည်။

‘၈’ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှသည် ယခု စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကာလအတွင်း ၃၇ နှစ် မြောက်ရောက်ရှိခဲ့သည့်တိုင်အောင် အဆက်ဆက်သော စစ်အာဏာရှင်များ၏ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုအောက် အပြစ်မဲ့ပြည်သူတို့၏ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုးခဲ့ရသည်။

၎င်းတို့၏အာဏာတည်မြဲရေးအတွက် ပြည်သူကို ရန်သူသဖွယ် သတ်ဖြတ်ချေမှုန်းနေသည့် ဖက်ဆစ် စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန်တွန်းလှန်တိုက်ထုတ်ကြရန် ရန်ကုန်လူထုသပိတ်နှင့် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တပ်လှန့်နှိုးဆော်အပ်ပါသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *