မုံရွာမြို့ပေါ်မှာစည်ပင်အမှိုက်ကားတစ်စီး ပျောက်ဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စည်ပင်ပိုင်အမှိုက်သိမ်းကားတစ်စီး ပျောက်ဆုံးသွားကြောင်းမြို့ခံတွေကပြောပါတယ်။

မနေ့က (သြဂုတ် ၁၀)မနက်ပိုင်း ၁၀ နာရီခန့်က မုံရွာမြို့ပေါ် အမှိုက်ပတ်သိမ်းနေတဲ့ စည်ပင်ပိုင် SKAT (အဖြူရောင်) ကားဟာ ကျောက္ကာလမ်းနဲ့ သာစည်လမ်းတဝိုက်မှာ ပျောက်ဆုံးသွားတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ကားပေါ်မှာ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေပါ ပါသွားပြီး ဆက်သွယ်လို့မရတော့ဘူးလို့ သိရပါတယ်။

“မုံရွာမှာက ပြန်ပေးဆွဲတာတွေဖြစ်နေတာကြာပြီ။ အခုဟာက အမှိုက်သိမ်းကားကို ပြန်ပေးဆွဲတာလို့လည်း ပြောနေကြတာပဲ။”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

အမှိုက်ကားပျောက်တာ၂၄ နာရီကျော်သွားပေမယ့် ယနေ့မနက်အထိ သတင်းမရသေးဘူးလို့သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မုံရွာစည်ပင်ကတော့ အမှိုက်ကားပျောက်ဆုံးသွားတာကိုဝန်ခံထားပြီး ရဲစခန်းတိုင်ထားတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ အမှိုက်ကားကို တွေ့ရှိခဲ့ရင်လည်း ဖုန်းဆက်အကြောင်းကြားပေးဖို့ ပြည်သူ​တွေကို ပြန်ပြီး အကူအညီတောင်း​နေပါတယ်။

မုံရွာမြို့ပေါ်မှာအာဏာသိမ်းပြီးကတည်းကဓါးပြမှု၊ ပြန်ပေးဆွဲမှု၊ ခိုးဆိုးလုယက်မှုတွေသောင်းကျန်းနေပြီး မြို့ခံတွေလုံခြုံရေးအတွက်စိုးရိမ်နေရပါတယ်။

(ပျောက်ဆုံးသွားတဲ့ အမှိုက်ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

Comments

Leave a Reply

Your email address will not be published. Required fields are marked *