စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၉၂၀ ကျော် သေဆုံးခဲ့

ရခိုင်တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၉၂၀ ကျော် သေဆုံးခဲ့

ရခိုင်တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၉၂၀ ကျော် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့သည့် တကျော့ပြန် ရခိုင်ပြည်တိုက်ပွဲအတွင်းမှာ အာဏာသိမ်း စစ်ကောင်စီကြောင့် ရခိုင်ပြည်သူ ၉၂၆ ဦးသေဆုံးခဲ့ရပြီး ၁၉၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရခိုင်ပြည်သူ ၉၄၇ ဦးမှာလည်း စစ်ကောင်စီထံ ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။

“မြေပြင်မှတ်တမ်းတွေအရ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ မတရားဖမ်းဆီး သတ်ဖြတ်လို့ သေဆုံးသွားကြတဲ့ ပြည်သူတွေ ဖြစ်ပါတယ်။ ဒီထက်မကလည်း ရှိနိုင်ပါသေးတယ်” ဟု ပြောသည်။

ယင်းအပြင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် မီးရှို့မှုများကြောင့် အပြစ်မဲ့ပြည်သူများ ပိုင်ဆိုင်သည့် လူနေအိမ် ၁၀၅၀၂ လုံး၊ ဘာသာရေးအဆောက်အဦး ၉၀၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN ၊ INGO ၊ NGO ရုံးအဆောက်အဦး ၃ ခုအပြင် တခြားအဆောက်အဦး စုစုပေါင်း ၁၁၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု သိရှိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းမှာ စစ်ရေးရှုံးနိမ့်နေသည့်အတွက် ငါးမရ တွင်းဖျက်ပုံစံဖြင့် ပြုလုပ်နေပြီး အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် မြို့ရွာများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေသည်ဟု ဦးခိုင်သုခက ဆိုသည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မြောက်ဦးမြိုနယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံပန်းမိသားစုဝင်များထားရှိသည့်နေရာကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။

Comments

Leave a Reply

Your email address will not be published. Required fields are marked *