တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

ညောင်ဦးမြို့နယ်၊ တောင်ဇင်းရဲစခန်းမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် တောင်ဇင်းရဲစခန်းမှ ထွက်လာသော မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း People’s Democratic Army – PDA မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက်၅ နာရီ ၂၀မိနစ်ခန့်တွင် ညောင်ဦးမြို့နယ် တောင်ဇင်းရဲစခန်းမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို ချောင်းဝနှင့် ရွာသစ်တောင်ရွာ အကြားတွင် ပေပါမိုင်း၊ ပဒေသာမိုင်း တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း စစ်သား ၁၈ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရရှိကာ တိုက်ခိုက်မှုဖြစ်ပြီးနောက် တောင်ဇင်းရဲစခန်းမှ သံချပ်ကာကား ၄ စီး၊ ညောင်ဦးမှ စစ်ကား ၆ စီးဖြင့် အင်အားဖြည့်တင်းကာ တိုက်ပွဲဖြစ်ရာ နယ်မြေအတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးလျက် ရှိကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၁ ကြောင်းသည် ရွာသစ်တောင်ရွာတွင် အထိုင်ချ ထားပြီး ကျန် စစ်ကြောင်းသည် ချောင်းရှည်ရွာအတွင်း ဝင်ရောက်နေထိုင်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် အသက် ၆၀ကျော် အဖွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ ထပ်တိုးစာရင်းက​တော့ သတင်းမရ​သေးလို့ပါ။ စုံစမ်း​နေဆဲပါ။ စစ်ခွေး ပစ်ခတ်မှုကြောင့် ရွာသစ်တောင်ရွာက အဖွားအို တစ်ဦးတော့ ကျည်ထိမှန်ထားတယ်”ဟု People’s Democratic Army – PDA မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရွာသစ်တောင်ရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *