Tag: News

  • ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်

    ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်

    ကော့သောင်း၊ ပုလုံးတုံတုံးရွာတွင် အုပ်ချုပ်ရေးမှူး ထွန်းထွန်း၊ နယ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် စစ်ဆေးရေးအဖွဲ့ဝင် ၆ ဦးက ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်၊ ရဲစခန်းက အမှုလက်မခံဘဲ အမျိုးသမီး ၂ ဦးကို ပြန်လည် ခြိမ်းခြောက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးရွာမှ အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်သော အဖွဲ့က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးမည်ဟု အကြောင်းပြ၍ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသော အမျိုးသမီး ၂ ဦး၏ ဆွေမျိုးနှင့်မိတ်ဆွေများက ပြောဆိုသည်။ ပုလုံးတုံတုံးရွာ ပသျှူးပိုင်းဘက်ရှိ ၃ မိုင်တွင် အိမ်ခန်းငှားနေသော အိမ်ထောင်သည် အမျိုးသမီး ၂ ဦး၏ အမျိုးသားများ ငါးဖမ်းထွက်နေစဉ်…

  • ရွှေပြည်သာမြို့ နယ်၊  ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

    ရွှေပြည်သာမြို့ နယ်၊ ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်

    ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရွှေပြည်သာမြို့ အခြေစိုက် ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ပေါက်ကွဲအား ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြု စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ “ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (ပကဖ) ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခလရ…

  • ရွှေတောင်စစ်ဆေးရုံတွင် ကုသ၍မနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို  မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတကားများဖြင့် ပို့ခိုင်း

    ရွှေတောင်စစ်ဆေးရုံတွင် ကုသ၍မနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတကားများဖြင့် ပို့ခိုင်း

    ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စစ်ဆေးရုံမှ ကုသ၍မနိုင်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတအသင်းများမှ ကား များဖြင့် ပို့ဆောင် ခိုင်းရန်စီစဉ်နေကြောင်း သိရသည်။ ရွှေတောင်မြို့နယ် အမှတ် (၆) တပ်မတော်ဆေးရုံ ခုတင် ၁၀၀ မှ ကုသ၍မနိုင်တော့သည့် ဒဏ်ရာပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်ရှိ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ပေးရန် ပရဟိတအသင်းများကို ခိုင်းစေထားကြောင်း ဒေသခံများထံက သိရသည်။ “ပို့ရင် စစ်ကားတွေသုံးလို့လည်းရ‌နေတာကို ပရဟိတကားတွေ သုံးတာက လမ်းပိုင်းမှာ သူတို့လုံခြုံရေးကို စိုးရိမ်လို့နေမယ်။ သူတို့ကိုယ်တိုင် လမ်းပိုင်းတွေကို စိတ်ချလို့မရဘူးဖြစ်နေတယ် လို့မြင်တယ်။ စိုးရိမ်စိတ်ဖြစ်နေတာပေါ့”ဟု ပြည်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။ ပြည်မြို့ရှိ ဒေသကွပ်ကဲမှုဆိုင်ရာ စစ်ဌာနချုပ် (ဒကစ-ပြည်)အတွင်းတွင် ပရဟိတအသင်းများကို ခေါ်ယူပြီး စစ်သားလူနာများကိုရန်ကုန်သို့ ပရဟိတကားများဖြင့် ပို့ဆောင်ပေးရန်…

  • နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

    AA ထိုးစစ်ကို မခုခံနိုင်ဘဲ နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများသယ် ဆောင်ပြီး ထွက်ပြေးသည့် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးနေကြောင်း သိရသည်။ စစ်ကောင်စီ၏ နတ်ရေကန် မဆုတ်တမ်းခံစစ်မှ အမိန့်မရဘဲ ဆုတ်ခွာ ထွက်ပြေးလာသည့် ရှေ့တန်းတပ်မချုပ် ၉၉ လက် အောက်ခံ ရှေ့တန်းခမရ ၃၁၅ မိတ္ထီလာတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။ “လက်နက်ကြီးတွေ AA လက်ထဲပါမှာစိုးပြီး ကားတွေနဲ့ တင်ပြေးတာ။ ဆုတ်ခွာမိန့်မရဘဲ ပြေးလို့ဆိုပြီး စုံခုံဖွဲ့ခံထားရတယ်ပြောတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို…

  • ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး

    ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၄ အတွက် အဓမ္မစုဆောင်းခံရသည့် ပုသိမ်မြို့နယ်မှ လူငယ်အချို့ တိုက်ပွဲတွင်သေဆုံး

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်က ပြည့်သူစစ်မှုထမ်းအပါတ်စဥ် လေးအတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်းခံခဲ့ရသည့်လူငယ် ငါးဦးသည် တိုက်ပွဲများတွင်သေဆုံးသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါလူငယ်များသည် စစ်မှုထမ်းရန် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်ကောင်စီက အရပ်၀တ်များ အိမ်စီးကားများအသုံးပြုကာ ဆွဲခေါ်ဖမ်းဆီးသွားခြင်းကို ခံရသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများကပြောသည်။ “ရွာကို အိမ်စီးကားအဖြူနဲ့လာပြီး ကောင်လေးက ခြံထဲမှာမြေတူးနေတာ အတင်း၀င်ဆွဲသွားတာ။ မိဘတွေက ဘာဖြစ်လို့ဖမ်းမှန်းမသိဘူး။ သုံးရက်လောက်ကြာမှ စစ်တပ်ထဲကိုအ၀တ်အစားတွေပို့ခိုင်းတယ် ၊ အဲ့ထဲကအဆက်သွယ်မရတော့တာ ခုတော့တိုက်ပွဲကျသွားပြီ” ဟု ပုသိမ်မြို့နယ် သရက်ကုန်းကျေးရွာမှ စစ်မှုထမ်းရန် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရသောလူငယ်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်မှုထမ်းအပါတ်စဥ် လေးအတွက် အဓမ္မစစ်သားစုဆောင်းခံရသော ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များမှလူငယ် နှစ်ဦးနှင့်ကျေးရွာများမှ လူငယ် သုံးဦး တိုက်ပွဲတွင် သေဆုံးသွားပြီဟု လာရောက်အကြောင်းကြားခဲ့ကြောင်း သိရသည်။ အဆိုပါလူငယ်များကိုသင်တန်းဆင်းပြီးနောက်…