📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

—

by

in

AA ထိုးစစ်ကို မခုခံနိုင်ဘဲ နတ်ရေကန်စခန်းမှထွက်ပြေးသည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ စစ်ခုံရုံး တင်စစ်ဆေးခံနေရ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်းများသယ် ဆောင်ပြီး ထွက်ပြေးသည့် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး တို့ကို စစ်ကောင်စီက စစ်ခုံရုံးတင် စစ်ဆေးနေကြောင်း သိရသည်။

စစ်ကောင်စီ၏ နတ်ရေကန် မဆုတ်တမ်းခံစစ်မှ အမိန့်မရဘဲ ဆုတ်ခွာ ထွက်ပြေးလာသည့် ရှေ့တန်းတပ်မချုပ် ၉၉ လက် အောက်ခံ ရှေ့တန်းခမရ ၃၁၅ မိတ္ထီလာတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။

“လက်နက်ကြီးတွေ AA လက်ထဲပါမှာစိုးပြီး ကားတွေနဲ့ တင်ပြေးတာ။ ဆုတ်ခွာမိန့်မရဘဲ ပြေးလို့ဆိုပြီး စုံခုံဖွဲ့ခံထားရတယ်ပြောတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်စခန်းကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ခမရ ၃၁၅ မှ တပ်ရင်းမှူးဦးဆောင်သည့် အင်အား ၁၀၀ ပါအဖွဲ့သည် လက်နက်ခဲယမ်းများကို သယ်ဆောင်၍ နတ်ရေကန်စခန်းမှ ဆုတ်ခွာထွက်ပြေးရာတွင် ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရသည်။

ကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက် စစ်ကားတစ်စီးမီးလောင်ပြီး တစ်စီးပျက်စီးသွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် နတ်ရေကန်ဗျူဟာစခန်းတွင် အင်အား အများအပြားဖြင့် ခုခံစစ်ဆင်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ တိုက်ခိုက်ရည်မပြည့်ဝသေးသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များဖြစ်နေပြီး နယ်မြေမကျွမ်းကျင်သည့်အတွက် သေဆုံးမှုများပြားကာ ထွက်ပြေး နေရကြောင်း သိရသည်။

အဆိုပါ နတ်ရေကန်စခန်းကျပါက ငဖဲမြို့နယ်အတွင်းရှိ အမှတ်(၁၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) နှင့် အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅ )တို့ အလုံးအရင်းနှင့် တိုက်ခိုက် ခံရမည်ကို စစ်ကောင်စီကစိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်