Tag: News

  • စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

    စစ်ကောင်စီဟာ ‘AA ရဲ့ ခြင်းထဲက ကြက်’ ဖြစ်နေပြီလား

    အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဆင်နွှဲနေပြီး စစ်ကောင်စီစခန်းတချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြာင်းကို သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဇန်နဝါရီ ၂၇ ရကိ မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က အသိပေးထားပါတယ်။ အလားတူ မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမ (ဂုတ်စီးရိုးကျေးရွာအနီး)မှာ စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော်…

  • အင်းစိန်လူမိုက် ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

    အင်းစိန်လူမိုက် ကျင်ဟုတ်နှင့် သမိုင်း(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံ၌ လောင်းကစားရုံ ဖွင့်ထား

    အင်းစိန်လူမိုက်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ကျင်ဟုတ်နှင့် မရမ်းကုန်းမြို့နယ်၊ သမိုင်း(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့် တို့ပေါင်းပြီး ဘုရင့်နောင်ပွဲရုံအတွင်း၌ လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁အတွင်း အင်းစိန်လူမိုက် ကျင်ဟုတ်သည် အကိုဖြစ်သူ လူမိုက် ကျော်ဝင်းစိန်နှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပြီး အင်းစိန်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်သူဟုဆိုသည်။ “ကျင်ဟုတ်က မရမ်းကုန်း (၁)ရပ်ကွက်ထဲက မနေ့တနေ့က ရောက်လာပြီး အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းတယ်။စစ်တပ်ထဲထည့်တယ်။ပိုက်ဆံရှိတဲ့သူဆို ငွေညှစ်တယ်။အခုလည်း ဘုရင့်နောင်ပွဲရုံထဲမှာပါ လောင်းကစားရုံ ဖွင့်ပြီး သောင်းကျန်းနေတယ်”ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦး​က ပြောသည်။ မရမ်းကုန်းမြို့နယ်၊သမိုင်း (၁)ရပ်ကွက်သို့ လူမိုက်ကျင်းဟုတ် ရောက်ရှိလာပြီးနောက်ပိုင်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်း၏ တပည့်ဆိုသူများက ဘုရင့်နောင်ပွဲရုံတွင်ပါ မိုက်ကြေးခွဲဆက်ကြေးတောင်းမှုရှိကြောင်းလည်း…

  • မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား  စကားများပြီး ပစ်ခတ်မှုဖြစ်

    မြန်အောင်မြို့ အစွန်ရှိ KTV တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သား စကားများပြီး ပစ်ခတ်မှုဖြစ်

    ဧရာဝတီတိုင်း မြန်အောင်ခရိုင် မြန်အောင်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် ကောင်မလေး လုရာကနေ ရဲနှင့်စစ်သားများ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြန်အောင်မြို့မှ ကြံခင်းမြို့ဘက်သို့အထွက် မြို့စွန်ရှိ KTV တခုတွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ ( ၂၆ ) ရက်နေ့ ညပိုင်း၌ ကွင်းကောက်တပ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်သား ( ၃ ) ဦးနှင့် မြန်အောင်မြို့ နယ်မြေခံရဲတို့ အချင်းများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ သူတို့ အချင်းချင်း ဆော်ညှိတဲ့ ကိစ္စကနေပြီးတော့ မြန်အောင်ရဲက လိုချင်တာနဲ့ အဲ့ကိစ္စတွေပဲ နေမှာပါ။ အချင်းချင်းပြသနာတက်တာကနေ စစ်တပ်ကကောင်က လေပေါ်ကို သေနတ်ဖောက်တယ်။ ဖောက်တော့ ရဲက G1 နဲ့…

  • စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေ

    စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေ

    စစ်တက္ကသိုလ် အပတ်စဉ် တစ်ခုလျှင် တက်ရောက်သည့် ဗိုလ်လောင်းအရေအတွက် ၃၀၀ အောက်သို့ ထိုးကျနေပြီး လျှောက် ထားသူမရှိ၍ တပ်မိသားစုများမှ ၁၀ တန်းအောင်ကျောင်းသားများကို ဆွဲခေါ်တက်ခိုင်းနေရ ပြင်ဦးလွင် စစ်တက္ကသိုလ် လုံး၀အပြီး ရွှေ့ပြောင်းခိုင်းသည့် အမိန့် လတ်တလော မရှိသေးသော်လည်း စာသင်နှစ်အလိုက် နေပြည်တော်နှင့် ပြင်ဦးလွင် ပေါင်းကူး တက်ခိုင်းရန်ရှိနေ မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ဖွင့်လှစ်ထားသော စစ်တက္ကသိုလ်အပတ်စဉ် တစ်ခုလျှင် တက်ရောက်နေသည့် ဗိုလ်လောင်း အရေအတွက်မှာ လူဦးရေ ၃၀၀ အောက်သို့ ထိုးကျဆင်းနေပြီး လျှောက်ထားသူမရှိဖြစ်နေ၍ တပ်မိသားစုများမှ ၁၀ တန်းအောင် ကျောင်းသားများကို ဆွဲခေါ် တက်ခိုင်းနေရကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ “DSA ဗိုလ်လောင်းသင်တန်းက ၂၀၀ ကျော်နဲ့ ၃၀၀ အကြားပဲ ရှိပါတယ်။…

  • ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို  KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။ KIA နှင့် ပူး​ပေါင်းတပ်ကဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ “လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။ ဒါပေမဲ့အနီးကပ် စောင့်ကြည့်ထားတဲ့ အနေအထားလောက်တော့ရှိလောက်ပါပြီ။အရင်က စရဖရုံးအဟောင်းတွေပေါ့နော် အဲဒီ စရဖ ရုံးဘက်မှာတော့ သိမ်းပိုက်လို့ရပြီတဲ့”ဟု…