Tag: News

  • စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

    လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ…

  • ကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများ လုပ်ရဲကိုင်ရဲသည့်စိတ်ရှိရန် စစ်ခေါင်းဆောင်မှာကြား

    ကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများ လုပ်ရဲကိုင်ရဲသည့်စိတ်ရှိရန် စစ်ခေါင်းဆောင်မှာကြား

    နိုင်ငံကာကွယ်ရေးနှင့် ပတ်သက်လာပါက စစ်ကောင်စီတပ်သားများအနေဖြင့် လုပ်ရဲကိုင်ရဲသည့် စိတ်များနှင့် လုပ်ချင်ကိုင်ချင်စိတ်များရှိရန်လိုကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဇန်နဝါရီလ ၂၅) ရက်နေ့က သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာတွင် ပြောသည်။ စစ်ကောင်စီတပ်သားများအနေဖြင့် တဦးတယောက်ချင်း ကိုင်တွယ်အသုံးပြုရသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရန်လိုကြောင်းလည်း သူက ဆက်ပြောသည်။ “သင်တန်းကျောင်းများမှ သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်၌ အကျိုးရှိ ထိရောက်အောင် အသုံးချနိုင်ရမည်” ဟု စစ်ခေါင်းဆောင်က ဆိုသည်။ ထို့ပြင် စစ်သားဘဝကို ခုံမင်မြတ်နိုးတန်ဖိုးထားရန်၊ စစ်ကောင်စီတပ်သားများ၏ ဘဝကို ဂုဏ်ယူတတ်ရန်နှင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန်လည်း ၎င်းက မှာကြားသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၂ သန်းခန့်ရှိပြီး အမျိုးသား ၄၇…

  • မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တရုတ်ဝင်ကူရန် စစ်ခေါင်းဆောင် ပန်ကြား

    မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တရုတ်ဝင်ကူရန် စစ်ခေါင်းဆောင် ပန်ကြား

    တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအပေါ် ထောက်ခံနေသလို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးရန် ပန်းကြားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား၌ ပြောသည်။ အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်ကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ မာကျားနှင့်တရုတ်အဖွဲ့အစည်းများလည်း တက်ရောက်ခဲ့သည်။ စစ်ခေါင်းဆောင်က တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတခုတည်းဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တပါတည်းဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း၊ မြန်မာ- တရုတ်စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ကျေးဇူးတင်ကြောင်းလည်း ဆိုသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေးအရ၊ ယုံကြည်မှုအရ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။ ထို့ပြင်…

  • စစ်ဘေးရှောင်များ ရောက်ရှိလာပြီးနောက် ပုသိမ်တွင် အိမ်ငှားခဈေးတက်

    ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့သို့ ဇန်နဝါရီလအတွင်း ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသများမှ စစ်ဘေးရှောင်များရောက်ရှိလာပြီးနောက် အိမ်ငှါးခများ ဈေးမြင့်တက်သွားကြောင်း သတင်းရရှိသည်။ “ကျွန်တော်တို့ မနေခင်က တစ်လကို ကျပ်ရှစ်သောင်းနဲ့ငှါးတဲ့အိမ်က နှစ်သိန်းပေးနေရတယ်။ နောက်ပြီးဘယ်သူမှ တစ်လခြင်းမရှိဘူး၊ ခြောက်လ အနည်းဆုံးစာချုပ်နဲ့ ငွေပုံရတယ်။ စစ်ရှောင်လာရတော့ အပြီး၀ယ်နေဖို့လဲ အဆင်မပြေ၊ ခုလို အိမ်ဌားခတွေတက်တော့ရေရှည်မှာအဆင်မပြေဘူး”ဟု ရွှေသောင်ယံမြို့မှပြောင်းရွှေ့လာပြီး အိမ်ငှါးနေထိုင်သူ တစ်ဦးမှ ပြောသည်။ ပုသိမ်မြို့နယ်အတွင်းသို့ ၂၀၂၄ ခုနှစ်အတွင်းရခိုင်ပြည်နယ်၊ လားရှိုးနှင့်မိုးကုတ်စသည့်ဒေသများမှ စစ်ဘေးရှောင်များရောက်ရှိနေရာမှ ယခု ဇန်နဝါရီလအတွင်း ကမ်းခြေဒေသမှဒေသခံများပါ ဝင်ရောက်လာကြသောကြောင့် ယခင် အိမ်ငှါးခ တစ်လလျှင် ကျပ် ၅၀,၀၀၀ မှ ၆၀,၀၀၀ ပေးရသည့် အိမ်များမှာ လက်ရှိတွင် ကျပ် ၁၅၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိစျေးတက်သွားကြောင်း သိရသည်။…

  • ဖာပွန်တိုက်ပွဲတွင် စစ်တပ်က ဗျူဟာကုန်းတစ်ခုစွန့်လွှတ်ပြီး BGF စခန်းသို့ ဆုတ်ခွာ

    ကရင်ပြည်နယ်မြောက်ပိုင်း ၊ ဖာပွန်မြို့တောင်ဘက်၊ ကမမောင်း-ဖာပွန် ကားလမ်းပေါ်မှ ကတိုင်တိရွာ ဗျူဟာကုန်းမှ စစ်တပ်သည် ရွာအနောက်ဘက်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ အမှတ် (၁၀၁၃) တပ်ရင်းစခန်းထဲသို့ ဆုတ်ခွာသွားပြီး ဆက်လက် ခုခံနေကြောင်း မြေပြင်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တချို့က ပြောသည်။ ကတိုင်တိ ဗျူဟာကုန်းကို တော်လှန်ရေးအင်အားစုက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေးပူးပေါင်းတပ်များက ထိုနေရာကို ထိုးစစ်ဆင်နေသည်မှာ တစ်လခန့်ရှိပြီ ဖြစ်သည်။ ထိုးစစ်ကို မခံနိုင်တော့သဖြင့် စစ်တပ်ဆုတ်သွားခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။ “ဗျူဟာကုန်းတော့ရပြီ ။ ရန်သူဖက်က ခုခံမှုတချို့ရှိနေသေးပါတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ အင်အားများတယ်။ မကြာခင်ကမှ ထပ်ဖြည့်ထားတာတွေ တပ်ဆုတ်သွားသူတွေ ပူးပေါင်းရှိနေတာ” ဟု…