The Girlfriend (2025) “ရည်းစား” အိန္ဒိယရုပ်ရှင်လောကရဲ့ တောင်ပိုင်းရော မြောက်ပိုင်းရောကိုပါ လွှမ်းမိုးထားတဲ့ မင်းသမီးချော ရက်ရှ်မီးကားနဲ့ တေလေဂူးမင်းသား ဒီခ်ရှစ်ရှက်တီတို့ရဲ့ ရုံတင်ကားသစ်လေးကိုတင်ဆက်ပေးချင်ပါတယ်။ အနုပညာနဲ့သိပ္ပံကို ရောပြီးသင်ပေးတဲ့ ကောလိပ်တစ်ခုမှာ ဗစ်ခရမ်နဲ့ ဘူးမာတို့ဟာ မေဂျာမတူတဲ့ကျောင်းသားကျောင်းသူတွေဖြစ်ပါတယ်။ ဗစ်ခရမ်က ကွန်ပြူတာသိပ္ပံကဖြစ်ပြီး ဘူးမာက အင်္ဂလိပ်စာမေဂျာကပေါ့။ သူတို့နှစ်ယောက်ဟာ ကိစ္စတစ်ခုကြောင့် ရင်းနှီးခဲ့ပြီး ဇာတ်လမ်းလေးတွေဖြစ်လာပေမယ့် ဗစ်ခရမ့်ကိုတစ်ဖက်သက်ကြိုက်နေတဲ့ ကျောင်းရဲ့နာမည်ကြီးခပ်ဟော့ဟော့ကောင်မလေးရှိနေတဲ့အခါမှာတော့။ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ၊ လွမ်းစရာအတွေ့အကြုံတွေနဲ့ မရိုးနိုင်တဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ခံစားကြရမှာပါ…။
Kisko Tha Pata (2024) “ချစ် ချစ် ချစ်” ဒီတစ်ခါမှာတော့ ဘောလိဝုဒ် ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရှရေယာက ပျော်ပျော်နေတတ်တဲ့ ဆော့ဝဲလ်အင်ဂျင်နီယာ မိန်းကလေးဖြစ်ပြီး မိဘပေးစားမယ့်လူကို တောက်လျှောက်ငြင်းနေခဲ့တာပါ။ သူ့စိတ်ကူးထဲက ပြစ်ချက်မရှိတဲ့ အကောင်းဆုံးယောကျ်ားကိုပဲ မျှော်လင့်စောင့်စားရင်း အလျှော့မပေးတတ်တဲ့ ဒေါက်တာလေးနဲ့ချစ်ကြိုက်သွားပါတော့တယ်။ အရာအားလုံး အဆင်ပြေခါနီးမှာမှ နောက်လူတစ်ယောက် ဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ပရိတ်သတ်တို့ပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး။
Take Me to Hell (2025) ဟော်ရာတွေမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Rizal Mantovani ရဲ့ လက်ရာသစ်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လီနာဟာကျောင်းတက်နေတဲ့ သူ့အစ်ကိုနဲ့အတူနေဖို့ ဘော်ဒါဆောင်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။ အဆောင်နေခက စျေးသက်သာလှပြီး အဆောင်ပိုင်ရှင်မိသားစုကလည်း သူတို့အပေါ်သားသမီးအရင်းနဲ့မခြား ဂရုစိုက်တဲ့အတွက်ပျော်ရွှင်နေတဲ့ လီနာဟာ ရောက်ရောက်ချင်းညမှာပဲ ထူးခြားနေတဲ့အခြေအနေတွေကို သတိထားမိခဲ့ပါတယ်။ သူတို့နဲ့အတူ တစ်ရက်တည်းရောက်လာတဲ့ ဘော်ဘီဆိုတဲ့ ကျောင်းသားလေးတစ်ယောက်က ငှက်ပျောခင်းထဲမှာ သရဲတွေရှိတယ်ဆိုပြီး အဆောင်ကနေပြောင်းပြေးတဲ့အချိန်မှာတော့ အဆောင်တစ်ခုလုံးမှာ ခြောက်ခြားစရာကိစ္စတွေဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။
My Secret Santa (2025) ဒီရုပ်ရှင်ကတော့ Netflix ကနေ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ထွက်ရှိထားတဲ့ Christmas Romantic Comedy (ခရစ္စမတ် အချစ်ဟာသ) ဇာတ်ကားလေး ဖြစ်ပါတယ်။ နာမည်ကြီး “Virgin River” မင်းသမီး Alexandra Breckenridge နဲ့ “New Amsterdam” မင်းသား Ryan Eggold တို့ အဓိက ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက တေလာ (Taylor) လို့ခေါ်တဲ့ Single Mom (မိခင်တစ်ကိုယ်တော်) တစ်ယောက်အကြောင်းက စပါတယ်။ တေလာဟာ အလုပ်ပြုတ်သွားတဲ့အချိန်မှာပဲ၊ သူ့ရဲ့ ဆယ်ကျော်သက်သမီးလေးက ဈေးကြီးတဲ့ နှင်းလျှောစီး သင်တန်းကျောင်း (Snowboarding Camp) တစ်ခုကို တက်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။…
လတ်တလောဖြစ်ပွားနေသည့်ကျောက်ဖြူတိုက်ပွဲတွင်စစ်တပ်က အကျအဆုံးများနေပြီး စစ်သားအလောင်းများစစ်မြေပြင်တွင် ကောက်မယူနိုင်လောက်အောင်ထိပြန့်ကြဲနေ လတ်တလောအပြင်းအထန် ဖြစ်ပွားနေသည့်တကျော့ပြန် ကျောက်ဖြူတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က အကျအဆုံး အလွန်များနေပြီး ရုပ်အလောင်းများမှာ စစ်မြေပြင်တွင်ကောက်မယူနိုင် လောက်အောင်ထိ ပြန့်ကြဲနေကြောင်း စစ်မြေပြင်သတင်းများအရသိရသည်။ ၎င်းအလောင်းများကိုကျောက်ဖြူမြို့နယ် မင်ခုံးတိုင်၊ရေနံတောင်ဝန်းကျင်၊ သိုင်းချောင်းရွာဝန်းကျင်၊သိုင်ချောင်းနှင့်ဇိုင်ချောင်းကြား ဝန်းကျင်တို့တွင် အပုံပုံပြန့်ကြဲလျက်ရှိကြောင် စစ်မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ” နှစ်ဖက်တိုက်ပွဲကလည်းအပြင်းအထန်ဖြစ်နေတယ်။ စစ်တပ်စစ်ကြောင်းတွေက ထွက်မရောက်တော့ ဒရုန်း၊ဂျက်၊နေဗီ၊ဒုံးကျည်၊ လက်နက်ကြီးတွေနဲ့ပစ်ကူတယ်။ AA ကလည်း အထွက်မပေးဘူး။ ဟိုဖက်ဒီဖက်နှစ်ဖက်လုံးထွက်မရအောင် ညှပ်ပြီးတိုက်တယ်။ စစ်သား အလောင်းတွေပုံနေတယ်။ကောက်ယူမနိုင်တဲ့အထိပြန့်ကြဲနေတယ်။ အပုပ်နံ့တွေထနေတယ်။ အလောင်းတွေ အစုံအပြုံလိုက်ဘဲ ” ဟု ပြောသည်။ အာရက္ခတပ်တော်ကကျောက်ဖြူတိုက်ပွဲကိုယခုရက်ပိုင်းအတွင်း စစ်ရှိန်မြင့်ပြီး တိုက်ခိုက်နေသဖြင့် စစ်ဦးကျွံလာသည့် သိုင်းချောင်း၊ မင်းပြင်ရှိ စစ်ကြောင်းများသာမ စစ်ကူလာသည့် စစ်ကြောင်းများမှာလည်းအထိနာကာ ဒဏ်ရာရသူများကို ဆွဲထုတ်၍မရနိုင်အောင် တိုက်ပွဲပြင်းလျက်ရှိသည်ဟု၎င်းက ပြောသည်။…