Tag: News

  • အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်

    အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်မှု ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army – USBA တပ်ဖွဲ့ တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ကံတုပ်ကျေးရွာ…

  • မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    မြဝတီမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များက စစ်မှုထမ်းရန် လူငယ်များလိုက်လံဖမ်းဆီးနေ

    ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်များသည် စစ်မှုထမ်းရန်အတွက် လူငယ်များလိုက်လံဖမ်းဆီးပြီး စစ်ကောင်စီအတွက် ပို့ဆောင်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။ မြဝတီမြို့ (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူနှင့် ပြည်သူ့စစ်များသည် ညပိုင်းအချိန်တွင် ကားများဖြင့် လူငယ်များ လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းရန် ခေါ်ဆောင်နေခြင်းဟု မြဝတီမြို့ခံများက ပြောသည်။ “သူက မြဝတီကလူငယ်တွေကို ညဘက်မှာ သူ့ပြည်သူ့စစ်တွေနဲ့ ကား၄စီးထွက်ပြီး လူငယ်တွေကိုပေါ်တာဆွဲတယ်။ စစ်မှုထမ်းထဲ တစ်ခါတည်းထည့်တယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များ လိုက်လံဖြေရှင်းပါက (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စည်လှိုင်ဆိုသူက ရိုင်းပြစွာဆဲဆိုလေ့ရှိသည်ဟု ဆိုသည်။ ” လောလောဆယ် ဆယ်ဂဏန်းလောက်ရှိမယ်”ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။ ၂၀၂၄ ဒီဇင်ဘာ၂၈ရက်ကလည်း စစ်မှုထမ်းရန်ဖမ်းဆီးခြင်းနှင့် ပြည်သူများအပေါ်ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေသော မြဝတီမြို့မရဲစခန်းအား ဗုံးချတိုက်ခိုက်ခံရမှုဖြစ်ခဲ့သေးသည်။ မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရမှုတွင် ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။…

  • ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို  ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား

    ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား

    ဖလမ်းမြို့က လက်ကျန် စစ်စခန်းကို ရိက္ခာဖြတ်တောက် ပိတ်ဆို့ထား၊ ငတ်ပြတ်ပြီး မသေချင်ရင် အမြန် လက်နက်ချဖို့ ဖိတ်ခေါ် ချင်းပြည်၊ ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မြို့ထဲမှာ ကျန်ရှိနေတဲ့ စစ်အုပ်စု စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။ ချင်းတော်လှန်ရေးတပ်တွေဖြစ်တဲ့ ချင်းညီနောင် တပ်ဖွဲ့ဝင်တွေနဲ့မဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပြီး တပ်ကုန်းပေါ်မှာ အခြေ ပြုနေထိုင်တဲ့ စစ်အုပ်စုကို ဆန်၊ ဆီ၊ ဆား ရိက္ခာနဲ့ သောက် သုံးရေတွေ ပိတ်ဆို့ဖြတ်တောက် ထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါ တယ်။ “ရိက္ခာ ဖြတ်တောက်ထားတာက ကြာပါပြီ ။ အဓိကတော့ တောင်ပေါ်မှာက…

  • ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရ

    ဧရာ၀တီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများ၍ ညပိုင်းတွင်ပါ ‌သေနတ်ပစ်ဖောက် သင်္ဂြိုဟ်နေရပြီး ဒေသခံများထိတ်လန့် ဧရာ၀တီတိုင်း ပုသိမ်တွင် ဧရာဝတီနှင့်ရခိုင်အစပ် တိုက်ပွဲများမှနေ၍ ထိခိုက်မှုများပြားကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဉ်သင်္ဂြိုဟ်နေရကြောင်း သိရ သည်။ ပုသိမ်မြို့နယ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) စစ်ဆေးရုံ မဆရ ၄ မှ ထွက်ခွာလာသည့် စစ်ကား ကိုး စီးသည် ယနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်အရာရှိနှစ်ဦး ကို ရွှေမြင်တင်သင်္ဂြိုဟ်စက်တွင် နိုင်ငံတော် အလံများအုပ်ကာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲတွင်းမှာ သေဆုံးတွေကို ရွှေမြင်တင်မှာ သင်္ဂြိုဟ်နေတာ။ ညဘက်တွေလည်း အသုဘချနေရတယ်။ အရာရှိတွေလည်းပါတယ်။ အခမ်းအနားနဲ့ လုပ်ပြီး အလံအုပ်သင်္ဂြိုဟ်တာ။ သေနတ်တွေလည်း…

  • သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံး

    သာပေါင်းမြို့မရဲစခန်းမှူး ရိက္ခာသွားပို့စဥ် စနိုက်ပါထိမှန်သေဆုံးပြီး အလောင်းပြန်ယူနိုင်ခြင်းမရှိသေး ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညနေပိုင်းက မြို့မရဲစခန်းမှူး ဒုရဲမှူး၀င်းနိုင်ဦး စနိုက်ပါထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဒုရဲမှူးသည် သာပေါင်းမြို့နယ် ကျားခေါင်းကျေးရွာအကျော် တောတွင်း၌ ခံစစ်ပြင်ထားသော စစ်ကောင်စီနှင့်ရဲများ ထံသို့ အရပ်ဘက်ကားကိုအသုံးပြုကာ ရိက္ခာသွားပို့စဥ် စနိုက်ပါနှင့်ပစ်ခတ်ခံရပြီးသေဆုံးသွားကာ ယခုအချိန်ထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေသောကြောင့် အလောင်းကိုပြန်မယူနိုင်သေးကြောင်းသိရသည်။ “ညက ရဲနဲ့စစ်တပ်နဲ့ပေါင်းပြီး အလောင်းသွားကောက်တာ ဟိုဘက်က ပြန်ပစ်နေလို့ တိုက်ပွဲဖြစ်နေလို့ကောက်လို့မရသေးဘူး။ သူနဲ့ပါသွားတဲ့ကားသမားတွေနဲ့ရဲတွေက ထွက်ပြေးသွားတာ စနိုက်ပါမှန်ပြီးသေတာကတော့သူတစ်ယောက်ထဲပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။ အာရက္ခတပ်တော် AAနှင့် ပူးပေါင်းတပ်များ သည်မကျီးဇင်မှတစ်ဆင့်သာပေါင်းမြို့နယ် အစပ်သို့ရောက်ရှိနေပြီး ယခုကဲ့သို့ စစ်တပ်နှင့်ရဲတံဆိပ်ပါကားများကို အသုံးပြုခြင်းမရှိပဲ အရပ်ဘက်ကားကိုအသုံးပြုလာသော ဒုရဲမှူးကို အတိအကျပစ်ခတ်ခံရခြင်းကြောင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့်ရဲများထိတ်လန့်နေကြကြောင်း သိရသည်။ သာပေါင်းမြို့နယ်၊မကျီးဇင်-သာပေါင်းကားလမ်းတွင်ဇန်နဝါရီ ၈ ရက်နေ့မှစတင်ကာ…