Tag: News

  • ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။ ဇန်နဝါရီ ၂၅ ရက် နေ့လည် ၃ နာရီခန့်က ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် ကပစ (၂၁)မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် ကျန်း‌‌မာရေးဌာန Non CDM ၀န်ထမ်းသုံးဦးတို့သည် ဆုံဆည်းရာစားသောက်ဆိုင်မှ သောက်စားပြန်လာချိန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။ တားဆီးစစ်ဆေးမှုကို လက်မခံသည့် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက ရဲဘော်များအား ကိုယ်ထိလက်‌ရောက် ခုခံသောကြောင့် အဆိုပါနေရာတွင် ပစ်ခတ်စီရင်ခဲ့ရကြောင်း အသိပေးသည်။ ထို့အပြင် Non CDM ကျန်းမာ‌ရေး၀န်ထမ်း သုံးဦးကိုမူ စစ်အာဏာရှင်လက်‌အောက်တွင် ဆက်လက်မလုပ်ကြရန် မှာကြားပြီ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။ တပ်ကြပ်ကြီးအောင်ကြည်ဆန်းထံမှ ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့် ဆိုင်ကယ်တစ်စီးသိမ်းဆည်းရရှိခဲ့သည်ဟု…

  • မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်

    မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်

    မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။ မြို့သာရဲစခန်းမှာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့် ဖြည့်တင်းထားတဲ့အတွက် လက်လုပ် 3 Kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1 Kg ဒရုန်းဗုံးသီး ၆ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်တယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို…

  • ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန် ရွှေဘိုမြို့ နယ်အုပ်ချုပ်ရေးမှူး ကျော်နိုင်၊…

  • လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ

    လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ

    ရက္ခိုင်-ပဲခူးတိုင်းအစပ်နှင့် ရက္ခိုင်-ဧရာဝတီတိုင်းအစပ် စစ်စခန်းသုံးခုကို AA ဆက်တိုက်သိမ်းပိုက် ရက္ခိုင်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးနေရ ရက္ခိုင်ရိုးမပေါ် ရက္ခိုင်ပြည်-ပဲခူးတိုင်းအစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ရက္ခိုင်ပြည်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးလျှက်ရှိကြောင်း အာရက္ခတပ်တော်(AA)က ဇန်နဝါရီ ၂၇ ည သန်းခေါင်းယံတွင် ထုတ်ပြန်အသိပေးသည်။ AA သည် ရက္ခိုင်ရိုးမတောင်တန်းတလျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့စဥ်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။ ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်းတနည်းအားဖြင့် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် AA ကစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ငါးရက်ခန့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ယင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။…

  • စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း

    စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း

    ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်တွင် အမျိုးသမီး စစ်မှုထမ်းစာရင်း ကောက်ယူရာတွင် အိမ်ထောင်သည် ကိုယ်ဝန်ဆောင် အမည်များကိုပါ ထည့်သွင်း၊ အမျိုးသားလူငယ် ၆၀ ကို စစ်မှုထမ်းရန် ဆင့်ခေါ် ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက်မှ လူငယ် ၆၀ ဦးကို အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဆင့် ခေါ်စာများ ပေးပို့ခဲ့ပြီး အမျိုးသမီး စစ်မှုထမ်းစာရင်းတွင် ကိုယ်ဝန်ဆောင်သည်များ၏ အမည်စာရင်းပါ ပါဝင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် အုပ်ချုပ်ရေးမှူး ညီညီထွေးနှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး လူငယ်များကို စစ်မှုထမ်းရန် ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်ခဲ့ပြီး ၂ ရပ်ကွက်ပေါင်း လူငယ် ၆၀ ဦးကို ဆင့်ခေါ်စာပေးပို့ခဲ့ကြောင်း သိရသည်။…