မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။
မြို့သာရဲစခန်းမှာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့် ဖြည့်တင်းထားတဲ့အတွက် လက်လုပ် 3 Kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1 Kg ဒရုန်းဗုံးသီး ၆ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း ဦးဆောင်ပြီး မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃နဲ့ ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရဲစခန်းတိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းကျင်ရှိ ပြည်သူပိုင်နေအိမ် တွေနဲ့ ဘီယာဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Leave a Reply