Tag: News
-

တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း၊ တမူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးပြီး ခုခံနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ဇန်နဝါရီ ၂၇ ရက်ကစ၍ ဇန်နဝါရီ ၂၉ ရက်အထိ တမူးမြို့နယ် ကျွန်းပင်သာနှင့် မင်းသာကျေးရွာတို့ရှိ စစ်ကောင်စီအထိုင်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဟု ဆိုသည်။ “တိုက်ပွဲက တမူးမြို့အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာရွာမှာ ဖြစ်နေတာ။မနေ့က ရှမ်းနီတပ်မတော်SNAက အရာရှိတစ်ယောက် အပါအဝင် စကစ ပူးပေါင်းတပ်ဖွဲ့တွေ သေဆုံးတာတွေရှိတယ်။နှစ်ဖက်ထိခိုက်မှု များတယ်လို့ကြားတယ်”ဟု တမူးခရိုင် စစ်ရေးနှင့်ဆက်စပ်သူတစ်ဦးက ပြောသည်။ ကျွန်းပင်သာနှင့် မင်းသာကျေးရွာတွင် စစ်ကောင်စီတပ်၊ ကသဲ၊ SNA နှင့် နာဂပြည်သူစစ် စုစုပေါင်း အင်အား ၆၀၀ခန့်ဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။ ကျွန်းပင်သာကျေးရွာရှိ စစ်ကောင်စီစခန်းများကို သိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်နေသည်။ “မနေ့ညက မင်းသာတိုက်ပွဲကို ဂျက်ဖိုက်တာနဲ့လာပစ်တာ…
-

ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေ
ရန်ကုန်မြို့တွင် လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်ပြည်သူ အရေ အတွက် စစ်ကောင်စီက စတင်ကောက်ယူနေပြီး တော်လှန် ရေးတပ်ဖွဲ့နှင့် ဆက် နွယ်သူများကိုပါ စိစစ် ဖမ်းဆီးရန်ရှိနေ မြန်မာနိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ လာရောက် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်အရေအတွက်ကို အကြမ်းဖက် စစ်ကောင်စီက စတင်ကောက်ယူနေကြောင်း လှိုင်သာယာမြို့နယ်အနောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။ ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးတိမ်းရှောင်လာသူများကို ထောက်ပံ့မည်ဟုဆိုကာ အိမ်ထောင်စု လူဦး ရေ စာရင်းများ လိုက်လံကောက်ခံနေပြီး တော်လှန်ရေးနှင့် ပတ်သက် ဆက်နွယ်သူများကိုပါ တစ်ပါတည်း စိစစ် ဖမ်းဆီးရန် ရှိနေကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ပေါ်ကို ဒေသ အသီးသီးမှ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများ၏ အိမ်ထောင်စု…
-

မြေပုံမြို့နယ်တွင် လင်ယောင်္ကျားဖြစ်သူက မိန်းမကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား
(ဒေသအာဏာပိုင်အဖွဲ့က ကူညီဖြေရှင်းဆောင်ရွက်ပေးရန် မိသားစုဝင်များ လိုလားနေ) ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်အုပ်စု လဟာကြီးကျေးရွာမှာ လင်ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူကို ရိုက်နှက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ အိမ်ထဲ ပိတ်လှောင်ထားကြောင်း စုံစမ်းသိရသည်။ အမျိုးသားဖြစ်သူမှ ၎င်း၏ ဇနီး ဖြစ်သူအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးနှက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းကြောင့် အပြင်ဒဏ်ရာများအပြင် အတွင်းဒဏ်ရာများမှာ ပြင်းထန်စွာ ရရှိထားပြီး လမ်းမလျောက်နိုင်ဘဲ အိပ်ရာထဲ လဲနေရသည်။ အသက် ၄၃ နှစ်အရွယ် လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ (ခေါ်) မောင်ထွန်းဝင်းမှ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်မေသန်းကို မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို ရိုက်နှက်ထားသည်ဟု ဒေါ်ခင်မေသန်း၏ မောင်ဖြစ်သူက ပြောပြသည်။ “ခန္ဓာကိုယ်တကိုယ်လုံးမှာ…
-

ရွှေဘို၊ တည်သီးတောရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ချောင်းဦးမြို့ပေါ်တွင်လည်း စစ်တပ် အင်အား အများအပြား ရောက်ရှိနေ၍ ပြည်သူများ ဂရုပြုနေထိုင်ကြရန် အသိပေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတော ပျူစောထီးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သူဦးကြီးများအဖွဲ့ – PDFက တာဝန်ရှိသူတစ်ဦးက သို့ပြောဆိုသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တည်သီးတော ပျူစောထီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျုစောထီးများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိသည်။ အဆို တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် PDO Drone တပ်ဖွဲ့နှင့်အတူ တောင်သူဦးကြီးများအဖွဲ့…
-

လပခ လုံခြုံရေးကြောင့်ဆိုပြီး မန္တလေးမြို့လယ်မှာအထပ်မြင့်တိုက်ဆောက်ခွင့် စစ်ကောင်စီတားမြစ်
မန္တလေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေဆီကစုံစမ်းသိရပါတယ်။ မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆ လမ်းကနေ ၅၆ လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း ၉၀ အထိ၊တောင်ဘက် ၂၆ လမ်းကနေ ၃၅ လမ်းအထိ၊မြောက်ဘက်၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။ မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။ အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊ ၅၁ လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊ ၅၃ အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။ လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်တဦးဆီ မေးကြည့်တဲ့အခါ “ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့ပြောပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့…