မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆ လမ်းကနေ ၅၆ လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း ၉၀ အထိ၊တောင်ဘက် ၂၆ လမ်းကနေ ၃၅ လမ်းအထိ၊မြောက်ဘက်၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်​ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။

မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။

အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊ ၅၁ လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊ ၅၃ အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။

လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်​တဦးဆီ ​​မေးကြည့်တဲ့အခါ “ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့​ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ စက်တင်ဘာလက ပစ်ခတ်ခံခဲ့ရတာပါ။

အဲဒီနောက်ပိုင်း တနေ့ကို ၅ ကြိမ်လောက်အထိ နေ့ရော၊ညပါ မန္တလေးကျုံးဘေးပတ်လည်လူနေရပ်ကွက်တွေကို ကင်းထောက်လေယာဥ်နဲ့ စစ်ဆေးတာတွေရှိတယ်လို့မြို့ခံတွေကပြောပါတယ်။

(မန္တ​လေးကျုံးအနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ)


Leave a Reply

Your email address will not be published. Required fields are marked *