Tag: News
-

မုံရွာမှာ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ယောက် သေ၊ စစ်အုပ်စု ထွက်ပြေးလို့ ရိက္ခာတွေ သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း မုံရွာမြို့ တောပုရွာ ပျူစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ဇန်နဝါရီလ ၂၂ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်အုပ်စု နှစ်ယောက် သေပြီး တချို့ ဒဏ်ရာရကာ ထွက်ပြေးလို့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်း ရရှိတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ ၂ က သတင်း ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၂ရက် မနက် ၈နာရီခွဲက မုံရွာမြို့နယ်၊ တောပုရွာ ပျူစခန်းကနေ ညောင်ဖြူပင်ရဲစခန်းဘက် ရိက္ခာနဲ့ ခိုးရာပါ ပစ္စည်းတွေ ပို့ဆောင်ဖို့ တောပုရွာဘက်က လာတဲ့ စစ်အုပ်စုနဲ့ ပျူ ၂၅ ယောက်၊ ညောင်ဖြူပင်ရွာဘက်က ထွက်လာတဲ့ စစ်အုပ်စုနဲ့ပျူ ၂၅ ယောက်တို့ကို နှစ်လုံး ပဒေသာမိုင်း နှစ်ပွိုင့်နဲ့…
-

အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းဆောင်ရန် အမျိုးသမီးများကိုပါ စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြားရှိ စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူခဲ့ကြောင်း သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးထံက သိရသည်။ “မိန်းမတွေကိုပါ စာရင်းတွေကောက်နေပြီ။ စာရင်းထဲတွေ့လိုက်တာ အယောက် ၂၀ လောက်ရှိတယ် “ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် သာကေတမြို့နယ်၊ တာမွေမြို့နယ်တို့ရှိ ရပ်ကွက်နှင့် လမ်းအချို့တွင်လည်း စစ်မှုထမ်း ဆောင်ရမည့်အမျိုးသမီးများစာရင်းကို ကောက်ယူသွားကြောင်း ဒေသခံများထံက သိရသည်။ သာကေတမြို့နယ်ရှိ အချို့ရပ်ကွက်များတွင် စစ်မှုထမ်းဆောင်ရမည့် အမျိုးသမီးများစာရင်းကို ရပ်ကွက် ရုံးများ၌ စာရွက်နှင့်ကပ်ထားပြီး စစ်မှုထမ်းဆင့်ခေါ်စာ…
-

အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေး ကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် ဆွေးနွေး ပြောဆိုလျာထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ သက်တမ်းကုန်မည့် အကြမ်းဖက်စစ်ကောင်စီကို ယာယီသမ္မတ ခံယူထားသော အကြမ်း ဖက်မင်းအောင်လှိုင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုမူ ယခု ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်ရန်…
-

တောင်ပိုင်းစစ်ဒေသ၌ တော်လှန်ရေးတပ်များကတစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၆ ကြိမ် တိုက်ခိုက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသတွင် တပတ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးသတင်းအကျဉ်းချုပ်အား ယနေ့ (ဇန်နဝါရီ ၂၅ရက်)တွင် ထုတ်ပြန်ခဲ့ရာ တော်လှန်ရေး ပူးပေါင်းတပ်များက စစ်ကောင်စီတပ်အား ၁၆ကြိမ်တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးသည်။ ဇန်နဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ ၇ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်း၍ စစ်ကောင်စီတပ်အား (၁၆) ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။ တစ်ပတ်အတွင်းတိုက်ပွဲများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ကြောင်း အသိပေးသည်။ တိုက်ပွဲများအနက် ဇန်နဝါရီ ၂၃ ရက်က ဖြစ်ခဲ့သည့် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်…
-

နိုင်ငံကျော်အဆိုတော် မာရဇ္ဇရဲ့ ဈာပနမြင်ကွင်း
ကျောက်ကပ်ရောဂါနဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းက ကွယ်လွန်ခဲ့တဲ့ အဆိုတော် မာရဇ္ဇ (ခ) ကိုသိန်းဇော်ရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ဒီကနေ့မှာ ကျင်းပခဲ့ပါတယ်။ ဈာပနအခမ်းအနားမှာ အဆိုတော် မာရဇ္ဇကိုချစ်တဲ့ ပရိသတ်တွေနဲ့ ဂီတညီအစ်ကိုမောင်နှမတွေက သူ့ရဲ့ နောက်ဆုံးခရီးကို လာရောက်ပို့ဆောင်တာကို တွေ့ရပါတယ်။ နိုင်ငံကျော် တီးဝိုင်းတစ်ခုဖြစ်တဲ့ iron cross တေးဂီတအဖွဲ့ရဲ့ မန်နေဂျာ ဦးကိုကိုလွင်ကလည်း အဆိုတော် မာရဇ္ဇ ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။ “ညီအစ်ကိုလို ရင်းနှီးခဲ့ရသူမို့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်၊ အနုပညာနဲ့ပတ်သက်ရင် တော်တော်ခေါင်းမာပြီး သူ ယုံကြည်ရာကို သူ လုပ်တဲ့သူပါ။ အောင်မြင်ကျော်ကြားတဲ့သီချင်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ တေးရေး၊ တေးဆိုတစ်ယောက်မို့ နှမြောမိပါတယ်” အဆိုတော်…