Tag: News
-

မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မင်းတုန်းမြို့နယ်၊ ကန်မနိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ ၊ ကပစ ၁၂ နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ပါ စစ်ကြောင်းက မြောက်ပြင်ကျေးရွာ ဘုန်း ကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော…
-

မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်
ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ…
-
ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ
ပုသိမ် ခလရ ၁၁ မှ ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ ဂွ-ငါးသိုင်းချောင်းတိုက်ပွဲတွင် ထွက်ပြေးသည့် ခလရ ၁၁ ၏ တပ်ရင်းမှူးဖြစ်သူကို သာပေါင်းမြို့နယ် အထက်ခြမ်း ခွေးကုပ်ရွာအုပ်စု အနန်းကုန်းသို့ ပို့လွှတ်တာဝန်ပေးထားကြောင်း သိရသည်။ ခလရ ၁၁ တပ်ရင်းမှူးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါဝင်သည့် စစ်သုံးဖောကားတစ်စီး နှင့် အတူ ဆိုင်ကယ် သုံးစီး၊ စစ်ကောင်စီတပ်သား ခြောက်ဦးတို့ဖြင့် အနန်းကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နောက်ထပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာ၍ ဦးစီးကွပ်ကဲနေကြောင်း သိရသည်။ “ခွေးကုပ်အုပ်စုက ကြံ့ဖွံသိန်းထွန်းအပိုင်၊ အနန်းကုန်းကျေးရွာထဲကို အင်အား…
-

သာပေါင်းမြို့ထဲ AA ဝင်ရောက်လာမည်စိုး၍ အင်အားဖြည့်တင်းရန် စက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေး
AA ၏ထိုးစစ်မှာ သာပေါင်းမြို့နယ်အတွင်းထိ ရောက်ရှိလာပြီး ထိုးစစ်အရှိန်မြှင့်တင်လာသည့်အတွက် အင်အားလိုအပ်ချက်အရ သာပေါင်းစက္ကူစက်ရုံမှ ဝန်ထမ်းများကိုပါ စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။ အခြေခံစစ်ပညာသင်တန်းကို စက္ကူစက်ရုံမှ ဝန်ထမ်းများဖြင့် ပြည်သူ့စစ်အရေးပေါ်ဖွဲ့စည်းပြီး ဖေဖေါ်ဝါရီ ၃ ရက်နေ့တွင် ခလရ ၃၀၈ မှစစ်သင်တန်းလာရောက်ပေးနေကြောင်း သိရ သည်။ “စက်ရုံကာကွယ်ရေးအတွက်ဆိုပြီး စစ်သင်တန်းလာပေးတာ မလုပ်တော့မလုပ်ချင်ဘူးပေါ့။ ဒါပေမဲ့ ကုမ္ပဏီဝန်ထမ်းဆိုတော့ သူတို့ခိုင်းတာလုပ်နေရတာပဲ။ တကယ်လာတိုက်ရင် ဝါရင့်စစ်သားတွေတောင်ပြေးနေကြတာ။ ကျုပ်တို့လည်း မဟန်ရင်တော့ အသေမခံဘူး လွတ်အောင်တော့ပြေးရမှာပဲ။ ခက်တာက စက်ရုံလုံခြုံရေးဆိုပြီး ရှေ့တန်းပို့မှာစိုးရိမ်နေကြတယ်”ဟု စက္ကူစက်ရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လည်ပိုင်းအထိ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးဒေသတို့တွင် တိုက်ပွဲများပြင်းထန်နေပြီး သာပေါင်းမြို့နယ် ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီအင်အား ၁၀၀…
-
စစ်တွေမြို့အဝင်က စစ်ကောင်စီ ဂိတ်စခန်းအချို့ကို AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်
ရခိုင်ပြည်၊ စစ်တွေမြို့အဝင် ဟိုက်ဝေးလမ်းမပေါ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းအချို့ကို အာရက္ခတပ်တော် AA က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်တွေမြို့ခံ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အာရက္ခတပ်တော် AA မှ စစ်တွေမြို့အဝင်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအား စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ တစ်လနီးပါး ရှိလာနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “စစ်တွေမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေက ရန်ကုန်-စစ်တွေ ဟိုက်ဝေးလမ်းမပေါ် ဘေးတစ်ဖက်တစ်ချက်စီမှာ ရှိတယ်။ အဓိက ပါဒလိတ်၊ အမြင့်ကျွန်း၊ ရွှေမင်းဂံ စတဲ့ နေရာတွေကို AA က အဓိက တိုက်ခိုက်နေတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA က စနိုက်ပါပစ်ခတ် တိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့်လည်း ကုလားတန်မြစ်ဝရှိ စစ်ကောင်စီ ရေတပ်သင်္ဘော (စစ်သင်္ဘော) များကို…