📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်

—

by

in

ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။

အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

OR က မြန်မာနိုင်ငံကို တစ်လ လောင်စာဆီ လီတာ ၁၅ သန်းကနေ သန်း ၂၀ အထိ တင်ပို့နေတယ်လို့ ဖော်ပြပါတယ်။ ဒီလောင်စာဆီတွေကို မြ၀တီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေကို ရောင်းချပေးနေတာလို့ ဆိုပါတယ်။

OR ရဲ့ လောင်စာဆီတွေကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အနီး နယ်စပ်ဂိတ်ကတစ်ဆင့် တင်ပို့နေတာလို့ ဖော်ပြပါတယ်။

NSC က မြန်မာနယ်စပ်ကို လောင်စာဆီဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်မချမီ ထွက်ခွာသွားတဲ့ လောင်စာဆီကားတွေဟာ လက်ရှိ မဲဆောက်နယ်စပ်ဂိတ်မှာ ဖြတ်သန်းခွင့်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခြေအနေကို စောင့်ကြည့်နေပြီး နယ်စပ်ဂိတ်က ထွက်ခွာခွင့်မရရင် ဖောက်သည်တွေကို ချက်ချင်း အကြောင်းကြားသွားမယ်လို့ OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောကြားထားပါတယ်။

တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှေ့တွင် စစ်ဆေးမှုများ ပြုလုပ်ရန် စောင့်ဆိုင်းနေသည့် လောင်စာဆီကားများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Lillian SUWANRUMPHA / AFP)

လျှပ်စစ်မီးဖြတ်တောက်မှု မြန်မာဘက်က မတုံ့ပြန်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ပြော

ထိုင်း-မြန်မာနယ်စပ်က နေရာငါးခုကို လျှပ်စစ်မီးဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မြန်မာကို အသိပေးခဲ့ပေမဲ့ တုံ့ပြန်မှုမရှိဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီး ဖွန်သမ် ဝဲချ ရာချိုင် (Phumtham Wechayachai) က ပြောကြောင်း မလေးရှားသတင်း The Star က ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဘက်ကို ဖေဖော်ဝါရီ ၄ ရက်နေ့ညက တရားဝင် အသိပေးခဲ့ပေမဲ့ တုံ့ပြန်မှုမရှိခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လျှပ်စစ်မီးပြတ်တောက်မှုအတွက် မီးစက်တွေအသုံးပြုဖို့ ပြင်ဆင်နေတာကို ထိုင်း ထောက်လှမ်းရေး အေဂျင်စီတွေက သိရှိထားပြီးဖြစ်တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ ထိုင်း စွမ်းအင်ဝန်ကြီးဌာနက မြန်မာနယ်စပ်တစ်လျှောက် ၅၉ နေရာမှာ လောင်စာဆီရောင်းချမှုကို ပြန်လည်ထိန်းညှိသွားမှာ ဖြစ်တာကြောင့် ရာဇဝတ်လုပ်ငန်းတွေ ရေရှည်လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါက မြန်မာနိုင်ငံသားတွေနဲ့ ဆေးရုံတွေကို ထိခိုက်မှုရှိနိုင်ပေမဲ့ လိမ်လည်မှုတွေကြောင့် ထိုင်း နိုင်ငံသားတွေရဲ့ ငွေကြေးအမြောက်အများ ဆုံးရှုံးနေရမှုကို ဦးစားပေးဖို့ထက် ထိုင်းနိုင်ငံမှာ ရွေးချယ်စရာမရှိဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံကသာ သူတို့ရဲ့ ဆေးရုံတွေနဲ့ စီးပွားရေးအတွက် စိုးရိမ်တယ်ဆိုရင် ဒီရာဇဝတ်ဂိုဏ်းတွေကို နိုင်ငံတွင်း လုပ်ကိုင်ခွင့်မပေးသင့်ဘူးလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားကြောင်း The Star က ဖော်ပြပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်