Tag: News
-

မြန်မာစစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ဖွယ်မရှိဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ပြော
မြန်မာနိုင်ငံတွင် စစ်တပ်က ကမကထပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံက စောင့်ကြည့်လေ့လာရေး စေလွှတ်ဖွယ်မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ထုတ်ဖော်ပြောဆိုသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က ပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today (FMT) က သတင်းဖော်ပြသည်။ မြန်မာစစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် အာဆီယံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန် သဘောတူသည်ဟု သတင်းထုတ်ပြန်ခဲ့မှုအပေါ် သတင်းထောက်များက မေးမြန်းစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား စစ်တပ်၏ ရွေးကောက်ပွဲသို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်၊ မစေလွှတ်ကို ဆွေးနွေးရဦးမည်ဖြစ်ကြောင်း၊ သို့ရာတွင် စေလွှတ်ဖွယ်မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ “အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမယ့် အာဆီယံက…
-
ဧရာဝတီတိုင်း တိုက်ပွဲများ၌ ဒဏ်ရာရစစ်သား များပြားသဖြင့် ယာယီဆေးရုံပြုလုပ် ကုသနေရ
ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က စစ်သားတွေ ဒဏ်ရာရရှိမှု များပြားတာကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်ထဲက စစ်ဆေးရုံမှာ ဆေးကုသနေရတဲ့ လူနာပြည့်တဲ့အထိ ဖြစ်နေလို့ အားကစားကွင်းထဲမှာ ယာယီဆေးရုံဆောက်ပြီး ကုသနေရတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ၊ သာပေါင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အောက်တိုဘာလ ပထမအပတ်က စတင်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ရှိ ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ-၄ အတွင်းကို ပို့ဆောင်ကာ ဆေးကုသနေရတဲ့ ဒဏ်ရာရရှိသူတွေ များပြားလွန်းတာကြောင့် ဆေးကုသဖို့နေရာ မလုံလောက်တဲ့အထိ ဖြစ်နေတာလို့ သိရပါတယ်။ ပုသိမ်ဆေးတပ်ရင်းနဲ့ နီးစပ်သူတယောက်က “ဒဏ်ရာရစစ်သား များလို့ပါ။ တိုင်းအတွင်း…
-

သီပေါနှင့် ၃ မိုင်ခန့်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာ
ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင်၊ သီပေါမြို့နဲ့ ၃ ခန့်မိုင်အကွာအထိ စစ်ကောင်စီစစ်ကြောင်း ရောက်ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံ အမျိုးသမီးတယောက်က “ကျောက်မဲဘက်က စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာလ ၁၃ ရက်ည နားခဲမှာ အနားယူတယ်။ ဘော်ကြို ကျော်ပြီ” လို့ ပြောပါတယ်။ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းတွေ ဘော်ကြိုရွာကို ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဒေသခံ အမျိုးသားတယောက်က “စစ်တပ်က ဘော်ကြိုရောက်ပြီ။ ကျောက်မဲကို မဝင်ခင် ၃ ရက်လောက်ကတည်းက TNLA ဘက်က အခွံပဲ ချန်ထားတဲ့သဘော။ လူတချို့ပဲချန်ခဲ့ပြီး ပြောင်းသွားတာ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်ကတည်းက စစ်တပ်က အရာရှိတွေ ဘော်ကြိုရွာရောက်ပြီလို့ ပြောတာ…
-

မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်
မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေ၊ အရပ်ဘက်သို့ စစ်ဘက်မှ အရာရှိအများအပြား ဆက်တိုက် ပြောင်းရွှေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို သံအမတ်အဖြစ် ခန့်အပ်လိုက်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့၏ ပြောဆိုချက်၊ စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းများ အရ သိရှိရသည်။ ကြည်းတပ်မှ ဗိုလ်ချုပ်နေမျိုးဦး၊ လေတပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံအမတ်ကြီးအဆင့်ဖြင့် အရပ်ဘက် သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိသော စစ်တပ်အရာရှိကြီးတချို့ကို အရပ်ဘက်သို့ အကြီးအကဲများအဖြစ် ပြောင်းရွှေ့ခြင်းတွင် ပါဝင်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။ “တပ်မှာ ရွေးကောက်ပွဲဝင်ဖို့…
-
ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ် အထိနာနေ
မွန်ပြည်နယ် ရေးမြို့နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က အထိနာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ကစလို့ ရေးမြို့နယ်ရဲ့ စံပြ၊ အောင်သပြေ၊ ကနင်ကမော့နဲ့ ဘေးလမိုင်းကျေးရွာအနီး ပတ်ဝန်းကျင်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က မနက်ပိုင်းက အောင်သပြေနဲ့ဘေးလမိုင်းကျေးရွာအနီးမှာ စစ်ကော် မရှင်တပ် စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အထိနာသွားတာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ တိုက်ခိုက်မှုပြီးနောက် စစ်ကောင်မရှင်တပ်ဟာ မော့ကနင်ကျေးရွာဘက်ကို ပြန်ဆုတ်သွားမယ်လို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ရေး – ထားဝယ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ…