📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်

မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်များကို သံအမတ်အဖြစ် ခန့်အပ်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေ၊ အရပ်ဘက်သို့ စစ်ဘက်မှ အရာရှိအများအပြား ဆက်တိုက် ပြောင်းရွှေ့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်များကို သံအမတ်အဖြစ် ခန့်အပ်လိုက်ပြီး စစ်အရာရှိတချို့ကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများအဖြစ် ပြောင်းရွှေ့နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်တို့၏ ပြောဆိုချက်၊ စစ်တပ်က ထုတ်ပြန်သော ပြန်တမ်းများ အရ သိရှိရသည်။

ကြည်းတပ်မှ ဗိုလ်ချုပ်နေမျိုးဦး၊ လေတပ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံအမတ်ကြီးအဆင့်ဖြင့် အရပ်ဘက် သို့ ပြောင်းရွှေ့လိုက်ကြောင်း၊ ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိသော စစ်တပ်အရာရှိကြီးတချို့ကို အရပ်ဘက်သို့ အကြီးအကဲများအဖြစ် ပြောင်းရွှေ့ခြင်းတွင် ပါဝင်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

“တပ်မှာ ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိ၊ မရှိ မေးတယ်။ အဲဒီအထဲက ရွေးကောက်ပွဲ ဝင်ဖို့ ဆန္ဒမရှိရင် အရပ်ဘက်ဌာနဆိုင်ရာ အကြီးအကဲတွေ သံအမတ်တွေ အဖြစ်​ ပြောင်းပေးတယ်။ စစ်တပ်မှာလည်း သူတို့ကို လဲပြီး သွေးသစ်လောင်းတယ်။ အရပ်ဘက်ကို လိုချင်တဲ့နေရာ ရာထူးကိုလည်း အဆိုပြုခွင့်ပေးတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်အတွင်း ဗိုလ်ချုပ်ကြီးအဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ အနားပေးခြင်းနှင့် အပြောင်းအရွှေ့များရှိနေပြီး ဗိုလ်ချုပ်နေမျိုးဦးနှင့် ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့မှာ ရှေ့၍ ရာထူးတိုးရန် မရှိတော့သဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဗိုလ်ချုပ်နေမျိုးဦးကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၄ ကလို့ သိရပါတယ်။ လေတပ်က ဗိုလ်မှူးချုပ်ကတော့ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှာ လုပ်ဖူးတယ်။ ပြီးရင် မကွေးလေတပ်စခန်းဌာနချုပ်မှူးလည်း လုပ်ဖူးတယ်ဆိုတာပဲ တွေ့ရပါတယ်ဗျ။ ကျန်တဲ့ ဟာတော့ မရှိပါဘူး။ ဗိုလ်မှူးချုပ် ၊ ဗိုလ်ချုပ် Level ကတော့ ရှေ့ဆက်ပီ့း မတက်တော့ဘူး။ ဒါ သံအမတ်ပေါ့ အရင်တုန်းကဆိုရင်တော့ စစ်သံမှူးပေါ့ ။ ဒါပေမဲ့ မင်းအောင်လှိုင် စစ်အစိုးရလက်ထက်မှာတော့ သူတို့ရဲ့ Game ball နေရာတွေမှာ စစ်သံမှူးထက်မြင့်တဲ့ သံအမတ်တွေ ဖြစ်သွားတဲ့ အနေအထားပေါ့။ သူတို့ကို ချွေးသိပ်လိုက်တဲ့ နေရာတွေလို့ပဲ ပြောရမှာပေါ့ ။ နောက်မို့ဆို စစ်သံမှူးနဲ့ ဂိမ်း သွားမှာပေါ့ ။ ဒါ အရပ်သား အစိုးရလက်ထက်မှာဆိုရင်တော့ သံအမတ်မခန့်ဘူးပေါ့။ စစ်သံမှူးနဲ့တင် ပြီးသွားတာ။ အခုတော့ ဒီလိုမျိုး သံအမတ်တွေက တောက်လျှောက် သူတို့ အစိုးရ တက်နေသရွေ့ကတော့ သံအမတ်တွေကလည်း သူတို့ လူတွေပဲ ထားသွားမယ့် အနေအထားမျိုးတွေ့ရပါတယ်ဗျ။ အခု ဒီလာဦးမှာ။ အခု ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီးတွေ နောက်ပိုင်း အနားပေးမယ့် လူတွေ အတော်များများက စစ်သံမှူး ၊ သံအမတ်တွေနဲ့ပဲ လွှတ်ပေးလိုက်မှာ။ နိုင်ငံခြားသွားခွင့် တရားဝင်ပေါ့။ အထဲထဲမှာ နေနေရင် လာပြီးတော့ သူတို့အချင်းချင် လာပြောမှာ စိုးလို့ ဝေးဝေးကို တောက်ပေးလိုက်တဲ့ သဘောမျိုးပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

အလားတူပင် တပ်မတော်(ကြည်း)မှ ဒုတိယဗိုလ်မှူးကြီး ဝင်းလွင်ဦးကို အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ဗိုလ်ကြီး မင်းသူကို မန္တလေးစည်ပင်ဌာနမှူးအဖြစ်လည်းကောင်း၊ အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးမှ ဗိုလ်မှူး ဇေယျာစိုးကို ရွေးကောက်ပွဲကော်မရှင်တွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ စစ်ဘက်မှ အရာရှိကြီးနှင့် အရာရှိငယ် ၄၀၀ ကျော်ကို အရပ်ဘက်ဝန်ကြီးဌာနများတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာရှိများအဖြစ် မင်းအောင်လှိုင်က ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်