Tag: News
-

တောင်သာနယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုဗုံးကြဲတာမှာ နေပြည်တော်ညွှန်ချုပ်ပိုင်ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ရုံးစည်ကြီးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲပစ်ခတ်လို့ နေ ပြည်တော်ညွှန်ချုပ်မိသားစုပိုင်တဲ့ ကုန်စုံဆိုင် ထိမှန်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ ရုံးစည်ကြီးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်အုပ်စုက ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းမှာ လေကြောင်းကနေ ခြောက် ကြိမ်ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားခဲ့လို့ စစ်အုပ်စု ဗိုလ်မှူးကြီးအငြိမ်းစားရဲ့ ညီဖြစ်သလို နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ်မိသားစု ပိုင်ဆိုင်တဲ့ ကုန်စုံဆိုင်ပါ ဗုံးသီးထိမှန်ပြီး မီးလောင်ပျက်စီးသွားခဲ့တာလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာကလည်း ဆိုပါတယ်။ “တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အဲဒီ ရုံးစည်ကြီးရွာထဲကနေ ရဲဘော်တွေက ဖြတ်သွားတာပေါ့။ အဲဒါသတင်းရပြီး တော့ ညနေခင်းလောက်မှာ လေယာဉ်နဲ့ ခြောက်ကြိမ် ဗုံးလာကြဲသွားတာ” လို့ တောင်သာနယ်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့တဲ့…
-

ခြံအမှတ် (၅၄) တတိယအကြိမ်လေလံပွဲ ဝယ်ယူသူမရှိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပါဝင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းက တတိယအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။ လေလံပွဲကို ခြံအမှတ် (၅၄) ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းကို ကမာရွတ်ခရိုင်တရားရုံးက သတ်မှတ်ပေးထားသည့် ကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံဖြင့် လေလံပစ်ခဲ့ခြင်းဖြစ်သည်။ လေလံပွဲမအောင်မြင်သည့်ကိစ္စ မနက်ဖြန် (ဖေဖော်ဝါရီ ၆) တွင် လေလံအရာရှိက တရားရုံးတွင် အစီရင်ခံစာတင်သွင်းရန်ရှိကြောင်းလည်း တရားရုံးနှင့်နီးစပ်သူ တဦးက ပြောသည်။ အဆိုပါခြံကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအတွင်းက လေလံကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ၊ ဩဂုတ်လအတွင်းက ကျပ် ၃၀၀ ဘီလီယံတို့ဖြင့်…
-
ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်
မြောင်းမြတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျွန်းထိပ်ကျေးရွာအတွင်း စစ်မှုထမ်းကြေး ကောက်ရာ၌ ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံတတ်သော အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ဆိုင်ကယ်ဖြင့် ထောင့်ကြီး-မြောင်းမြ လမ်းအတိုင်း သွားလာနေစဉ် အမည်မသိ လူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး…
-

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး
စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းရန်နှင့် ပြဿနာများ မဖြစ်ပွား စေရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၄ နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ၎င်းက လိုင်ဇာTV မှတစ်ဆင့် အထက်ပါအတိုင်း ပြောဆိုသတိပေးလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်အဖွဲ့များအကြား ပြဿနာမဖြစ်ပွားစေရေးနှင့် အချင်းချင်း ကူညီရိုင်းပင်းရေး သတိပြုကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသည်။ “လက်နက်ကိုင် တော်လှန်နေကြသူများ ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းနိုင်ဖို့က အဓိကဖြစ်ပါတယ်။…
-

သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်
ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက ထပ်မံသိမ်း ပိုကိနိုင်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိနှင့်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကျားခေါင်းက ဒေသအခေါ်ချောင်းဖျားလို့လည်းခေါ် ကြတယ်။ အဲဒီကနေ ငါးသိုင်းချောင်း ရေကြည် ဘက်ကို တက်လို့ရတယ်။ ဘောမိကနေ အဲဒီမှာဆက်ပြီးတိုက်ပွဲဖြစ်နေတာ။ ခုအဲဒီစခန်းကျ သွားပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သည်အများအပြား ထိခိုက် သေဆုံးမှု များပြီး ဒဏ်ရာရရှိသူများကို ပုသိမ်…