📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ခြံအမှတ် (၅၄) တတိယအကြိမ်လေလံပွဲ ဝယ်ယူသူမရှိ

—

by

in

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပါဝင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းက တတိယအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

လေလံပွဲကို ခြံအမှတ် (၅၄) ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းကို ကမာရွတ်ခရိုင်တရားရုံးက သတ်မှတ်ပေးထားသည့် ကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံဖြင့် လေလံပစ်ခဲ့ခြင်းဖြစ်သည်။

​လေလံပွဲမ​​အောင်မြင်သည့်ကိစ္စ မနက်ဖြန် (​ဖေ​ဖော်ဝါရီ ၆) တွင် ​လေလံအရာရှိက တရားရုံးတွင် အစီရင်ခံစာတင်သွင်းရန်ရှိ​ကြောင်းလည်း တရားရုံးနှင့်နီးစပ်သူ တဦးက​ ပြောသည်။

အဆိုပါခြံကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအတွင်းက လေလံကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ၊ ဩဂုတ်လအတွင်းက ကျပ် ၃၀၀ ဘီလီယံတို့ဖြင့် နှစ်ကြိမ်တိုင်လေလံပစ်ခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့သည့်အတွက် ဈေးနှုန်းထပ်မံလျှော့ချပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ခြံအမှတ် (၅၄) အမှုတွင် အနိုင်ရရှိခဲ့သည့် ဦးအောင်ဆန်းဦးဘက်က ယခုတခေါက်တွင် ကြမ်းခင်းဈေးကို ကျပ် ၂၉၀ ဘီလီယံအထိလျှော့ချရန် တင်ပြခဲ့သော်လည်း တရားရုံးက ကျပ် ခုနစ်ဘီလီယံတိုးပြီး သတ်မှတ်ပေးခဲ့သည်။

ခြံအမှတ်(၅၄) လေလံမအောင်မြင်ရခြင်းမှာ လေလံဈေးနှုန်း မြင့်မားနေခြင်းနှင့် သမိုင်းဝင်နေရာတခုဖြစ်နေသည့်အတွက် အားလုံးက မဝယ်ယူရဲခြင်းကြောင့်ဟု ဥပဒေရေးရာကျွမ်းကျင်သူအချို့က ဖြေဆိုထားဖူးသည်။

ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄) သည် နှစ်ဧကနီးပါး ကျယ်ဝန်းပြီး ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ယင်းခြံရှိ နှစ်ထပ်အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်းကောင်း၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးကလည်းကောင်း ခွဲဝေယူရန် အမိန့်ချမှတ်ခဲ့​သော်လည်း ဦး​အောင်ဆန်းဦးက ခြံဝန်းတခုလုံး လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တယောက်တဝက်ခွဲဝေယူရန် အယူခံအဆင့်ဆင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကလည်း ခြံအမှတ် (၅၄)ကို ကြားကာလ အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းအပါအဝင် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်