Tag: News
-

စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်
ပွင့်ဖြူတွင် လူသူမရှိတော့သော စစ်ဘေးရှောင်ကျေးရွာများမှ တန်ဖိုးရှိပစ္စည်းများနှင့် စားသောက်ကုန်များကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့၍ လိုက်လံ ခိုးယူလုယက်နေ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသည့် ကျေးရွာများကို ကြံ့ဖွတ်ပါတီဝင်များက အုပ်စုဖွဲ့ စိတ်ကြိုက်ဝင်ရောက် ခိုးယူနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ်၊ နီမဒဲကုန်း-မဲဇလီ တစ်လျောက်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် အနီးအနားရှိကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများက ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၊ ထိုသို့ စစ်ဘေးရှောင်ရန် ပြည်သူများ တိမ်းရှောင်နေသည့် ကျေးရွာများကို စစ်တပ်နှင့် ဆက်ဆံရေး အဆင်ပြေနေသော ကြံ့ဖွတ်ပါတီဝင်များက…
-

သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး
မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ်…
-

ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ မုံရွာ နမခ ကို စစ်အင်အား ဖြည့်တင်းရန် ထွက်လာသော သံပြားကာ စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း AERA 71 Monywa ( PDF ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ နမခ ကို စစ်အင်အားနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး ထွက်လာသည့် သံပြားကာ…
-

ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး
စလင်းနှင့် ချောက်မြို့နယ်တို့တွင် ပြည်သူကို ခြိမ်းခြောက်ဆက်ကြေးကောက် ဖမ်းဆီးနေ သည့် ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မက ဆက်ကြေး ဝင်ကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၁၃ မိနစ်က စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း မှ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ သည် တညောင်ဈေးထဲ ပိုက်ဆံလိုက်ကောက်နေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းမှ လှည့်ကင်းရဲဘော်များက တွေ့ရှိပြီး…
-

မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံး
ဘီးလင်း၊ မဲပလီ စခန်းသိမ်းတိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦးထွက်ပြေး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းသိမ်း တိုက်ပွဲတွင် ခမရ ၄၀၅ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်း အပါအဝင် စစ်သား ၄၀ ဦးသေဆုံးပြီး ဒုတိယဗိုလ်မှူးကြီး တင့်လွင်ဦးနှင့် ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ အပါအဝင် ၂၀ ဦး ထွက် ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၇ စစ်ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်…