Tag: News

  • နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့

    နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့

    နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်ကို စစ်မှုထမ်းရန် စာရင်းသွင်းရေး ဆင့်ခေါ်စာပေးပို့နေပြီး ထွက်မပြေးရန် တာဝန်ယူလက်မှတ်ထိုးခိုင်း နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန် စာရင်းသွင်း ဆင့်ခေါ်စာပေးပို့နေပြီး ကာယကံရှင် (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို စစ်မှုထမ်းရန်နှင့်ထွက်မပြေးရန် တာဝန်ယူ လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူ၊ ရွှေကြာပင် နှင့် ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊ ဝဏ္ဏ သိဒ္ဓိ ၊ သုခသိဒ္ဓိ၊ ဗလ သိဒ္ဓိ ၊ ဉာဏ သိဒ္ဓိရပ်ကွက်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် အမျိုးသားများကို စစ်မှုထမ်း စာရင်းသွင်းရန် ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း…

  • မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ

    မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ

    မြောက်ဥက္ကလာတွင် ပြည်သူပိုင် မြေကွက်များ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲမှု ၂ ဦးဒဏ်ရာရ ၊ ရောင်းချထားသော မြေကွက်အားလုံးကို ပြည်သူပိုင် ပြန် သိမ်းမည်ဟု သတိပေး ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်တွင် ပြည်သူပိုင် မီးတားကွင်းမြေကွက်များ၊ ချောင်းကမ်းနှင့် ဆက်စပ်နေသော မြေကွက်များကို အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ အရောင်းအဝယ် ပြုလုပ်နေသော ဌ ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာမြို့နယ်ရှိ ဌ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း…

  • စင်ကာပူကုမ္ပဏီတခုက စစ်ကောင်စီအတွက် ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ခဲ့

    မြန်မာနိုင်ငံရဲ့ ကုန်းတွင်းရေနံမြေတွေကနေ ရေနံထုတ်ယူနေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီတခုဖြစ်တဲ့ Interra Resources ဟာ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို အာဏာသိမ်း စစ်ကောင်စီအတွက် ထောက်ပံ့ခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။ စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်အတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့တဲ့ Goldpetrol Joint Operating Company Inc. ရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တယ်လို့ ဇန်နဝါရီ ၂၉…

  • ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန်

    ဝေဖန်သူကို ပါးရိုက်ပြီး ခြေဖဝါးထိကန်တော့ခိုင်းမှုအတွက် ဟာသသရုပ်ဆောင်မွန်လေး တောင်းပန် ဟာသသရုပ်ဆောင်မွန်လေးက ၎င်းအားဝေဖန်သူတဦးကို ဒူးထောက်ခိုင်းကာ ပါးရိုက်ပြီးနောက် ခြေဖဝါးထိကန်တော့ခိုင်းသည့် ရုပ်သံဖိုင်လူမှုကွန်ရက်၌တင်ခဲ့မိခြင်းအတွက် တောင်းပန်လိုက်သည်။ အဆိုပါရုပ်သံဖိုင်တွင် ဒူးထောက်နေသူက “အွန်လိုင်းပေါ်မှာ ကိုမွန်လေးကို မဟုတ်မမှန်လာမန့်ထားတဲ့ မန့်ကို ထောက်ခံပြီးတော့ မန့်မိတဲ့အတွက် ကိုမွန်လေးကို လူသိထင်ရှားတောင်းပန်တာပါ” ဟု ပြောဆို ထားပြီး “မင်းနောက်တခါပြောဦးမလား အာချောင်ဦးမလား၊ အခု မင်းမှားလား ငါမှားလား”ဟု ပြော၍ ပါးရိုက်ခဲ့ပြီး “ငါသဘောအရမ်းကောင်းနေလို့နော် သွားတွေပြုတ်ထွက်ကုန်မယ်၊ ငါ့ကိုကန်တော့ပြီး တောင်းပန်၊ ခြေဖဝါးကိုထိပြီးတောင်းပန်”ဟု ပြောဆိုထားသည်ကို တွေ့ရသည်။ ယခုကဲ့သို့ ဟာသသရုပ်ဆောင်မွန်လေး၏ လူမိုက်ဆန်ဆန်လုပ်ပြနေသည့်ကိုမြင်တွေ့ရသည်မှာ မြန်မာ ပြည်၏ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းကို အတိအလင်းဖော်ပြနေခြင်းဖြစ်ကြောင်း ကြည့်ရှုသူတစ်ဦး ကပြောသည်။ “ကြည့်ပြီး တကယ်ရွံလည်းရွံ၊ ကြောက်လည်းကြောက်မိတယ်။ ဒီလို လူမိုက်ဆန်ဆန် ရမ်းကားမိုက်ရိုင်းရဲ လောက်အောင် ဘာကိုမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သူ့ပုံစံက မြန်မာပြည်က ဘယ်လောက်တောင် ဥပဒေ စိုးမိုးမှုကင်းမဲ့နေလဲဆိုတာ အတိအလင်း ပြောပြလိုက်သလိုပဲ။ ကျွန်တော်တို့လို သာမန်ပြည်သူ တွေအနေနဲ့ကတော့ စစ်သားနဲ့…

  • ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ

    ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦး ဒဏ်ရာရ

    မကွေးတိုင်း၊ ရေစကြိုမြို့ ထွေ/အုပ်ရုံးကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၅ ခန့်တွင် ရေစကြိုမြို့ရှိ ရုံးပေါင်စုံ (ထွေ/အုပ်ရုံး) ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြောက်ကျား နည်းဗျူဟာ အသုံပြု၍ ၄၀ မမ ဗုံးသီးဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၂ ဦးနှင့်…