Tag: News
-

ရန်ကုန်လေဆိပ်တွင် “လူကြီးလမ်းကြောင်းရှင်းခ” ကျပ်သိန်း ၅၀ ထိ ဈေးပေါက်
အလည်အပတ်ဗီဇာ PV(Passport for visit) ဖြင့် ပြည်ပထွက်မည့်သူများ အနေဖြင့် ရန်ကုန်လေဆိပ်တွင် “လူကြီးလမ်းကြောင်းရှင်းခ” ဝန်ဆောင်မှု ယူမည်ဆိုပါက မြန်မာငွေ ကျပ်သိန်း ၅၀ အထိ ပေးဆောင်ရကြောင်း ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များက ပြောသည်။ ပြည်ပထွက်မည့်လူ ခုနစ်ဦးကို မေးမြန်းရာတွင် သုံးဦးက လေယာဉ်မထွက်မီ ၎င်းတို့ထံမှ အကျိုးဆောင်ခ ပိုက်ဆံလာတောင်းကြောင်း ပြောသလို လမ်းကြောင်းရှင်းပေးနေသူ တဦးကလည်း အကျိုးဆောင်ခ ပေါက်ဈေးသည် ကျပ်သိန်း ၅၀ ဝန်းကျင်ရှိကြောင်း ပြောသည်။ လူကြီးလမ်းကြောင်းရှင်းခဆိုသည်မှာ ရန်ကုန်လေဆိပ်တွင် အရစ်မခံရအောင်နှင့် အတားအဆီးမခံရအောင် လေဆိပ်တွင် တာဝန်ကျနေသည့် စစ်တပ်၊ ရဲဝန်ထမ်းများ နှင့် ပွဲစားများမှ ပူးပေါင်း လုပ်ဆောင်ပေးကာ ၎င်းတို့အတွက် အခကြေးငွေ ပြန်လည်ပေးဆောင်ရခြင်းကို ဆိုလိုသည်။ လူကြီးလမ်းကြောင်းရှင်းခ ကို VIP…
-

အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိပြီး လက်နက် ၈ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာ သောအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defense Force – Asho တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိ သူ ဆလိုင်းရိုချင်းက ပြောကြားသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော အ ကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF Asho) မှ အမ်း – ပဒါန်း လမ်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး MA-1 အမျိုးအစား သေနတ်…
-

ရေကြည်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီး အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေနစ်သေဆုံး
ပုသိမ်မြို့ နိဂြောဓာရဟန္တာပင့်ပူဇော်ပွဲတွင် စစ်ကောင်စီက မဖြစ်မနေ အန္တရာယ်ကင်းပဌာန်း ရွတ်ရန် ဖိအားပေး ခိုင်းစေ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ နတ်နန်းအနီးတွင် အရက်မူးပြီး ရေးဆင်းကူးသည့် ရဲ ၃ ဦး နေနစ်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ရွာ သီတာမောင်တော်နှမတော်နှင့် အမေသီတာ နတ်နန်း အနီးရှိ ချောင်းထဲတွင် အရက်မူးပြီး ရေဆင်းကူးသည့် ရဲ ၃ ဦး ရေတိမ်နစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ရဲများသည် ဟင်္သာတမြို့ မှ အင်အားဖြည့်ရန် ရေကြည်မြို့နယ်ကို ပို့ဆောင် ခံထားရသူများဖြစ်ကြောင်း၊ ၎င်းတို့ ရေနစ်သေဆုံးခဲ့သော နေရာများသည် ရိုးရာ နတ်နန်းများရှိသည့်အတွက် အရက်သေစာ သောက်သုံးကာ မထီမဲ့မြင်…
-

အောင်မြေသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး
မန္တလေးမြို့ပေါ် ဓားပြမှု၊ မုဒိမ်းမှုနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ကျူး လွန်နေသည့် အောင်မြေသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး မန္တလေးမြို့ပေါ်တွင် ဓားပြမှု၊ မုဒိမ်းမှုနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ကျူးလွန်နေသည့် ချမ်းမြသာစည်မြို့နယ်၊ အောင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီ ၄ မိနစ်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာရပ် ကွက်၊ ၄၅ လမ်းနှင့် ၁၀၇ လမ်းအနီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် တပည့်ဖြစ်သူ ပျူစော ထီး သူရှိန်ဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ် ခတ်ရှင်းလင်းခဲ့ရာ အုပ်ချုပ်ရေးမှူး ဝင်းဦး သည် နေရာမှာပင်…
-
မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူး
မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူးလို့ NUG ယတိပြတ်ပြော မန္တလေးမြို့ကို စစ်ကောင်စီလက်ကနေ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေတာ အပြောမဟုတ်ဘဲ တကယ် လုပ်မှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲမှာ ယတိပြတ်ပြောဆိုသွားတာပါ။