Tag: News

  • အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး  အလင်းဝင်

    အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင်

    မြ၀တီမြို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်နေသော စစ်ကောင်စီ၏ အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင် ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော အောင်ဇေယျာ စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦး လက်နက်မပါဘဲ အလင်းဝင်လာသဖြင့် ဂုဏ်ပြုဆုငွေ၁၀သိန်း ချီးမြှင့်ခဲ့ကြောင်း People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ရက်နေ့ ညပိုင်း တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၁ ထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းမှ စစ်သား ၂ ဦးက အလင်းဝင်လာကြောင်း၊ ထိုအလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦးကို ဗျူဟာ ၃၁ က…

  • တီးတိန်မြို့သိမ်း တိုက်ပွဲကြောင့် ချင်းတော်လှန်ရေးအချင်းချင်းကြားတွင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

    တီးတိန်မြို့သိမ်း တိုက်ပွဲကြောင့် ချင်းတော်လှန်ရေးအချင်းချင်းကြားတွင် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများစိုးရိမ်

    ချင်းပြည်နယ်၊ တီးတိန်မြို့ကို People Defence Army(PDA)-Tedim က မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်ပြီးနောက် PDF-ဇိုလန်ကလည်း ကန့်ကွက်ကြောင်းနှင့် ၎င်းတို့လည်း တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဟု ဆက်လက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် PDF-ဇိုလန်အနေဖြင့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် လုပ်ငန်းစဥ်များချမှတ်ထားပြီဖြစ်ပြီး PDA-တီးတိန်နှင့် မဟာမိတ်ပူးပေါင်းတပ်က တီးတိန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်လာပါက (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင်(CB)နှင့် လက်တွဲကာ ပြတ်ပြတ်သားသားတိုက်ထုတ်သွားမည်ဟု PDF-ဇိုလန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြို့သိမ်းတိုက်ပွဲအတွက် လွဲဆွဲမှုတွေကြောင့် ချင်းတော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်မိတယ်။ နှစ်ဖက်သေချာညှိနှိုင်းပြီးမှ သေသေချာချာကိုင်တွယ် လုပ်ဆောင် စေချင်ပါတယ်။ မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲတုန်းကလည်း အချင်းချင်းတိုက်ပွဲဖြစ်တယ်။ အချင်းချင်းတွေပဲ ထိခိုက်နစ်နာတယ်။ ဒါကို စံနမူနာယူကြဖို့ လိုအပ်တယ်ပေါ့နော်။ တီးတိန်မြို့ သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အမှား/အယွင်းတွေရှိခဲ့ရင်…

  • ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ်

    ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ်

    မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်မှုကြောင့် မသန်စွမ်း ဖြစ်သွားသူများရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အမှတ် ၈၂၃ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်တွင်းကြီးနိုင်ငယ်ညှဉ်း နှိပ် စက်မှုများကို ကျူးလွန်နေသူများဖြစ်ပြီး တပ်ထဲသို့ အသစ်ရောက်ရှိလာသည့် စစ်မှုထမ်း တပ်သားသစ် လူငယ်များကို ပစ်မှတ်ထား၍ ရိုက်နှက်မှုများ ပိုမိုလုပ်ဆောင်ကြောင်း သိရသည်။ ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်အတွင်း ၎င်းဖွင့်လှစ်ထားသော…

  • မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား

    မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှာ တရားဝင် မြန်မာအစိုးရဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ထံသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ အကြောင်းကြားလိုက်သည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရမှာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း၊ မြန်မာစစ်တပ်က တိုင်းပြည်​၏နယ်မြေ ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး အဆိုပါရာခိုင်နှုန်းကလည်း နေ့စဉ်နှင့်အမျှလျှော့နည်းလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံအနေဖြင့်…

  • စစ်ကောင်စီက  ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်

    စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်

    စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေဟု NUG ပြော အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။ ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၂/၂၀၂၅တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းများ မတန်မဆ မြင့်မားကာ လူထု စီးပွားရေးချွတ်ခြုံကျကာ ကျပ်တည်းနေကြောင်း၊…