Tag: News

  • ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို သုညမှတ်ထိ လျှော့ချဖို့ EU နိုင်ငံတွေ သဘောတူ

    ရုရှားဆီက ဓာတ်ငွေ့ ဝယ်ယူမှုကို သုညမှတ်ထိ လျှော့ချဖို့ EU နိုင်ငံတွေ သဘောတူ

    ရုရှားဆီက ဓာတ်ငွေ့ တင်သွင်း ဝယ်ယူမှုတွေကို အပြီးတိုင် ရပ်စဲတဲ့အထိ တစ်ဆင့်ချင်းစီ လျှော့ချဖို့ ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ စွမ်းအင် ဝန်ကြီးတွေ ညှိနှိုင်း သဘောတူခဲ့ပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့က လူဇင်ဘာ့ဂ် နိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေး အပြီးမှာတော့ ရုရှားဆီကနေ EU နိုင်ငံတွေဆီ ပိုက်လိုင်းတွေနဲ့ တင်ပို့နေတဲ့ ဓာတ်ငွေ့တွေကိုရော၊ သဘာဝဓာတ်ငွေ့ အရည် (LNG)ကိုပါ ဆက်တိုက် လျှော့ချသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ LNG တင်သွင်းမှုကိုလည်း မူလ လျာထားတာထက် တစ်နှစ်စောပြီး ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလမှာ အပြီးတိုင် ရပ်စဲဖို့ထိ EU နိုင်ငံတွေက သဘောတူ လက်ခံခဲ့ပါတယ်။ ရုရှားဆီက စွမ်းအင်ရင်းမြစ်တွေကို မှီခိုစရာ မလိုဘဲ…

  • လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

    ဒီပဲယင်းမှာ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေ၊ ဆိုင်းပွဲတွေ မထည့်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။ ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူများနဲ့တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့ လက်ရှိအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံးက ပြင်းပြင်းထန်ထန် တော်လှန်နေကြတဲ့အချိန်ဖြစ်ကြောင်း၊ စစ်တပ်ကလည်း ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်ရေးလေယာဥ်များအပြင် အနီးကပ် ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ ပါရာမိုတာ စက်တပ်လေထီးများနဲ့လည်းကောင်း၊ ဂျိုင်ရိုကော်ပတာများနဲ့လည်းကောင်း၊ အချိန်နေရာမရွေး တိုက်ခိုက်နေကြောင်း ဒီပဲယင်းပအဖအဖွဲ့က အောက်တိုဘာ ၄ ရက်က အသိပေးပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရလို့ လုံခြုံရေးသတိထားရမယ့်အပြင် ဒီနှစ် အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်ခံဖျော်ဖြေရေးပွဲများ၊ ဆိုင်းဝိုင်းများ ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ဒီပဲယင်းပအဖအဖွဲ့က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။ “သူတို့(ဆိုင်းဝိုင်း)တွေက စစ်တပ်ဂိတ်တွေကို…

  • ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာ

    ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာ

    ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာသွားပြီး စစ်တပ်က ထောင်ထားခဲ့သောမိုင်းများနှင့် ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါရဟိုင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ရေးဘီလူးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် စစ်သားများ ဆုတ်ခွာသွားပြီး အကြမ်းဖက် စစ်တပ်က ထောင်ထားခဲ့သောမိုင်းများနှင့် ဖျက်ဆီးခဲ့မှုများကို ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ပြောကြားသည်။ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေးဘီလူးတပ်ဖွဲ့မှ ရဲဘော်များက ဝါရဟိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်သားများ ထောင်ထားခဲ့သည့် မိုင်းများကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သားများသည် ဝါရဟိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေးဘီလူးအဖွဲ့က…

  • AA ထိန်းချုပ် မြို့နယ်အချို့ကို ထိုးစစ်ဆင်ရန် စစ်ကောင်စီ ပြင်ဆင်နေ

    ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်ကို တွေ့ရကြောင်း AA က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။ ထို့ကြောင့် သံတွဲနှင့် ဂွမြို့နယ်အတွင်း ပင်လယ် ငါးဖမ်းမှုကို ညနေ ၆ နာရီမှာ နံနက် ၆ နာရီအတွင်း တားမြစ်ကြောင်း ဖော်ပြထားပြီး နေ့အချိန်တွင်လည်း စစ်ကောင်စီ နေဗီများနှင့် ဝေးရာတွင် ငါးဖမ်းကြရန် တိုက်တွန်းထားသည်။ စစ်ကောင်စီသည် ရခိုင်ကမ်းရိုးတန်း တလျှောက် ရေတပ်အင်အားဖြည့်တင်းမှုနှင့် နေဗီများ သွားလာလှုပ်ရှားများကို အရှိုန်မြှင့်လုပ်ဆောင်လာကြောင်း ပင်လယ်ကမ်းစပ်ကျေးရွာ ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ် ပြင်ဆင်မှုများသည် အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များမှ ဒေသခံ အရပ်သားများ၏ လုံခြုံရေး ထိခိုက်လာနိုင်သည့်အပြင် တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက…

  • KK Park တွင် စစ်တပ်က ကျားဖြန့်ဝင်ရောက်စီးနင်းနေသည့်ပုံစံ ဟန်ပြဓာတ်ပုံရိုက် ဝါဒဖြန့်

    KK Park တွင် စစ်တပ်က ကျားဖြန့်ဝင်ရောက်စီးနင်းနေသည့်ပုံစံ ဟန်ပြဓာတ်ပုံရိုက် ဝါဒဖြန့်

    ကရင်ပြည်နယ်၊ မြဝတီမြို့အနီး KK Park ဝင်းအတွင်းရှိ အဆောက်အအုံတခုကို လက်နက်အပြည့်အစုံနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းနေပုံ ဓာတ်ပုံရိုက်ပြီး ဒီနေ့ အောက်တိုဘာ ၂၀ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။ KK Park အတွင်းမှာ တရားမဝင် ဆက်သွယ်မှု ဆောင်ရွက်ဖို့ ရည်ရွယ်တပ်ဆင်ထားတဲ့ Star Link စလောင်း အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး အဆောက်အအုံတွေထဲက အလုပ်သမား အမျိုးသား ၁,၆၄၅ ယောက်၊ အမျိုးသမီး ၄၅၅ ယောက်နဲ့ လုံခြုံရေးအမျိုးသား ၉၈ ယောက် စုစုပေါင်း ၂,၁၉၈ ယောက် တွေ့ရှိခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ အရင်ကလည်း မကြာခဏ အဖမ်းအဆီးပြကာ သတင်းဖော်ပြမှုတွေ ရှိခဲ့တယ်လို့…