📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

—

by

in

ဒီပဲယင်းမှာ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေမထည့်ဖို့ ပအဖမေတ္တာရပ်ခံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် အလှူမင်္ဂလာပွဲတွေမှာ ဖျော်ဖြေရေးတွေ၊ ဆိုင်းပွဲတွေ မထည့်ကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း ပြည်သူများနဲ့တော်လှန်ရေးအင်အားစုများအားလုံးအနေနဲ့ လက်ရှိအချိန်ဟာ စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပြီး ပြည်သူလူထုတရပ်လုံးက ပြင်းပြင်းထန်ထန် တော်လှန်နေကြတဲ့အချိန်ဖြစ်ကြောင်း၊ စစ်တပ်ကလည်း ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်ရေးလေယာဥ်များအပြင် အနီးကပ် ဗုံးကျဲတိုက်ခိုက်နိုင်တဲ့ ပါရာမိုတာ စက်တပ်လေထီးများနဲ့လည်းကောင်း၊ ဂျိုင်ရိုကော်ပတာများနဲ့လည်းကောင်း၊ အချိန်နေရာမရွေး တိုက်ခိုက်နေကြောင်း ဒီပဲယင်းပအဖအဖွဲ့က အောက်တိုဘာ ၄ ရက်က အသိပေးပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရလို့ လုံခြုံရေးသတိထားရမယ့်အပြင် ဒီနှစ် အလှူပွဲ၊ မင်္ဂလာပွဲများမှာ ဧည့်ခံဖျော်ဖြေရေးပွဲများ၊ ဆိုင်းဝိုင်းများ ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ ဒီပဲယင်းပအဖအဖွဲ့က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

“သူတို့(ဆိုင်းဝိုင်း)တွေက စစ်တပ်ဂိတ်တွေကို ဖြတ်ပြီး လာကြတာ။ ဘယ်သွားတီးမှာလဲမေးမှာပဲ။ မေးရင်ဖြေရမှာပဲ။ အဲခါကျ အန္တရာယ်ကများသွားပြီ”လို့ ဒီပဲယင်းမြို့နယ်က ဒေသခံတဦးက ပြောပါတယ်။

သက်ဆိုင်ရာ ရပ်ကျေးပကဖ၊ ပအဖ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထု ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ကြပ်မက်ဆောင်ရွက်သွားကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်ထွန်းထားပါတယ်။

အာဏာသိမ်းကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်တပ်က အလှူမင်္ဂလာပွဲတွေပါမကျန် လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်