Tag: News
-

မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံး
မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားဟုဆို မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ချိန်းရန် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ရုံးတာဝန်ခံ ဆရာကျောင်းက ပြောဆိုသည်။ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မလွန်ရွာရှိ ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို…
-

ခမောက်ကြီး၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံး
လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ လုံးဖောရွာရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦးကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် ၃ ဦးလုံးသေဆုံးကာ လက်နက်ခဲယမ်းနှင့်စကားပြောစက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာအတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းမြင့်နှင့် ကျေးရွာ ပျူစောထီး ခေါင်းဆောင် အေးစိုးတို့ကို လုံခြုံသည့်တစ်နေရာတွင် စစ်ဆေးမေးမြန်းညှိနှိုင်းပြီး ပြန်လွှတ်ရန် အတွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၏ ကားကိုပါ ယူဆောင်လာပြီး ဖမ်းဆီးလာကြောင်း၊ ထို့နောက် လုံးဖောကျေးရွာအလွန် တစ်နေရာတွင် နမ္မနွယ်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် သက်ဦးကို…
-

စစ်ခေါင်းဆောင်က ပညာသင်ဖို့ပြောသော်လည်း စာသင်ကျောင်းများ ဗုံးကြဲခံနေရ
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) ဆယ်နှစ်ပြည့်အတွက် အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပသည့် နေပြည်တော်ပွဲ၌ စစ်ခေါင်းဆောင်က နိုင်ငံတကာသံတမန်များ၊ စစ်တပ်နှင့်ငြိမ်းချမ်းရေးလိုလားသူများရှေ့တွင် ကလေးငယ်များ ကျောင်းတက်ခွင့်ရရေး၊ ပညာရေး မြှင့်တင်ရေးတို့အား လုပ်ဆောင်နေကြောင်း ဆိုသည်။ “ဒီမှာတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးလည်း ကျောင်းနေခဲ့ကြတဲ့သူတွေဖြစ်ပါတယ်၊ သားသမီးချင်း ကျောင်းသားချင်း၊ မိဘချင်း စာနာဖို့လိုပါတယ်၊ ပညာရေးနဲ့ပတ်သက်ပြီး ကျန်ခဲ့လို့ မရပါဘူး” ဟု သူက ပြောခဲ့သည်။ သို့သော် လက်တွေ့တွင် ၎င်းဦးဆောင်သည့်စစ်တပ်က စာသင်ကျောင်းများအားဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ကလေးငယ်များ သေဆုံး၊ ဒဏ်ရာရမှု ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ပညာတတ်ဖို့လိုကြောင်း စစ်ခေါင်းဆောင်ပြောအပြီး ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ် အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီခန့်က နမ့်ဆန်မြို့ အ.ထ.က(၁) ကျောင်းအား စစ်တပ်က လေကြောင်း…
-
ပုဏ္ဏားကျွန်းဘက် စစ်တပ်က ခံစစ်အခိုင်အမာပြင်
ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေကို ကာကွယ်ရန် စစ်တပ်က ၂၂ မိုင်ခန့်ဝေးသည့် ပုဏ္ဏားကျွန်း မြို့နယ်ဘက် စစ်ကြောင်းထိုးပြီး ကွမ်းတောင်နှင့် အမြင့်ကျွန်းရွာများအနီး ခံစစ်စည်းများ အသေအချာ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။ “မင်းချောင်းတံတားကို ပြင်တယ်။ ပြီးရင် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ကွမ်းတောင်ရွာဘက်ကို ဆင်းလာတာ။ ဘန်ကာ အကြီးတွေ သုံးလေးဆင့်တောင် လုပ်ထားတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တောက်လျောက်ပစ်ပြီးတော့ ချဲ့လာတာ။ အေအေဘက်ကလည်း အဲဒီနားကနေ နည်းနည်းပြန်ဆုတ်ပေးရတဲ့ အခြေအနေဖြစ်နေတယ်” ဟု စစ်ရေးနှင့်နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် စစ်ကော်မရှင်တပ်သည် စစ်တွေမြို့ပတ်လည် ပုဏ္ဏား ကျွန်းမြို့နယ်နှင့် အနီးစပ်ဆုံးနေရာများတွင် ရှေ့တန်းကာကင်းစခန်းကြီးများ အခိုင်အမာတည်ဆောက်၍ အင်အားဖြည့်နေခဲ့ ရာမှ ယခုအခါ ပုဏ္ဏားကျွန်းနှင့် စစ်တွေအစပ် မင်းချောင်း…
-

ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ဖောင်းကတာကျေးရွာ အနီးမှာ အောက်တိုဘာ ၁၉ ရက် မနက် ၇ နာရီကျော်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက စတင်ပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းကနေ ထွက်ခွာလာတာလို့လည်း သိရပါတယ်။ ဒေသခံရွာသားတယောက်က “မနေ့ကတော့ လယ်တီရွာအနီးက သိင်္ဂီရွှေဇင် စက်သုံးဆီအနီးမှာ စခန်းချပြီး ဒီနေ့မနက်ခင်း ဖောင်းကတာရွာဘက်ကို ထပ်ပြီး စစ်ကြာင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တိုးပြီး အခုလို တိုက်ပွဲဖြစ်နေကြတယ်ဗျ။ တိုက်ပွဲက မပြီးသေးဘူး၊ စစ်တပ်ဘက်က စက်တပ်လေထီးနဲ့ရော ဂျိုင်ရိုကော်ပတာနဲ့ရော ဗုံးသီးလာကြဲချတယ်။ ဝမ်ပေါင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်။ မုံရွာတောင်အထွက် မအူဂိတ်ကနေလည်း…