Tag: News

  • ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ဖားကန့်နွံကန်ပြိုကျမှု ကလေး၆ ဦးအပါအဝင် ၃၁ ဦးရုပ်အလောင်းရှာတွေ့ပြီး ရှာဖွေမှုရပ်ဆိုင်း

    ကချင်ပြည်နယ်၊​ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးရှိ ရတနာအဓိပတိကျောက်စိမ်း နွံကန်ပြိုကျမှုအတွင်း အသက် ၁၀ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် စုစုပေါင်းရုပ်အလောင်း ၃၁ လောင်းကို ရှာတွေ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဟု ဒေသခံများကပြောသည်။ “ရှာဖွေရေးလုပ်ငန်းတွေကို မနေ့ညနေကစပြီး ရပ်လိုက်ပါပြီ။ ဒီ‌နေ့(ဇန်နဝါရီ ၁၆ ရက်)နေ့ သင်္ဂြိုလ်ပါမယ်။ တချို့ကလည်း မိသားစုဝင်တွေကို စောင့်ပြီးမှ သင်္ဂြိုလ်ရပါမယ်” ဟု ဖားကန့်အခြေစိုက် လူမှုကူညီအသင်းတခုမှအဖွဲ့ဝင်တဦးကပြောသည်။ နွံကန်ပြိုကျမှုသည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဟုသိရသည်။ နေအိမ် ၅၇ လုံး နစ်မြုပ်ပျက်စီးသွားပြီး ပျောက်ဆုံးနေသူများကို ယင်းနေ့မှစ၍ စက်ယန္တရားများသုံး၍ ရှာဖွေခဲ့ကြသည်။ ဇန်နဝါရီလ ၁၃ ရက်မှ ဇန်နဝါရီလ ၁၅ ရက်ညနေအထိ သုံးရက်ကြာရှာဖွေမှုအတွင်း အသက် ၁၀ နှစ်အောက်…

  • ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်

    ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်

    စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်၍ ပြည်သူအချို့ထိခိုက်ဟု DPLA အသိပေး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။ ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏စစ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ အရပ်သားထိခိုက်မှု ရှိခဲ့ကြောင်း DPLAက အသိပေးထားသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု နှင့် တိုက်ပွဲဖြစ်ပွားမှု အသေးစိတ် အချက်အလက် များ အတိအကျ မသိရသေးဟု DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။ ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းတွင် ကျောက်ဂူတိုက်နယ်အတွင်း ၂နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း DPLA က ထုတ်ပြန်သည်။…

  • မူဆယ်တွင်  ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေ

    မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေ

    မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန်စည်သယ်ယူပို့ဆောင်မှုများကို ပြန်လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးနှင့် စစ်တပ်က လာဘ်ငွေယူ၍ တရားမဝင် ကုန် စည် သယ်ယူပို့ဆောင်မှုများကို ပြန် လည် ခွင့်ပြုနေသည့်အပြင် ယင်းလမ်းကြောင်းမှတစ်ဆင့် စစ်တပ်အတွက် ရိက္ခာဖြည့်တင်းမှုများ လုပ်နေကြောင်း ဒေသကုန်သည်များနှင် ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ပြည်မမှ မူဆယ်ဘက်သို့ ကုန်စည်သယ်ယူခွင့်များကို ပိတ်ပင်ထားသော်လည်း ယခုအခါ မူဆယ်နှင့်မိုင်းယု (၁၀၅) မိုင်လမ်းကို ငွေကြေးများ ကောက်ယူ၍ ပြန်လည် ခွင့်ပြုပေးနေကြောင်း၊ ထို့ပြင် မူဆယ် ဆင်ဖြူဂိတ်မှတစ်ဆင့် တရုတ်ပြည်(ကြယ်ဂေါင်) ဘက်သို့ လာဘ်ငွေယူ၍ လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ပြန်လည် ခွင့်ပြု…

  • ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

    ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့်တွင် ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ကား ၇ စီးလိုက်ပါလာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း ၄ စီးမြောက် မိုင်း၊ ၄၀ မမ ဗုံးသီးနှင့် လက်နတ်ငယ်များ ထိမှန်ခဲ့ပြီး…

  • AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ

    AA ထိုးစစ် ကာကွယ်ရန် ပြည်နယ်မြို့တော်တွင် အင်အားအလုံးအရင်း ဖြည့်တင်းနေ

    ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုရှိနေပြီး စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံ က သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့ကလည်း စစ်တွေမြို့အနီး အောင်မြေကုန်းရွာနှင့် ရဲရုပြင်ရွာတို့တွင် ထိတွေ့ တိုက်ပွဲ အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း AA နှင့်နီးစပ်သူနှစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့တွင် လေကြောင်း၊ ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်း နေကြောင်း AA နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အခုတလော စစ်ကောင်စီဘက်က မြို့တွင်းကို အင်အားတော် တော်ဖြည့်နေတယ်လို့ သိရတယ်။ မြေပြင်ကိုဆိုရင် မြို့ထဲဘက်က ဖြည့်နေတာရှိတယ်။ XX (စစ်ကောင်စီတပ်သား)က မြို့ပြင် ရွာတိုင်းမှာ ရှိတယ် “ဟု ၎င်းက ပြောသည်။ စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်သည်…