Tag: News

  • ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    ဂွရိုးကားလမ်းပေါ်ရှိ ဗောဓိတံတားကျိုး၊ စစ်ကောင်စီတပ်က မကျည်းငူဘက်က နောက်ဆုတ်

    တင့်ကားအချို့မြို့ပေါ်ကျန်နေခဲ့၊ ဂွမြို့ပေါ်ကို လေယာဉ်တွေနဲ့ အဆက်မပြတ်ဗုံးကြဲနေ ဂွမြို့ပေါ်မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ဂွ-ငသိုင်းချောင်း ရိုးကားလမ်းပေါ်မှာလည်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် ဗောဓိတံတားမှာ ကျိုးပျက်သွားပြီဖြစ်ကာ သွားလာလို့မရတော့ကြောင်း ဒေသအတွင်း စစ်ရေး သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ “ ဂွ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာ အကြီးအကျယ်ဘဲ။ ရိုးမထက်မှာ ဗောဓိတံတားက ကျိုးပျက်သွားပြီ။ ဘယ်အဖွဲ့က ချိုးလိုက်တယ်ဆိုတာ မသိဘူး။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်ဆိုတော့ ဘာကြောင့်ကျိုးတယ်ဆိုတာ တတ်အပ် မပြောနိုင်သေးဘူး။ ဂွမြို့က စကစတွေ နောက်ဆုတ်နေပြီ။ ပင်လယ်ကမ်းနားဘက်က ဆုတ်နေတယ်” လို့အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ ဗောဓိ တံတားမှာ ဂွမြို့ပေါ်ကနေ ၁၀ မိုင်အကွာ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ တည်ရှိပြီး မနေ့က ညနေကစပြီး ဒီကနေ့ မနက်ထိ…

  • စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်

    စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် စစ်ခေါင်းဆောင် ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းများကြောင့် ထောင်ချခံထားရ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၂ ခုနှင့် မြို့ပေါင်း ၉၃ ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် အဆင့် ထိပ်တန်းစစ်အရာရှိ ၂၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်း၊ စစ်ရှုံးခြင်းကြောင့် ထောင်ချခံထားရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်အာဏာရှင် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၉၁ မြို့ကို တော်လှန်ရေးတပ်များက…

  • စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

    အမ်း နပခ ဘက်မှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်အရာရှိနှင့်တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရပြီး အရှင် ၁၇ ဦးဖမ်းမိ၊ သေဆုံးသူများပြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ဖွဲ့စည်းပုံပျက်ပြီး စစ်ကြောင်းလိုက်ထွက်ပြေးလာရာ အမ်း-ပဒါန်းလမ်းပိုင်းတွင် ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ လက်နက်များနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသည့် အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို အမ်း-ပဒါန်းလမ်းမအနီး ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း CDF-Asho ကထုတ်ပြန်ထားသည်။ “အမ်းနပခကနေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်း ချီပြီး အမ်း-ပဒါန်းဘက်ကိုဆင်းတာ၊ ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်နဲ့အတူ ဖမ်းဆီးခံရတာရှိပါတယ်။ သေဆုံးသူလည်းများတယ်” ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ချင်းကာကွယ်ရေးတပ်-အရှိုမှ ပျဉ်းဝစစ်ဆေးရေးဂိတ် အနောက်ဘက်မီတာ ၁၅၀၀ ကျော်ခန့်တွင် ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ…

  • တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ရန် ဖိတ်ခေါ်ထားသော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက် ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ “နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် နှင့်…

  • ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို

    ဟောင်စုဆေးပရုပ်ဆီ ကြော်ငြာခ ဖြူဖြူထွေးအား သိန်း ၇၀ ပေးရပြီး ဇာတ်ညွှန်းကို မသိရဟု ကုမ္ပဏီဆို

    ဆယ်လီဖြူဖြူထွေးနှင့် ကျပ်သိန်း ၇၀ အကုန်အကျခံ၍ ဆေးပရုပ်ဆီကို ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းဆေးပရုပ်ဆီကြော်ငြာနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ကြိုတင်သိရှိခွင့်မရှိခဲ့ကြောင်း ဟောင်စုဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းတဦးက ဒီဇင်ဘာ ၂၆ ရက်ကပြောသည်။ “ပေစ့်လေးထောင်ပြီး ကြော်ငြာလေးလုပ်ချင်လို့ ဖြူဖြူထွေးကို ကြော်ငြာလေးအပ်ခဲ့တာပါ၊ ဇာတ်ညွှန်းအကြောင်းအရာ၊ ဗီဒီယိုဖိုင်မူကြမ်းတွေကို ကုမ္ပဏီကိုကြိုတင်အသိပေးတာ ပြတာမျိုး မလုပ်ဘူးလို့ သူ့ဘက်က စာချုပ်ချုပ်ထားတာမို့ အဲ့ဗီဒီယို သူတင်လာကာမှပဲ ဘယ်သူတွေနဲ့ ရိုက်ထားတယ်။ ဘာဝတ်ထားတယ်။ ဘယ်လိုဇာတ်လမ်းဆိုတာကို သိခွင့်ရခဲ့တာပါ”ဟု ဆေးပရုပ်ဆီကုမ္ပဏီမှ ဝန်ထမ်းက ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည့် ဆယ်လီဖြူဖြူထွေး၏ ကြော်ငြာသည် ထိန်းသိမ်းခံထားရသည့် အသက် ၇၉ နှစ်အရွယ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည်ကို သေးသိမ်စေသော စကားလုံးအသုံးအနှုံးများ တမင်ရည်ညွှန်းထားသည်ဟု လူမှုကွန်ရက်အသုံးပြုသူများအကြား ပြစ်တင်ဝေဖန်မှုများစွာရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကြော်ငြာဗီဒီယိုတွင် အဖြူဝမ်းဆက်ကိုဝတ်ဆင်ထားသော ဖြူဖြူထွေးက…