Tag: News

  • တက်တူးပြိုင်ပွဲ၌ မဖွယ်မရာ လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီး ပြန်တောင်းပန်နေရ

    တက်တူးပြိုင်ပွဲ၌ မဖွယ်မရာ လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီး ပြန်တောင်းပန်နေရ

    ထိုင်းနိုင်ငံ၊ ဆာရာဘူရီ ခရိုင်၌ နိုဝင်ဘာ ၈ ရက် တက်တူး ပြိုင်ပွဲတခုအတွင်း မမြင်အပ်သည့် အစိတ်အပိုင်း (private parts) ကို လှစ်ပြမိခဲ့သည့် ထိုင်းအမျိုးသမီးတဦး အများပြည်သူကို တောင်းပန်ချက် ထုတ်ပြန်ခဲ့ရသည်။ ထိုအမျိုးသမီးပြိုင်ပွဲဝင်၏ ဗီဒီယို နိုဝင်ဘာ ၁၀ ရက်၌ ထိုင်းဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပြီးနောက် ထိုပြိုင်ပွဲဝင်အမျိုးသမီးဖြစ်သူရော၊ ပွဲစီစဉ်သူများပါ အပြင်းအထန် ဝေဖန်ခံနေရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တွင် ပြုလုပ်သည့် နှစ်ရက်တာ ပြိုင်ပွဲသည် တတိယမြောက်နှစ် ပြိုင်ပွဲလည်း ဖြစ်သည်။ ဗီဒီယိုထဲမှ အမျိုးသမီးသည် အမျိုးသမီး တက်တူးပြိုင်ပွဲ၌ ပါဝင်ခဲ့သူ ဖြစ်သည်။ ပျံ့နှံ့ခဲ့သော ဗီဒီယိုထဲတွင် သူသည် ပါဝင်သူများနှင့် အကဲဖြတ်ဒိုင်များ အရှေ့ဘက် စင်ပေါ်၌ ကနေစဉ်…

  • ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

    ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ အား ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှ ကာကွယ်တားဆီးနိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေလိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင်…

  • TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ်

    TNLA က မိုးကုတ်မြို့ကို စစ်အုပ်စု လက်ထဲ ပြန်အပ်ပေမယ့် PDF တွေက မဆုတ်ဘဲ တိုက်ခိုက်မယ် မိုးကုတ်ဗျူဟာနဲ့ မိုးကုတ်အခြေပြု တော်လှန်ရေးတပ်တွေက ဆက်လက် တိုက်ပွဲဝင်မယ်လို့ ကတိပြု မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းတပ်မတော် – TNLA က မြို့ကို အာဏာသိမ်း စစ်အုပ်စုလက်ထဲ ပြန်လည် ထိုးအပ်လိုက်ပေမယ့် ဒေသခံ တော်လှန်ရေးတပ်တွေက မြို့ကနေ မဆုတ်ဘဲ ဆက်လက် တိုက်ပွဲဝင်မယ်လို့ တော်လှန်ရေးတပ်တွေက သတင်း ထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့ကနေ အခြေပြု ပေါက်ဖွားလာတဲ့ မိုးကုတ်ဗျူဟာ (ပြည်သူ့ကာကွယ်ရေးတပ်မတော်) အနေနဲ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်ပါမယ်လို့ ကတိသစ္စာပြုကြောင်း မိုးကုတ်ဗျူဟာက အောက်တိုဘာ ၂၉ရက် ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင်…

  • ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း

    “ကြံ့ဖွတ်အပေါင်း သူခိုးဂေါင်းတို့အား ခွန်ထိုင်းတွေ ဖြုတ်ခန်း” ခွန်ထိုင်းတွေက ကြံ့ဖွတ်ရဲ့ မဲဆွယ်တဲ့သတင်းအောက်မှာ ပယ်ပယ်နယ်နယ်သမနေတာ ဓါတ်ဆီဆိုင်က ကောင်လေးတွေတဲ့၊တယောက်ဆို Full Tank တို့ 95 ဘယ်နှစ်လီတာတို့ပါ ရေးချပစ်တာ။ နိုင်ငံဖြတ်ကျော် ဂုဏ်သတင်းတွေကလည်း မွှေးသေးတာ။ သူခိုးတွေ သူခိုးတွေတဲ့။ ထိုင်းတွေတောင် သိတယ်။ မင်းအောင်လှိုင် အမျိုးတွေချည်းပဲ တယောက်တည်းပြိုင်ပြီး တယောက်တည်းနိုင်မှာမလားတဲ့။ အမေစုကိုတော့ ထိုင်းတွေကပါ ချစ်ကြတာနော်။ အမေစုကို ကြောက်လို့ ထောင်ထဲထည့်ထားတာမလားတဲ့။ အမေစုကို ရှုံးတော့ အာဏာသိမ်းတဲ့ သူတွေတဲ့။ အမေစုကို ပြောခွင့်ပေးလိုက် မင်းတို့တွေ မလွယ်ဘူးတဲ့။ ရေးတာ ရေးတာဆိုတာ ကိုယ်တွေတောင် တိတ်တိတ်လေး ပြန်ထွက်လာခဲ့ရတယ်။

  • နတ်ရေကန်ကို လမ်းဟောင်းဖက်ကထိုးစစ်ဆင်လာသည့်စစ်ကြောင်း ပဇီကျေးရွာနားတွင် စစ်ကြောင်းတစ်ခုလုံးပြုတ်

    (စစ်တပ်က နတ်ရေကန်ကိုကာကွယ်ရန်ထက် ပိတ်မိနေသည့်စစ်သားများကိုကယ်ထုတ်ရန် ကြိုးစားလာ) ဝိုင်းရံပိတ်ဆို့ခံထားရသည့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးဗျူဟာစခန်းမှ စစ်သားများကိုကယ်ထုတ်ရန်အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်း၂ကြောင်းခွဲပြီး ချီတက်လာရာ လမ်းဟောင်းဖက်က ထိုးစစ်ဆင်လာသည့် စစ်ကြောင်းကို ပဇီကျေးရွာနားအရောက်တွင် အာရက္ခတပ်တော်မှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာမှ စစ်တပ်စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု သတင်းရရှိသည်။ အောက်တိုဘာ၂၈ရက်နေ့က နတ်ရေကန်လေကြောင်းရန်ကာကွယ်စခန်းသို့ လမ်းဟောင်း၊လမ်းသစ်နှစ်ခုကို အသုံးပြုပြီး စစ်တပ်စစ်ကြောင်း၂ ကြောင်းခွဲကာ ထိုးစစ်ဆင်လာခဲ့သည်ဟု သိရသည်။ ထိုသို့ ထိုးစစ်ဆင်လာရာ ကပစ(၁၄) နှင့် ဇင်ပြွန်းရွာစခန်းတို့မှ လမ်းဟောင်းအတိုင်း ပထမစစ်ကြောင်းမှ အင်အား၂၀၀ခန့် ထိုးစစ်ဆင်လာကြောင်း၊ တချိန်တည်းတွင်ပင်အင်အား၁၀၀ကျော်ခန့်ပါသော စစ်ကြောင်းတစ်ကြောင်းကလည်း ရှေ့ဆင့်နောက်ဆင့် လမ်းသစ်ဘက်က ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပထမစစ်ကြောင်းနှင့် AA တို့သည်ပဇီကျေးရွာ ပတ်ဝန်းကျင်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကြပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားသည်ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က ပြောသည်။ “ကပစ (၁၄)…