Tag: News
-

မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို
မြန်မာစစ်တပ်၏ အယောင်ပြ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေး အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆို မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို ရှုတ်ချရန်၊ မြန်မာ့အရေးအတွက် အမေရိကန် အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကို ပံ့ပိုးရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးက သမ္မတထရမ့်အစိုးရထံသို့ တောင်းဆိုလိုက်သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ အရှေ့အာရှနှင့် ပစိဖိတ် ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင် (Ranking Member) နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်အမတ် ဒေါက်တာ Ami Bera (ဒီမိုကရက်-ကယ်လီဖိုးနီးယား) ၊ လွှတ်တော်အမတ်Young Kim (ရီပတ်ဘလစ်ကန်-ကယ်လီဖိုးနီးယား)၊ တောင်အာရှနှင့် အလယ်အာရှ ဆပ်ကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင်နှင့် ဥက္ကဋ္ဌများဖြစ်ကြသော လွှတ်တော်ကိုယ်စားလှယ်…
-

ပလက်ဝတွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းဆီးစဉ် ဓားဖြင့်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်၀မြို့နယ်တွင် သက်ငယ်မုဒိမ်းကျူးလွန်သူ တစ်ဦးအား ဖမ်းဆီးစဉ် ဓားဖြင့်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည်ဟု သတင်းရရှိသည်။ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းရွာမှ အသက် (၁၆) နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးအား နိုဝင်ဘာ ၉ ရက်နေ့က သုံးကြိမ်တိုင်တိုင် မုဒိမ်းကျင်ခဲ့ကြောင်း ဖခင်ဖြစ်သူက အာရက္ခပြည်သူ့ အစိုးရ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (DLEPS) လာရောက်တိုင်ကြားခဲ့သည်ဟု သိရသည်။ သို့အတွက် အဆိုပါ အမှုဖြင့် စွပ်စွဲခံရသူအား DLEPS တပ်ဖွဲ့မှ ဖမ်းဆီးရန်လိုက်ရှာစဉ်ထွက်ပြေး သွားခဲ့ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ ရောက်မှ သူ၏ နေအိမ်တွင် ရှိနေကြောင်း သိရသဖြင့် ည ၈ နာရီ မိနစ် ၃၀ ခန့်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ် DLEPS တပ်ဖွဲ့ဝင်များမှဝင်ရောက် ဖမ်းဆီးရာ…
-

မြန်မာကို ပြင်းပြင်းထန်ထန်အရေးယူရန် အမေရိကန်လွှတ်တော်အမတ်များ တောင်းဆို
မြန်မာနိုင်ငံရဲ့ ပိုမိုနက်ရှိုင်းလာနေတဲ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အချိန်သိပ်မကျန်တော့တဲ့အကြောင်းနဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက နိုဝင်ဘာ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လက်ခံကျင်းပပြီး အရှေ့ အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီအဖွဲ့ဝင်တွေပါဝင်တဲ့ “ထွက်ပေါက်မရှိသော မဟာဗျူဟာ-မြန်မာနိုင်ငံ၏ အဆုံးမဲ့အကျပ်အတည်းနှင့် အမေရိကန်၏ အကန့်အသတ်ရှိသော ရွေးချယ်စရာများ” ခေါင်းစဉ်နဲ့ ကြားနာပွဲမှာ ခုလိုပြောလိုက်တာပါ။ မြန်မာစစ်တပ်ဟာ နိုင်ငံ့အာဏာကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြောင့် ဒီရွေးကောက်ပွဲကို အမေရိကန်နိုင်ငံအနေနဲ့ ပိုမိုပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ကြတာပါ။ အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ မစ္စယန်းကင်မ်က မြန်မာနိုင်ငံရဲ့ နက်ရှိုင်းလာနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေကို မီးမောင်းထိုးပြခဲ့သလို ၂၀၂၁ ခုနှစ်…
-

မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်
အာဆီယံလမ်းကြောင်းထက် ပိုထိရောက်မယ့် မဟာဗျူဟာသစ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲ တက်ရောက်သူ အားလုံးက သဘောတူခဲ့ကြပါတယ်။ “ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့်များ” ကြားနာပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်နဲ့ နည်းလမ်းတွေ ရနိုင်မယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေကို လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက ရယူကြားနာတဲ့ပွဲ ဖြစ်ပါတယ်။ ကြားနာပွဲမှာ အဓိကအကျဆုံး အချက်အဖြစ် တွေ့ရတာက အမေရိကန်နိုင်ငံက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့ ကြားနာပွဲမှာ ပါဝင်သူအားလုံးက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။…
-

နတ်ရေကန်ဗျူဟာသို့ စစ်တပ် တပ်ကူပို့မှု မအောင်မြင်၊ ကမ္ဘာလုံးအဆောက်အအုံ ထိခိုက်ပျက်စီး
စစ်ကောင်စီတပ်က နတ်ရေကန်ဗျူဟာဆီကို တပ်ကူပို့ဖို့ ကြိုးစားပေမဲ့ ပဇီနဲ့ ဂုတ်ကြီးရွာတွေကို မကျော်နိုင်ဖြစ်နေပြီး အခု နိုဝင်ဘာလထဲ ဗျူဟာပေါ်က ကမ္ဘာလုံးအဆောက်အအုံပါ ထိခိုက် ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ နတ်ရေကန်ဗျူဟာဆီ စစ်တပ်က တပ်ကူပို့ဖို့ ကြိုးစားနေလို့ လမ်းဟောင်းရော၊ လမ်းသစ်ဘက်မှာပါ တိုက်ပွဲတချို့ ဆက်ရှိနေကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ လမ်းဟောင်းဘက်မှာဆိုရင် ပဇီရွာကနေ ရှေ့ဆက်မတက်နိုင် ဖြစ်နေပြီး လမ်းသစ်ဘက်မှာတော့ ဂုတ်ကြီးရွာအနားက ခမောက်တောင်လို့ ခေါ်ကြတဲ့နေရာမှာ ထိတွေ့မှု ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်နဲ့ မကွေးအစပ်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တခုရဲ့ ရဲဘော်တယောက်က “ရိက္ခာနဲ့ စစ်ကူပို့တာတော့ ရှိပါတယ်။ နတ်ရေကန်ပေါ်ကို မရောက်ပါဘူး။ နတ်ရေကန်လမ်းဟောင်းဘက် ပဇီရွာအရှေ့ဘက်လောက်ပဲ ရောက်နိုင်တာမျိုးပါ။…