Tag: News

  • မိုးကုတ်မြို့အနီး ရှမ်းလမ်းဆုံ၌ စစ်ကောင်စီတပ် ရောက်ရှိ

    မိုးကုတ်မြို့အနီး ရှမ်းလမ်းဆုံ၌ စစ်ကောင်စီတပ် ရောက်ရှိ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ ၁၄ မိုင်ဝန်းကျင်အကွာက ရှမ်းလမ်းဆုံမှာ စစ်ကောင်စီတပ်တွေ ရောက်ရှိနေပြီလို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီနဲ့ အပစ်ရပ်ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို လက်လွှတ်မယ့်အကြောင်း အောက်တိုဘာ ၂၉ ရက်မှာ ကြေညာထားတာပါ။ TNLA က စစ်ကောင်စီကို သူတို့ကိုယ်တိုင် မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမယ့်အကြောင်း ဒေသတော်လှန်ရေးအင်အားစုတွေကို အတိအလင်း ပြောဆိုပြီးနောက် နိုဝင်ဘာ တတိယအပတ်မှာ စစ်ကောင်စီတပ်တွေဟာ မိုးကုတ်မြို့နဲ့ ၁၄ မိုင်ဝန်းကျင်အကွာက ရှမ်းလမ်းဆုံကို ရောက်ရှိလာတယ်လို့ မိုးကုတ်သပိတ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ် လမ်းကြောတလျှောက်ကို ပြန်စိုးမိုးထားပြီး ဒီလမ်းကြောင်းအတိုင်းပဲ မိုးကုတ်မြို့ထဲကို ဝင်လာဖို့ အခြေအနေ ရှိနေတာပါ။ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “၃၀ – ၃၁ ကို…

  • အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    အသက် ၁၂ နှစ် သမီးအား မုဒိမ်းကျင့်သည့် ဖခင်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် ၆၀ ချမှတ်

    တောင်ငူမှာ အသက် ၁၂ နှစ်အရွယ် သမီးငယ်အား မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၆၀ ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်ခဲ့သူ ဦးဇော်ခိုင်ကို တောင်ငူခရိုင်တရားရုံးက ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် အနှစ် ၂၀ ၃ ကြိမ် စုစုပေါင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ်အနှစ် ၆၀ ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။ “အရက်မူးပြီး ၁၄ နှစ်အရွယ် သမီးအကြီးကို မုဒိမ်းကျင့်တာမရလို့ အသက် ၁၂ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တာ၊ ကလေးတွေ ကိုယ်တိုင်က ပြောတာတောင် ငြင်းနေလို့…

  • ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    ပေါက်တောင်ပိုင်းက ပျူစောထီးရွာနှစ်ရွာကို တော်လှန်ရေးတပ်တွေ သိမ်းဆည်း

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ စစ်အုပ်စုတပ်နဲ့ပျုစောထီးတွေ အထိချတပ်စွဲနေထိုင်နေတဲ့ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာတွေကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ မြိုင်-ပကဖ က နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီပျုစောထီးအထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် သုံးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဝန်ကျုံးရွာနဲ့ သစ်ချိုကုန်းရွာကို တိုက်ခိုက်ပြီးနောက် ပင်တောင်ပျုစောထီးစခန်းကို ဆက်လက်တိုက်ခိုက်ရာမှာ အင်အားအလုံးအရင်းနဲ့ စစ်အုပ်စုတပ်တွေ စစ်ကူရောက်လာတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ ပျူစောထီးရွာတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၁ ရက်မှာ ဆိပ်ဖြူ ကပစ ၂၂ ကနေ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းဝင်လာတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးထားပြီး စစ်ရေးအရ အပြန်အလှန် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်…

  • လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    လူငယ် တယောက် ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေး တိမ်းရှောင်နေတဲ့ ပိုင်အုပ်စိုးအောင်

    မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင် တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု… ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai yan (ခ) ဝေယံဖြိုး တို့ အုပ်စုမှ (မူးယစ်ဆေး…

  • ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

    ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

    မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ Non CDM တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေး၊ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် အပါအဝင် ၄ ဦးတို့သည် နိုဝင်ဘာ ၁၈ ရက်တွင် လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။ ယင်းနေ့တွင် ဒေါက်တာမြမြမွှေးအပါ ၄ ဦးတို့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်သော အစည်း အဝေးသို့ တက်ရောက်ပြီး ရေစကြိုမြို့သို့ အိမ်စီးကားဖြင့်ပြန်လာစဉ် ပခုက္ကူ-ရေစကြို-ချောင်ဦးလမ်းပေါ်ရှိ ကျောက် လှေခါးကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်နှင့် နီးစပ်သူတဦးက “သူတို့ အဖမ်းခံလိုက်ရတယ်ဆိုတာတော့ သေချာတယ်။ သူတို့ စီးသွားတဲ့ ကားတွေပါ ယူသွားကြတာ။ အဲဒီနေ့က ခရိုင်အစည်းအဝေးပြီးတော့ ပြန်သွားကြတာမှာ ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာ အဖမ်းခံကြရတာလို့သိရတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အခုထိမသိရသေးဘူး”…