📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Tag: Movies

  • Book of Joshua: Walls of Jericho

    Book of Joshua: Walls of Jericho

    Book of Joshua: Walls of Jericho (2025) ဒီရုပ်ရှင်က သမ္မာကျမ်းစာထဲက ယောရှုမှတ်စာကို အခြေခံထားတာဖြစ်ပြီး မိုးဇာတ်ရုပ်ရှင်ကြီးတွေလို အရည်အသွေးမမီပေမယ့် ကျမ်းစာပုံပြင်ကို စိတ်ဝင်စားသူတွေအတွက်တော့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရုပ်ရှင်ရဲ့ အဓိကဇာတ်လမ်းက မောရှေဆီကနေ ခေါင်းဆောင်တာဝန်ကို ဆက်ခံထားရတဲ့ ဂျော့ရှဝါက အစ္စရေးတွေကို ခါနန်ပြည်ထဲခေါ်ဆောင်သွားတဲ့ အကြောင်းဖြစ်ပါတယ်။ သူတို့ရဲ့ပထမဆုံးစစ်ရေးခရီးက ခိုင်ခံ့ပြီးထိုးဖောက်မရတဲ့ ဂျေရီကိုမြို့ရိုးကြီး ဖြစ်ပါတယ်။ ဘုရားသခင်က စစ်ရေးနည်းဗျူဟာနဲ့မဟုတ်ဘဲ ယုံကြည်ခြင်းနဲ့ ဆောင်ရွက်ရမယ့် အံ့ဖွယ်နည်းလမ်းကို ညွှန်ကြားထားပါတယ်။ အစ္စရေးတွေဟာ ဘုရားသခင် ညွှန်ကြားတဲ့အတိုင်း ခြောက်ရက်တိတိ တံပိုးမှုတ်ရင်း မြို့ရိုးကို တစ်ပတ်စီ ပတ်ကြတယ်။ သတ္တမနေ့မှာတော့ ခုနစ်ပတ်ပတ်ပြီး လူအားလုံးက တံပိုးအပြင် “အော်” ဆိုတဲ့ အသံကြီးနဲ့ပါ ဟစ်အော်ကြတဲ့အခါ ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့် မြို့ရိုးကြီးတွေပြိုကျသွားပါတယ်။ ရုပ်ရှင်ရဲ့ဇာတ်လမ်းက…

  • Faithless

    Faithless

    Faithless (2000) ဒီဇာတ်ကားက ဆွီဒင်စကားပြော ဒရာမာဇာတ်ကားဖြစ်ပြီး Cannes Film Festivalကြီးရဲ့ အဓိကပြိုင်ပွဲဝင်ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားက အချစ်နှင့် အိမ်ထောင်ရေးတို့ကြားက သစ္စာမရှိမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဘယ်လောက်ထိ ကိုယ့်ဘဝပေါ် များစွာ သက်ရောက်‌‌နိုင်ကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တချို့ကလည်း ဒီဇာတ်ကားက ဒါရိုက်တာကြီး Ingmar Bergmanရဲ့ ဘဝအတွေ့အကြုံတွေကို အခြေခံထားတာလို့လည်း ပြောကြပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ အသက်ရလာတဲ့ ဒါရိုက်တာ၊ စာရေးဆရာကြီး Bergmanနဲ့ သူဆုံခဲ့ဖူးတဲ့ သူ့စိတ်ကူးထဲက မာရီယန်လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦး စကားပြောခန်းက အစပြုထားပါတယ်။ ဒီစကားဝိုင်းက မာရီယန်ရဲ့အတိတ်ဇာတ်ကြောင်းကို အသားပေးထားတာပဲ ဖြစ်ပြီး သူမနှင့် ခင်ပွန်းဖြစ်သူ ဂီတပညာရှင် မားကပ်စ်ရဲ့ကြား မိတ်ဆွေဖြစ်သူ ဒေးဗစ်‌ ဝင်ရောက်လာတဲ့နောက် စိတ်ကစားမိပြီး သာယာတဲ့…

  • A Long Shot

    A Long Shot

    A Long Shot (2025) ဒီကားလေးကတော့ ၂၀၂၅ခုနှစ်မှာထွက်ထားတဲ့ တရုတ် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… တက္ကသိုလ်ကျောင်းသူလေး ပိုင်ကျားယီဟာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုတစ်ခုမှာ မတော်တဆ ပါဝင်ပတ်သက်သွားခဲ့မိတယ်။ ဖော်ပြလို့မရတဲ့ ကြောက်ရွံ့မှုတွေက သူ့ကိုလွှမ်းခြုံနေတဲ့အချိန်မှာ ပိုင်ကျားယီဟာ ကွမ်ရီးနဲ့ တွေ့ဆုံခဲ့တယ်။ သေဆုံးသူ၏ နောက်ကြောင်းရာဇဝင်ကို ဖော်ထုတ်လိုက်နိုင်တဲ့အခါမှာ အခြေအနေအားလုံးဟာ တဖြည်းဖြည်းနဲ့ထိန်းချုပ်မရ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးဟာ အဲဒီအခြေအနေကနေ လွတ်မြောက်ဖို့အတွက် အရာရာကိုစွန့်စားပြီး ကြံစည်အားထုတ်ခဲ့ရတယ်။ ဒါပေမယ့်လဲ ဒီခရီးလမ်းရဲ့အဆုံးမှာတော့ ပြီးပြည့်စုံခြင်းမရှိတဲ့ လွတ်မြောက်ခြင်းတစ်ခု ဖြစ်လာမယ်ဆိုတာ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်နေခဲ့တယ်။ Suspense ဇာတ်လမ်းအမျိုးအစားကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့် ကားလေးပဲဖြစ်ပါတယ်။

  • Mamasan

    Mamasan

    Mamasan (2025) အလင်းရောင်မှိန်မှိန်အောက်မှာ ဆွဲဆောင်မှုအရှိဆုံး ကောင်မလေးတွေရဲ့ ညှိကွက်တွေနဲ့ ပြည့်နှက်နေတဲ့ ဘားတစ်ခု။ ဒီနေရာမှာ ဖောက်သည်တွေဟာ သောက်ရင်းစားရင်း အကမယ်တွေရဲ့ဆက်ဆီကျကျ ကကွက်တွေကို ရှုစားနိုင်သလို လိုအပ်ရင် သီးသန့်အခန်းတွေမှာ လက်ခုပ်တီးနိုင်ပါသေးတယ်။ ဒီဘားရဲ့ အကြီးအကဲ အတွေ့အကြုံရင့် ညဉ့်ဘုရင်မကတော့ မားမားဆန်ပါပဲ။ သူက ဘားရဲ့ အားထားရဆုံး အကာအကွယ်ပေးနိုင်ဆုံးသူတစ်ဦးဖြစ်သလို ဝင်ငွေကိုလည်း ထိန်းချုပ်စီမံနိုင်သူပါ။ နယ်မြိုလေးကနေ မြိုကြီးကို ရောက်လာတဲ့ အပျိုဖြန်းလေး ပင်ကီဟာ မားမားဆန်ရဲ့ သင်ပေးမှုတွေကြောင့် ဘားရဲ့ နာမည်ကြီး ကြယ်ပွင့်တစ်ဦးဖြစ်လာပါတယ်။ နေစရာအခက်အခဲကြောင့် ပင်ကီဟာ မားမားဆန်ရဲ့ အိမ်မှာ အတူတူလိုက်နေဖို အကြောင်းဖန်လာပါတော့တယ်။ အဲဒီအိမ်မှာလည်း မားမားဆန်ရဲ့သူငယ်ဖြစ်သူ အချိန်တိုင်းထောင်လန်းတဲ့တောင်ကြာပန်းပိုင်ရှင်တစ်ဦးရှိနေတဲ့အခါ.. VMAX ရဲ့ထုံးစံအတိုင်း ရှိက်ကြီးဖိုငယ်အသွယ်သွယ်နဲ့ သွားရည်တမြားမြားကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

  • Spotlight

    Spotlight

    Spotlight (2015) 2015 တုန်းက အော်စကာရခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ IMDb 8.1 ရရှိထားပါတယ်။ ကမ္ဘာကြီးကို တုန်လှုပ်သွားစေတဲ့ သတင်းကြီးတစ်ခုကို ထုတ်ပြန်လိုက်တဲ့ စပေါ့လိုက်အဖွဲ့ရဲ့ အတွေ့အကြုံတွေကို ပြသထားတာပဲ ဖြစ်ပါတယ်။ အဲဒီသတင်းကတော့ ကတ်သလစ် ဘုရားကျောင်းအဖွဲ့က ဘုန်းတော်ကြီးတွေက ယောက်ျားလေး ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေရှိနေတဲ့ သတင်းအပြင် အကြီးပိုင်းက သိလျက်နဲ့ လျစ်လျူရှုထားတာကိုပါ ဖော်ထုတ်ပြနိုင်ခဲ့လို့ တစ်ကမ္ဘာလုံး ပွဲဆူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ စပေါ့လိုက် သတင်းထောက်အဖွဲ့ရဲ့ ကြိုးစားမှုတွေ၊ ကျူးလွန်ခံရသူတွေရဲ့ ခံစားချက်တွေ၊ ရှေ့နေနဲ့ ဂုဏ်သရေရှိလူကြီးတွေရဲ့ ဘက်လိုက်မှုတွေ၊ ဖိအားတွေကို သေချာပြသထားတာ တွေ့ရမှာပါ။ တကယ်ကို တစ်ထိုင်တည်း မရပ်တမ်း ကြည့်ချင်စရာ ရုပ်ရှင်တစ်ခုပါပဲ။ မကြည့်ရသေးရင် ခံစားကြည့်လိုက်ကြပါဦး။