အွန်လိုင်းဆယ်လီ သမီးဆိုး ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ကနဦး သိရသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေသော သမီးဆိုး (ခ) သက်ကိုကို ကို ယနေ့ (အောက်တိုဘာ ၁၂ ရက်) ၊ နံနက်ပိုင်းက ဖမ်းဆီးလိုက်ခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်ကနေကြားသိရပါတယ်။ သမီးဆိုး သည် နိုင်ငံတော်အကြီးအကဲများနှင့် ၄င်းတို့၏ဇနီးများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အွန်လိုင်းဆယ်လီများကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝေဖန်ပြောဆိုနေသူတစ်ဦးဖြစ်သည်။ ရန်ကုန်လေဆိပ်မှာ လေယာဉ်ပေါ်ရောက်ပြီးမှ အေသင်ကိုရဲ့ ပါဝါကြောင့် ထွက်ခွာခွင့်မရဘဲ ပြန်ဆင်းလာရတဲ့ သမီးဆိုး သားနဲ့ ယောကျာ်းကို ထိုင်းဘက်ပြေးခိုင်း ကိုယ်တိုင်ကတော့ ဘယ်သူမှ မမှတ်မိအောင်လုပ်ပြီး စင်ကာပူကို ထွက်ဖို့လုပ်တဲ့အချိန် လေယာဉ်ပေါ်မှာ မိသွားတယ်လို့ သတင်းများ…
ထက်ထက်ထွန်းရေ နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ ဖက်ခွက်စားတွေဆိုတာ အာ့ဒါပဲ …. စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းပေါ်ကို ရဲရဲ တောက်ထွက်ကာ နေ့စဉ်နဲ့အမျှ ဝတ်စုံမျိုးစုံဖြင့် ဆန္ဒထွက်ပြခဲ့တဲ့ နိုင်ငံ့ကိုယ်စားပြု အမည်နဲ့ ကိုယ်ကျိုးစီးပွါးရှာခဲ့တဲ့ အလှမယ်အမည်ခံ ထက်ထက်ထွန်းဟာ သူမ ဆန့်ကျင်တော်လှန်ခဲ့တဲ့ စစ်အာဏာရှင်က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဝင်ဖို့ တပြားမနိုင် သက်သက်ခိုင် ပါတီမှာ စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ အမှန်တရားကို ရရင် ရ၊ ပြန်မရရင် စစ်အာဏာရှင်အလိုကျ အမတ်လုပ်မှာပါ။ အောက်မှာတော့ အာဏာသိမ်းခါစ ထက်ထက်ထွန်းရဲ့ သတင်းလေးပါ။ “အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် အလှမယ် ထက်ထက်ထွန်းက ဒီမိုကရေစီလမ်းကြောင်းကို လမ်းလျှောက်နေချိန် ခေတ်နောက်ပြန်ဆွဲပြီး ပြည်သူတွေရဲ့ ဘဝတွေ…
TikTok တွင် Followers ၃ သိန်းကျော်ရှိသော အသက် ၂၀ ဝန်းကျင်သာရှိသည့် တောင်ကိုရီးယားသူ ယွန်ဂျီအာသည် နောက်ဆုံး Livestream လွှင့်အပြီး မိနစ် ၃၀ အကြမှာပင် ရက်စက်စွာ ရိုက်နှက် နှိပ်စက်ခံရကာ တောင်တန်းထူထပ်သည့် ဂျိုရယ်လာခရိုင်မြောက်ပိုင်း မူဂျူစီရင်စု၌ အိတ်ထဲအလောင်းထည့် စွန့်ပစ်မှုဖြစ်ပွားခဲ့သည်။ ယွန်ဂျီအာ နောက်ဆုံးရိုက်ကူးရေးလုပ်ခဲ့သည့်နေရာမှာ အင်ချွန်းရှိ ယွန်ဂျွန်းကျွန်းပေါ်တွင်ဖြစ်ကာ အလောင်းတွေ့ရှိသောနေရာနှင့် ၃ နာရီကြာ ကားမောင်းခရီးအကွာအဝေးရှိသည်ဟု ဆိုသည်။ စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှတ်တမ်းများအရ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကားအတွင်းမှ ယွန်ဂျီအာ တံခါးတွန်းဖွင့်ထွက်ပြေရန် ကြိုးစားနေသည့်မြင်ကွင်အား မြင်တွေ့ရသလို အတွင်းမှ ဆောင့်စွဲပြီး တံခါးပြန်ပိတ်သွားမှုကို မြင်တွေ့ခဲ့ရသည်။ သံသယတရားခံ ချွိုင် (အွန်လိုင်းအမည်…
NLD အစိုးရခေတ်က လေးဖြူ၏ ဆန္ဒမဲပေးကြမည် သီချင်း စစ်တပ်က ပြန်လည်ထုတ်လွှင့်နေမှုကြောင့် ဝေဖန်မှုမြင့်တက်နေ NLD အစိုးရခေတ်က အဆိုတော် လေးဖြူရေးသား သီဆိုခဲ့သည့် ဆန္ဒမဲပေးကြမည့် သီချင်းကို စစ်ကော်မရှင်လက်အောက်ခံ MRTVက ပြန်လည်ထုတ်လွှင့်ခဲ့သည့်အတွက် ဝေဖန်မှုမြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် အဆိုတော်လေးဖြူက နိုင်ငံသားတိုင်း ဆန္ဒမဲပေးကြရန် ရည်ရွယ်ချက်ဖြင့် ဆန္ဒမဲပေးကြမည် ဆိုသည့် သီချင်းကို ရေးသားဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ယင်းနှစ် စက်တင်ဘာ လတွင် ဧရာ၀တီသတင်းဌာနကို ဖြေကြားထားသည်။ ဆန္ဒမဲပေးကြမည် သီချင်းစတင် ထုတ်လွှင့်ချိန်က တော်လှန်အနုပညာရှင်တစ်ဦးဖြစ်သည့် ဒေါင်းက သရုပ်ဆောင်ခဲ့ပြီး ၂၀၂၀ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ပါဝင်အားဖြည့်ပေးခဲ့သည်။ “စစ်တပ်ရဲ့ MRTV ကနေ ဒီသီချင်းပြတာကို မြင်လိုက်တော့ အံ့ဩသွားတယ်။ ဒီကောင်တွေက…
စစ်ကော်မရှင် ရဲတပ်ဖွဲ့ ဝါဒဖြန့် ရုပ်ရှင်အား လုံခြုံရေးတင်းကျပ်ပြီး ရုံတင်ပြသ စစ်ကော်မရှင် ရဲတပ်ဖွဲ့ဝါဒဖြန့် ဘဝကို စားသော ကိန်းဂဏန်းများ ရုပ်ရှင်အား လုံခြုံရေး တင်းကျပ်ကာ ရုံတင်ပြသခြင်း ပြုလုပ်နေကြောင်း ရုပ်ရှင် အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ရုပ်ရှင်အား ရုပ်ရှင်အထူးပွဲ ပြသသည့် နေ့ကစပြီး ပြသသည့် ရုပ်ရှင်ရုံများ၌ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ “ရုပ်ရှင် Press Show က သမ္မတရုံမှာ လုပ်တာ။ အဲ့ဒီနေ့က မီဒီယာတွေကိုပါ အစစ်အဆေးတွေ လုပ်တာ။ ကျန်တဲ့ ပွဲတွေဆို မစစ်ဘူး” ဟု ပြည်တွင်း အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။ ယင်း ရုပ်ရှင်အား စက်တင်ဘာ ၁၉ရက်မှ စ၍ သမ္မတရုပ်ရှင်ရုံအပါအဝင် ရုပ်ရှင်ရုံများ၌…