Tag: News

  • ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

    စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲဂုဏ်ပြုကားလို့လူတွေသိသွားပြီးတဲ့နောက်ပါဝင်တဲ့သရုပ်ဆောင်တွေထဲက တချို့ဟာ ပရက်ရှိုးလည်းမတက်တော့ဘဲ ဆိုရှယ်မီဒီယာမှာပါ အဲဒီဇာတ်ကားအကြောင်း မတင်ရဲကြတော့ဘူးလို့ သိရပါတယ်။

    စက်တင်ဘာ ၁၉ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဘဝကိုစားသော ကိန်းဂဏန်းများရုပ်ရှင်ဟာ ရဲတပ်ဖွဲ့ဂုဏ်ပြုကားလို့ လူတွေသိသွားခဲ့ကြပါတယ်။

    အဲဒါကြောင့် ပါဝင်တဲ့သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဆိုရှယ်လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကြေညာတာ မတွေ့ရတော့ပါဘူး။

    အနုပညာလောကနဲ့ဆက်နွယ်သူတဦးက”ရှိုးမှာ ဒါရိုက်တာတွေလာကြည့် ကြတာမြင်မိသည်။ သရုပ်ဆောင် တွေလဲ လာကြသည်။ သို့သော်ပို့စ်တွေ တင်တာတော့ သိပ်မမြင်ရချေ။”လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    ဒါ့အပြင် မင်္ဂလာရုပ်ရှင်ရုံ Page ကလည်း သာမန်ဇာတ်ကားများ ပရက်ရှိုးပြတိုင်း Live လွှင့်ပေးခဲ့ပေမဲ့ ဒီဇာတ်ကားကိုတော့Liveလွှင့်တာမရှိပါဘူး။

    ဒါ့အပြင် မင်္ဂလာရုပ်ရှင်လုပ်ငန်းစုဟာတခြားကားတွေဆိုရင်မတင်ခင်တပတ်လောက်အလိုကတည်းက Post ပေါင်းများစွာ နေ့စဥ်တင်ပေးလေ့ရှိသော်လည်း ရဲဂုဏ်ပြုဇာတ်ကားကိုတော့ ပိုစတာပုံနဲ့ ဇာတ်ကားနမူနာတခုပဲ တင်ပေးခဲ့တာ တွေ့ရပါတယ်။

    ဒါ့အပြင် Press Show မှာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေထဲက အနည်းငယ်သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကနေရာက ပါဝင်ထားတဲ့ တေဇလင်းရောင်ဟာ ပွဲတက်ခဲ့ခြင်းမရှိသလို သူ့လူမှုကွန်ရက်မှာလည်း ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှတင်မထားခဲ့ပါဘူး။

    ရှေ့မှာတင်တဲ့ နှောင်ကြိုးဝိုင်းဇာတ်ကားကိုတော့ ပွဲလည်းတက်ခဲ့သလို Facebook မှာလည်း Post တွေတင်ပေးခဲ့ပါတယ်။

    အလားတူ Press Show တိုင်းမပျက်မကွက်တက်တတ်တဲ့ ခင်လှိုင်လည်း ဒီပွဲမှာတက်လာတာမတွေ့ရပါဘူး။

    ဘဝကိုစားသောကိန်းဂဏန်းများရုပ်ရှင်ဟာ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် စစ်တပ်လက်​အောက်ခံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

    ဒါပေမဲ့ အာဏာသိမ်းကာလအတွင်း ပြည်သူတွေရဲ့ တူးတူးခါးခါးမုန်းတီးမှုကို ခံယူထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုထားတာမို့ ပြည်သူတွေလာမကြည့်မှာစိုးလို့ ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းဆိုတာကိုဖျောက်ပြီးသာမန်ဇာတ်ကားတကားလို ရုံတင်ဖို့ ကြိုးစားခဲ့တာပါ။

    အဲဒီဇာတ်ကားဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားဖြစ်တာမို့ အခြားကားတွေလို တန်းစီစရာမလိုဘဲ ကြားဖြတ်တင်တာဖြစ်ပါတယ်။

    ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတာကတော့ စစ်တပ် ဝါဒဖြန့်ဇာတ်ကားအများအပြားကို အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့တဲ့၊ စစ်တပ်ဝါဒဖြန့် ဇာတ်ကား”စောင်နီလေးတထည်” နဲ့ အကယ်ဒမီပါရခဲ့တဲ့၊ လက်ရှိလည်း စစ်ကောင်စီအရာရှိတဦးဖြစ်တဲ့ တင်အောင်စိုး(ပန်းမြို့တော်)ဖြစ်ပါတယ်။ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ဟာ မြဝတီမဂ္ဂဇင်း၊ မြဝတီရုပ်မြင်သံကြားတို့မှာ တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ စစ်ကောင်စီ အရာရှိတဦးပါ။

    သရုပ်ဆောင်တွေအနေနဲ့ စစ်ကောင်စီကိုအားပေးတဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ခင်လှိုင်၊ ဆုပန်ထွာ၊ ကြည်စိုးထွန်းသား ချမ်းသာကြည်စိုး၊ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ တေဇာကျော်၊ ဟင်နရီစံ၊ ဝေလာရီ၊ စုလင်းရှိန်၊ ထွန်းပုလဲရတနာ၊ ချိုမဒီသွင်တို့ ပါဝင်ပါတယ်။

  • ညောင်လေးပင်တွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းနေသော ပျူစောထီး ကိုကို  ပစ်ခတ်ခံရပြီး သေဆုံး

    ညောင်လေးပင်တွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှဉ်းပန်းနေသော ပျူစောထီး ကိုကို ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော ပျူစောထီး ကိုကို ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း 9 Stars UG ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။

    စက်တင်ဘာလ ၁၈ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်မြို့နယ် တာဦးကျေးရွာတွင် နေထိုင်သော ပျူစောထီး ကိုကို ဆိုသူကို 9 Stars UG အဖွဲ့က နေအိမ် အတွင်း သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် တာဦးရွာပြင်သို့ ခေါ်ဆောင်လာစဉ် ပျူစောထီး ကိုကို ဆိုသူက ၎င်းလွယ်အိတ်အတွင်း ပါလာသည့် လက်ပစ်ဗုံးဖြင့် ခုခံ တိုက်ခိုက်ရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး ကိုကို၏ လွယ်အိတ်အတွင်းမှ Vivo ဖုန်း ၁ လုံး ၊ ပိုက်ဆံ အိတ် ၁ လုံး၊ ငွေကျပ် ၄ သောင်းနှင့် မှတ်ပုံတင် ၁ ခု၊ အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသော လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ပြီး 9 Stars UG ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ပျူစောထီး ကိုကို ဆိုသူသည် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသူဖြစ်ကြောင်း၊ ထို့ပြင် မဒေါက်မြို့မှ ဗိုလ်လေး ခင်လှိုင်နှင့် ပူးပေါင်းကာ စစ်တောင်းမြစ်အတွင်း ငါးရှာစားနေတဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်း၊ လုပ်ငန်းရှင် စက်လှေများထံမှ ၁ စီးလျှင် ငွေကျပ် ၂ သိန်း ဆက်ကြေးတောင်းခြင်း၊ စစ်ဘေးရှောင် ပြည်သူများက ကျွဲ၊ နွားများ အမဲပေါ်လျှင် တစ်ကောင်လျှင် ငွေကျပ် ၃ သောင်းခွဲ မတရားကောက်ခံခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

    “ပထမတော့ ကျနော်တို့က ရှင်းပစ်ဖို့ထိ မရည်ရွယ်ခဲ့ဘူး။ မေးမြန်းပြီး နောက်ဆုံးအကြိမ် အဖြစ် သတိပေးပြီး ပြန်လွှတ်ပေးဖို့ပဲ စီစဥ်ခဲ့တာ သူ့ဘက်ကစပြီး ကျနော်တို့ ရဲဘော်တွေကို ခုခံတုန့် ပြန်လာလို့ ရှင်းပစ်ခဲ့ပြီးမှ ပစ္စည်း တွေကို သိမ်းဆည်းခဲ့တာ” ဟု 9 Stars UG ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။

    ဆက်လက်၍ ပဲခူးတိုင်း အရှေ့ခြမ်းတွင် ပြည်သူကို ဒုက္ခ ပေးနေသော ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများနှင့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနေပြီး ပြည်သူကို ဒုက္ခပေးနေသူများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း 9 Stars UG အဖွဲ့က အသိပေး ပြောဆိုထားသည်။

    ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် ပျူစောထီး ၁ ဦး ရှင်းလင်းခံနေရစဉ်။

  • ဘဏ်အကောင့်တွေ အပိတ်ခံရတာ ရှိနေဦးမှာ လို့ ထိုင်းဗဟိုဘဏ်ပြော

    ဘဏ်အကောင့်တွေ အပိတ်ခံရတာ ရှိနေဦးမှာ လို့ ထိုင်းဗဟိုဘဏ်ပြော

    ထိုင်းမှာ ဘဏ်အကောင့်တွေ အပိတ်ခံနေရတဲ့ ကိစ္စက နောက်ထပ်လည်း ကြုံနေဦးမှာလို့ ထိုင်းဗဟိုဘဏ်က အတည်ပြု ပြောကြားခဲ့ပါတယ်။

    ထိုင်းမှာ ဆိုက်ဘာ ရာဇဝတ်မှုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ငွေအလွှဲအပြောင်းမျိုး ရှိနေတဲ့ ဘဏ်အကောင့်တွေကို ဗဟိုဘဏ် ညွှန်ကြားချက်နဲ့ ပိတ်နေတာကြောင့် ဘဏ်စနစ် သုံးစွဲသူတွေကြား အတော်လေး ဂယက်ထနေပါတယ်။

    အစောပိုင်းက အဲဒီ ပိတ်ပင်မှုတွေဟာ နိုင်ငံခြားသား အကောင့်ပိုင်ရှင်တွေကိုသာ သက်ရောက်ခဲ့ရာကနေ အခုတော့ ထိုင်းနိုင်ငံသားတွေပါ ကြုံတွေ့ ခံစားနေရပါတယ်။

    ထိုင်းနိုင်ငံရဲ့ ဗဟိုဘဏ်ဖြစ်တဲ့ ထိုင်းဘဏ်ကတော့ အပိတ်ခံရတဲ့ အကောင့်ပိုင်ရှင်တွေ အနေနဲ့ စိတ်မပူဖို့ နှစ်သိမ့်ထားပြီး ရာဇဝတ်မှုတွေနဲ့ ဆက်စပ်မှု မရှိကြောင်း စစ်ဆေး အတည်ပြုပြီးတာနဲ့ အကောင့်တွေကို ပြန်ဖွင့်ပေးမယ်လို့ ကြေညာထားပါတယ်။

    အဲဒီလို စိစစ်တဲ့ လုပ်ငန်းကိုလည်း အမြန်ပြီးမြောက်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

    ဒါပေမဲ့ အဲဒီပြဿနာဟာ ထိုင်းလူထုကြားမှာ အတော်လေး လူပြောများနေပြီး စိတ်ပျက်လက်ပျက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ဒီအခြေအနေကို နားလည် သဘောပေါက်ပေမယ့်လည်း ထပ်ပြီး အကောင့်တွေ ပိတ်ပင်ခံရတာတွေ ကြားနေ၊ မြင်နေရလိမ့်ဦးမယ်လို့ ဗဟိုဘဏ်က စက်တင်ဘာ ၁၈ ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

    အဲဒီလုပ်ရပ်ဟာ လူကြိုက်မများပေမယ့်လည်း လိမ်လည်မှုတွေ ခံရပြီး ဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေရဲ့ ငွေကြေးတွေကို ရနိုင်သမျှ ပြန်ယူပေးဖို့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စလို့ ဗဟိုဘဏ်က ပြောပါတယ်။

    ထိုင်းရဲ့ အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး စင်တာ (AOC)ဟာ ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်တယ်လို့ ယုံကြည်ယူဆတဲ့ ဘဏ်အကောင့်တွေ အမြောက်အမြားကို ပိတ်ချထားခဲ့ပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်ရဲ့ သုံးစွဲသူ ကာကွယ်ရေးဌာန ဒုတိယ အကြီးအကဲ ဒါရန်နီ ဆယ်ဂျူက ပြောကြားခဲ့ပါတယ်။

    ဒါပေမဲ့ ရာဇဝတ် လုပ်ရပ်တွေနဲ့ ဆက်စပ်မှုရှိတဲ့ အကောင့်တွေနဲ့ ငွေအလွှဲအပြောင်း လုပ်ထားတဲ့ ဘဏ်စာရင်းတွေကိုပဲ ပိတ်တာပါလို့ သူက ဆိုပါတယ်။

    တစ်ချိန်တည်းမှာပဲ ဘဏ်အကောင့်တွေ ပိတ်ခြင်း၊ ပြန်ဖွင့်ခြင်းနဲ့ ပတ်သက်တဲ့ လက်ရှိ လုပ်ငန်းစဉ်တွေမှာ သုံးစွဲသူတွေ ကြုံရတဲ့ ပြဿနာတွေကို လျှော့ချနိုင်ရေး နည်းလမ်းတွေအတွက် ဗဟိုဘဏ်ဟာ AOCရော၊ ပုဂ္ဂလိက ဘဏ်တွေနဲ့ပါ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေတယ်လို့လည်း သိရပါတယ်။

    အခုသီတင်းပတ်ကုန်မှာ နောက်ထပ် ဆွေးနွေးမှုတွေ ထပ်လုပ်ပြီးရင် အပြောင်းအလဲတွေကို ချက်ချင်း ကြေညာသွားမယ်လို့လည်း ဒါရန်နီက ဆိုပါတယ်။

    ဘဏ်အကောင့်တွေကို စုံစမ်းစစ်ဆေးမှု ကာလအတွင်း ယာယီ ပိတ်ထားတာ ဖြစ်ရင်တောင်မှ သုံးစွဲသူတွေအတွက် သက်ရောက် ထိခိုက်မှုတွေ ရှိစေတယ် ဆိုတာကို သဘောပေါက်တယ်လို့လည်း ဒါရန်နီက ဆက်ပြောပါတယ်။

    သူက ဘဏ်အကောင့် အပိတ်ခံရသူတွေဟာ ထိုင်းမှာ ကြေညာထားတဲ့ hotlineတွေဆီအမြန်ဆုံးဖုန်းခေါ်ပြီး စိစစ်မှုတွေ မြန်မြန်ပြီးမြောက်အောင် ခံယူနိုင်ကြောင်း၊ သက်ဆိုင်ရာ စုံစမ်းရေး အေဂျင်စီတွေကလည်း စိစစ်မှု အဆင့်တွေကို အမြန်ဆုံး ပြီးစီးအောင် အရှိန်မြှင့် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ကတိပေးသွားပါတယ်။

    ကိုးကား – Bangkok Post ၊ ဓာတ်ပုံ – Reuters

  • စစ်ကိုင်းမှာ မိုင်းဆွဲခံရလို့ သေတဲ့ စစ်အုပ်စု အလောင်းတွေ PDF က ကောက်သူသင်္ဂြိုဟ်ပေးရ

    စစ်ကိုင်းမှာ မိုင်းဆွဲခံရလို့ သေတဲ့ စစ်အုပ်စု အလောင်းတွေ PDF က ကောက်သူသင်္ဂြိုဟ်ပေးရ

    မိုင်းဆွဲခံရတဲ့ ရွာအနီးက လေဖြတ်နေတဲ့ ဘုန်းတော်ကြီး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၁၂ဦးကို စစ်အုပ်စုက သတ်ဖြတ်ပြီး ဘုရားဝင်းထဲ PDF ကို ဆဲဆိုတဲ့ စာတွေ ရေးထားခဲ့

    စစ်ကိုင်းမြို့နယ်က ငလျင်ဒဏ်သင့် ကျေးရွာတွေကို လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၁၃ ရက်မှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် မိုင်းထိသေဆုံးတဲ့ စစ်အုပ်စု အလောင်းတွေကိုပါ ကောက်ယူသင်္ဂြိုဟ် ပေးနေရတယ်လို့ ဒေသခံ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    စက်တင်ဘာ ၁၃ ရက်က စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာကို စီးနင်းလုယက် မီးရှိုပြီး ခက်ခရွာနဲ့ စမွန်းရွာကြား ရောက်ရှိလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ငါးယောက် သေတယ်လို့ ဆိုပါတယ်။

    အဲ့ဒီ သေဆုံးတဲ့ စစ်အုပ်စု အလောင်းတွေကို ကောက်ယူ သယ်ဆောင်သွားတာ မရှိဘဲ လမ်းဘေး စွန့်ပစ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေကပဲ ကောက်ယူသင်္ဂြိုဟ်ပေးရတာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

    “ခက်ခအနောက်ရွာနဲ့ စမွန်းရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လိုက်လို့ (စခ) ငါးကောင် သေသွားတယ်။ အဲဒီလို မိုင်းဆွဲခံလိုက်ရတော့ စစ်ကြောင်းက ရှေ့ဆက်မတိုးတော့ဘဲ ခက်ခရွာဘက် ပြန်ဝင်သွားတာ။ နောက်တစ်ရက်ကျမှ သူတို့(စစ်အုပ်စု)တွေ မိုင်းရှင်းပြီးတော့ သူတို့ လူတွေရဲ့ အလောင်းတွေကို လမ်းဘေးမှာ ဖြစ်သလို ပစ်ထားခဲ့တာ။ (စခ)တွေက သူတို့ မိုင်းဆွဲခံရလို့ဆိုပြီး ခက်ခရွာထဲမှာ လေဖြတ်ပြီးတော့ မပြေးနိုင်တဲ့ ဘုန်းကြီးကို ခေါင်းတေ့ ပစ်သတ်သွားခဲ့သေးတယ်”

    မိုင်းထိပြီး သေဆုံးတဲ့ စစ်အုပ်စု ရုပ်အလောင်းတွေကို စက်တင်ဘာ ၁၆ ရက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန် လမ်းဘေးမှာ ဖြစ်သလိုမြေမြှုပ် စွန့်ပစ်ထားခဲ့တာကို တွေ့ရှိခဲ့တာကြောင့် တူးဖော်ပြီး ကောင်းမွန်စွာနဲ့ မီးသင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

    “မိုင်းထိပြီးသေဆုံးနေတဲ့ စစ်အုပ်စု ရုပ်အလောင်းတွေမှာ ထူးခြားတာက ငွေ(ကျပ်) ၁၂၀၅၀ ပါတာ တွေ့ရတယ်။ အလောင်းတိုင်းမှာ ထည့်ပေးထားတာ တွေ့ရတယ်။ သူတို့ဆီက ဘာမှတော့ မတွေ့ရပါဘူး။ ရေစိုနေလို့ ဖတ်မရတော့တဲ့ ဗလာစာအုပ်နဲ့ အဲဒီ ငွေသားပဲ တွေ့ရတာ။ သူတို့(စစ်အုပ်စု) မိုင်းထိပြီးတော့ ခက်ခအနောက်ရွာက မပြေးနိုင်လို့ လေဖြတ်နေတဲ့ ဘုန်းကြီးကို သတ်ပြီး ဘုရားဝန်းထဲမှာ စာတွေ ရေးထားခဲ့သေးတယ်။ ဒီစစ်ကြောင်းက ဝက်လက်နယ်ကနေ စစ်ကိုင်းနယ်မြောက်ခြမ်းကို ဝင်လာတာ။ လမ်းတလျှောက်မှာ တွေ့တဲ့လူ အကုန်သတ်ပြီး ရွာတွေမီးရှို့၊ ပစ္စည်းတွေယူသွားတာ”လို့ မြေပြင် သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    ဝက်လက်နယ် အရှေ့တောင်ခြမ်းကနေ နယ်မြေချင်း ထိစပ်နေတဲ့ စစ်ကိုင်းနယ်မြောက်ခြမ်းကို စက်တင်ဘာ ၁၁ ရက်မှာ အင်အား ၁၃၀ ကျော်နဲ့ ဝင်ရောက်လာခဲ့တဲ့ စစ်အုပ်စုဟာ တလိုင်းရွာကို စီးနင်း လုယက်မီးရှို့ပြီး ဒေသခံ အမျိုးသား လေးဦး၊ စစ်ရှောင်ပြည်သူ အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦး၊ စုစုပေါင်း ကိုးဦး၊ ခက်ခရွာက ပြည်သူ အမျိုးသားတစ်ဦးနဲ့ လေဖြတ်နေတဲ့ သံဃာတစ်ပါး၊ မယ်ဇလီချောင်းရွာ ဒေသခံ အမျိုးသား တစ်ဦး စတဲ့ ဒေသခံပြည်သူ ၁၂ ဦးကို ငါးရက်အတွင်းမှာ ဖမ်းဆီး သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်အုပ်စု စစ်ကြောင်းဟာ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ သူတို့ထိန်းချုပ်ထားတဲ့ စစ်ကိုင်း-ရွှေဘို လမ်းပိုင်းပေါ်က ကျားမင်းကြီး၊ ကျော်ဇေယျာ စတဲ့ ကျေးရွာတွေက အထိုင်စခန်းနေရာတွေကို ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။

    ငလျင်ဗဟိုချက်ဖြစ်ခဲ့ပြီး ငလျင်ဒဏ်ကြောင့် လူရာထောင်ချီ သေဆုံးခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လက စတင်ပြီး အခုလ စက်တင်ဘာထိ ငါးလကျော်အတွင်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ မင်းကွန်း၊ ကင်း၊ ချောင်းမကြီး၊ ရှားရောင်း၊ တလိုင်း၊ စဉ့်ကိုင်(တောင်-မြောက်)၊ မဲဇလီချောင်း၊ လက်ပံ၊ ရုန်းပင်ကန်၊ ဝက်သားပုတ်၊ သစ်ချိုကုန်း၊ ပုဂံတူ၊ ကျော်ဇေယျာ၊ ရင်းမကျင်း၊ လင်းတလူး၊ ချိုင်းကြီး၊ ထန်းဖူးတော၊ ရွာသစ်၊ ကျားမင်းကြီး စတဲ့ ရွာပေါင်း ၃၀ ရွာကျော်က နေအိမ်ပေါင်း ထောင်နဲ့ချီ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    ဒါ့အပြင် အဲ့ဒီ စစ်ကိုင်းမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးတဲ့ ဒေသခံပြည်သူ အနည်းဆုံး ၆၀ ကျော် ရှိပြီး နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးတာကြောင့် အရပ်သားပြည်သူ သတ်ဖြတ်ခံရတဲ့ အရေအတွက် အတိအကျ မသိရသေးဘဲ သေဆုံးသူ ပိုများနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုရန်ကြောင့် စစ်ကိုင်းမြို့နယ် ကျေးရွာပေါင်း ၅၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ တောတောင်တွေထဲမှာ လနဲ့ချီကြာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်၊ စောင် စတဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောဆိုထားပါတယ်။

  • DJ Violet တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့သည့် ဆရာတော် ၅ ပါး ခံဝန်ကတိထိုးရ

    DJ Violet တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့သည့် ဆရာတော် ၅ ပါး ခံဝန်ကတိထိုးရ

    ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီးချင်းကို DJ နဲ့ Remix လုပ် တီးခတ်ခဲ့တဲ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌအပါအဝင် ဆရာတော် ၅ ပါး ခံဝန်ကတိ လက်မှတ်ထိုးရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ) က စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓ ဘာသာစော်ကားသူများ သံဃာအကာအကွယ်ယူပြီး ပြစ်ဒဏ်လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

    မြို့ခံတယောက်က “မြို့နယ်က ဆရာတော်တွေက ပြဿနာ အဲ့လောက်ကြီးမယ်မသိလို့ တောင်းပန်တာကို ခွင့်လွတ်ပေးလိုက်တာ။ ဒါပေမယ့် ပေါက်ကိုယ်တော်က မကျေနပ်တော့ ဒကာမ DJ Voilet က ဖုန်းဆက်တောင်းပန်၊ အဲ့အသံဖိုင်ထပ်ပြန့်ပြီး ခံဝန်ထိုးရတာ။ ပေါက်ကိုယ်တော်က ရန်ကုန်နဲ့ မန္တလေးက သံဃာတွေကို ရန်တိုက်ပေးတာ” လို့ ပြောပါတယ်။

    ဓမ္မတေးလို့ လူသိများတဲ့ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီချင်းကို ဇူလိုင် ၃၁ ရက်ညက မန္တလေး မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် ၃၆ လမ်းနဲ့ ၃၆ x ၅၃ လမ်းထောင့်က Cover Club ဆိုင်မှာ DJ Violet က DJ Remix ပြုလုပ်တီးခတ်ခဲ့ပြီး ချစ်ခင်သူပရိသတ်တွေက Video ရိုက်ကူးပြီး လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ရာမှ ဝေဖန်မှုတွေ များခဲ့ပါတယ်။

    ဒီလိုဝေဖန်မှုတွေ ထွက်လာပြီးနောက် စက်တင်ဘာ ၁၅ ရက်က DJ Voilet နဲ့ ယောက္ခမဖြစ်သူက သင်္ယန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ကို တောင်းပန်ခဲ့ရာ ခွင့်လွှတ်ခဲ့ပြီးနောက် ညဘက် စစ်ကောင်စီက DJ Voilet နဲ့ ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာ မဟာအောင်မြေမြို့မရဲစခန်းက DJ Voilet (ခ) ခင်ထွေးထွေးမွန်၊ ကိုမင်းထိုက် DJ.Dice (ခ) ညဏ်လင်းထက်၊ ဆိုင်ပိုင်ရှင် သက်လွင်အောင်၊ ဆိုင်မန်နေဂျာ ဇင်စုရတို့ကို (ပ) ၂၁၄/၂၀၂၅၊ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

    ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ သီချင်းကို စတီရီယိုခေတ်ဦး အဆိုတော် မဂျစ်ကသီဆိုခဲ့ပြီး စိုးပိုင်နဲ့ ပိုးအိစံတို့ ပြန်လည်သီဆိုထားကာ နံနက်မင်္ဂလာသီချင်းအဖြစ် နာမည်ကြီးသလို အလှူရှင်ပြုနားသနဲ့ မင်္ဂလာဆောင်တွေမှာလည်း ဖွင့်ကြပါတယ်။