📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

ရဲကားလို့ လူသိသွားလို့ သရုပ်ဆောင်တွေ ပရက်ရှိုးမတက်၊ ဆိုရှယ်မီဒီယာမှာပို့စ်မတင်ရဲတော့

စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲဂုဏ်ပြုကားလို့လူတွေသိသွားပြီးတဲ့နောက်ပါဝင်တဲ့သရုပ်ဆောင်တွေထဲက တချို့ဟာ ပရက်ရှိုးလည်းမတက်တော့ဘဲ ဆိုရှယ်မီဒီယာမှာပါ အဲဒီဇာတ်ကားအကြောင်း မတင်ရဲကြတော့ဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ရဲ့ ဘဝကိုစားသော ကိန်းဂဏန်းများရုပ်ရှင်ဟာ ရဲတပ်ဖွဲ့ဂုဏ်ပြုကားလို့ လူတွေသိသွားခဲ့ကြပါတယ်။

အဲဒါကြောင့် ပါဝင်တဲ့သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ဆိုရှယ်လူမှုကွန်ရက် Facebook စာမျက်နှာမှာ ကြေညာတာ မတွေ့ရတော့ပါဘူး။

အနုပညာလောကနဲ့ဆက်နွယ်သူတဦးက”ရှိုးမှာ ဒါရိုက်တာတွေလာကြည့် ကြတာမြင်မိသည်။ သရုပ်ဆောင် တွေလဲ လာကြသည်။ သို့သော်ပို့စ်တွေ တင်တာတော့ သိပ်မမြင်ရချေ။”လို့ သူက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် မင်္ဂလာရုပ်ရှင်ရုံ Page ကလည်း သာမန်ဇာတ်ကားများ ပရက်ရှိုးပြတိုင်း Live လွှင့်ပေးခဲ့ပေမဲ့ ဒီဇာတ်ကားကိုတော့Liveလွှင့်တာမရှိပါဘူး။

ဒါ့အပြင် မင်္ဂလာရုပ်ရှင်လုပ်ငန်းစုဟာတခြားကားတွေဆိုရင်မတင်ခင်တပတ်လောက်အလိုကတည်းက Post ပေါင်းများစွာ နေ့စဥ်တင်ပေးလေ့ရှိသော်လည်း ရဲဂုဏ်ပြုဇာတ်ကားကိုတော့ ပိုစတာပုံနဲ့ ဇာတ်ကားနမူနာတခုပဲ တင်ပေးခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် Press Show မှာလည်း ပါဝင်တဲ့သရုပ်ဆောင်တွေထဲက အနည်းငယ်သာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဓိကနေရာက ပါဝင်ထားတဲ့ တေဇလင်းရောင်ဟာ ပွဲတက်ခဲ့ခြင်းမရှိသလို သူ့လူမှုကွန်ရက်မှာလည်း ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘာမှတင်မထားခဲ့ပါဘူး။

ရှေ့မှာတင်တဲ့ နှောင်ကြိုးဝိုင်းဇာတ်ကားကိုတော့ ပွဲလည်းတက်ခဲ့သလို Facebook မှာလည်း Post တွေတင်ပေးခဲ့ပါတယ်။

အလားတူ Press Show တိုင်းမပျက်မကွက်တက်တတ်တဲ့ ခင်လှိုင်လည်း ဒီပွဲမှာတက်လာတာမတွေ့ရပါဘူး။

ဘဝကိုစားသောကိန်းဂဏန်းများရုပ်ရှင်ဟာ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် စစ်တပ်လက်​အောက်ခံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းကာလအတွင်း ပြည်သူတွေရဲ့ တူးတူးခါးခါးမုန်းတီးမှုကို ခံယူထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုထားတာမို့ ပြည်သူတွေလာမကြည့်မှာစိုးလို့ ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းဆိုတာကိုဖျောက်ပြီးသာမန်ဇာတ်ကားတကားလို ရုံတင်ဖို့ ကြိုးစားခဲ့တာပါ။

အဲဒီဇာတ်ကားဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားဖြစ်တာမို့ အခြားကားတွေလို တန်းစီစရာမလိုဘဲ ကြားဖြတ်တင်တာဖြစ်ပါတယ်။

ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတာကတော့ စစ်တပ် ဝါဒဖြန့်ဇာတ်ကားအများအပြားကို အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့တဲ့၊ စစ်တပ်ဝါဒဖြန့် ဇာတ်ကား”စောင်နီလေးတထည်” နဲ့ အကယ်ဒမီပါရခဲ့တဲ့၊ လက်ရှိလည်း စစ်ကောင်စီအရာရှိတဦးဖြစ်တဲ့ တင်အောင်စိုး(ပန်းမြို့တော်)ဖြစ်ပါတယ်။ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ဟာ မြဝတီမဂ္ဂဇင်း၊ မြဝတီရုပ်မြင်သံကြားတို့မှာ တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ စစ်ကောင်စီ အရာရှိတဦးပါ။

သရုပ်ဆောင်တွေအနေနဲ့ စစ်ကောင်စီကိုအားပေးတဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေ၊ ခင်လှိုင်၊ ဆုပန်ထွာ၊ ကြည်စိုးထွန်းသား ချမ်းသာကြည်စိုး၊ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ တေဇာကျော်၊ ဟင်နရီစံ၊ ဝေလာရီ၊ စုလင်းရှိန်၊ ထွန်းပုလဲရတနာ၊ ချိုမဒီသွင်တို့ ပါဝင်ပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်