Tag: News

  • ရွေးကောက်ပွဲ ပါဝင်ခွင့်ရရန် ကြိုးပမ်းနေဟု ဖျက်သိမ်းခံရသည့် NDF ပါတီ ပန်ကြားလွှာ ထုတ်ပြန်

    ရွေးကောက်ပွဲ ပါဝင်ခွင့်ရရန် ကြိုးပမ်းနေဟု ဖျက်သိမ်းခံရသည့် NDF ပါတီ ပန်ကြားလွှာ ထုတ်ပြန်

    ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ခွင့် ရဖို့ ကြိုးပမ်းနေတယ်လို့ ပါတီဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက စက်တင်ဘာ ၁၀ ရက်မှာ ပန်ကြားလွှာ ထုတ်ပြန်ပါတယ်။

    သတ်မှတ်ပါတီဝင်အင်အား မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ နဲ့ ပါတီရုံးခန်း မပြည့်မီတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ NDF ပါတီအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပြန်လည်မှတ်ပုံတင်ပြီး ပါတီရုံးခန်း ပြည့်မီရေး ပါတီဝင်အင်အား ရရှိရေးအတွက် နိုင်ငံရေးအကျပ်အတည်းတွေကြားက ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

    ပါတီဖျက်သိမ်းခံရတဲ့အတွက် NDF ပါတီအနေနဲ့ ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲ အခင်း အကျင်းမှာ ဆက်လက်ပါဝင်ဖို့ အခွင့်အရေး ဆုံးရှုံး ခဲ့တဲ့အပေါ် မဲဆန္ဒရှင် ပြည်သူတွေကို အနူးအညွတ် တောင်းပန်တယ်လို့ ပန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

    အခွင့်အရေးရှိပါက ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ခွင့်ရဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး မိမိတို့အနေနဲ့ နိုင်ငံရေးနည်းလမ်းကို မမှိတ်မသုန် ဆက်လက်ကိုင်စွဲ ဆောင်ရွက်သွားမယ်လို့လည်း ပန်ကြားချက်အရ သိရပါတယ်။

    လက်ရှိတိုင်းပြည်အသွင်ကူးပြောင်းရေးကဏ္ဍတွေမှာလည်း မိမိတို့အနေနဲ့ တတ်စွမ်းနိုင်တဲ့ ကိုယ်စွမ်းဉာဏ်စွမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပန်ကြားချက်မှာ ဖော်ပြပါရှိပါတယ်။

    ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်း မှာလည်း NDF ပါတီဝင်တွေ အနေနဲ့လည်း မိမိတို့ တစ်ယောက်ချင်း ဆန္ဒနဲ့ နိုင်ငံသားအခွင့်အရေးအရ သော်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအရ သော်လည်းကောင်း တစ်သီးပုဂ္ဂလ ဒါမှမဟုတ် နိုင်ငံရေးယုံကြည်ချက် တူညီတဲ့ နိုင်ငံရေးပါတီ တွေကနေ ပါဝင်ယှဉ်ပြိုင်ကြဖို့ လေးစားစွာ တိုက်တွန်းတယ်လို့လည်း ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

    ဖျက်သိမ်းခံရတဲ့ နိုင်ငံရေး ပါတီတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)၊ အမျိုး သား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသမီးပါတီ (မွန်) တို့က ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီကတော့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဝင်ပြိုင်ဖို့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

  • ကော့ကရိတ်-မြဝတီ အာရှလမ်းကနေ သင်္ကန်းညီနောင်ကို စစ်ကြောင်းတွေ ဘယ်လိုဝင်ရောက်လဲ

    ကော့ကရိတ်-မြဝတီ အာရှလမ်းကနေ သင်္ကန်းညီနောင်ကို စစ်ကြောင်းတွေ ဘယ်လိုဝင်ရောက်လဲ

    စစ်ကောင်စီတပ်တွေဟာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး စက်တင်ဘာ ၅ ရက်က အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာပါတယ်။

    စစ်ကောင်စီတပ်ဘက်က သာလွန်အင်အားအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူ ရယူပြီး ထိုးဖောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းဘက်က ယာယီဆုတ်ပေးခဲ့ရတာကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းက စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

    ကရင်စစ်ရေးလေ့လာသူတယောက်က “နံပါတ် ၁ အချက်ကတော့ BGF အဖွဲ့အစည်းရဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ မအလဘက်ကနေပြီးတော့မှ ဖိအားပေးတာမျိုး၊ လေယာဉ်နဲ့ ဗုံးကြဲတာမျိုး လာရောက်မလုပ်ဆောင်နိုင်အောင်ဆိုတဲ့ သဘောတရားအရ မအလကို အလျှော့ပေးပြီးတော့မှ ပေါင်းတယ်။ အလျှော့ပေးပြီးတော့မှ ကူညီတယ်ဆိုတဲ့ အသွင်သဏ္ဌာန် ပုံစံမျိုးကိုလည်း တွေ့ရတယ်။ ဒုတိယအချက်ကျတော့ သူတို့ခေါ်ထားတဲ့ သူဌေးတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ရွှေကုက္ကိုတို့ KK Park တို့မှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်တွေရဲ့ဖိအား ရှိတယ်လို့ ယူဆရတယ်။ သူတို့ပိုင်ဆိုင်မှုတွေ မဆုံးရှုံးရအောင် အဓိက တာဝန်ရှိတာက BGF မှာ ဖြစ်နေတယ်။ တတိယအချက်က ကရင်လက်နက်ကိုင် ၄ ဖွဲ့ထဲမှာ တဖွဲ့နဲ့တဖွဲ့ ခေါင်းဆောင်ချင်း တယောက်နဲ့တယောက်ကြားမှာလည်း ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးထားတာမျိုးတွေလည်း ရှိသင့်တယ်လို့ မြင်တယ်။ နောက်မဟုတ်လို့ရှိရင် BGF က နောက်ကြောကို ဓားနဲ့ထိုးတဲ့ အကွက်တွေ ဖြစ်လာနိုင်တယ်လို့ ယူဆရတယ်။ အဲဒီသဘောတရားလေးကိုတော့ သုံးသပ်ချင်ပါတယ်။ လက်ရှိအခြေအနေအရတော့” လို့ ပြောပါတယ်။

    ဆက်လက်ပြီး ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပါတယ်။ စက်တင်ဘာ ၉ ရက်က မြဝတီမြို့တောင်ဘက် လက်ခတ်တောင်ကို စစ်ကောင်စီတပ်က ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။

    အခုလိုဖြစ်ရတာဟာ ကရင်လူမျိုးတွေ မညီညွတ်တဲ့အပြင် တဖက်မှာလည်း အကျိုးစီးပွားတွေ ရှိကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒေသခံတယောက်က “အမှန်တော့ မဖြစ်သင့်ဘူး။ ကလေးတွေ အချိန်တွေ နှစ်တွေအကြာကြီး တောင့်ခံထားတယ်လေ။ အမှန်တော့ ကရင်တွေက မညီညွတ်ဘူး။ ကရင်တွေ စည်းလုံးညီညွတ်တယ်ဆိုရင် တောင်ကြီးကို ဘယ်လို့မှ ဖြိုနိုင်စရာ အကြောင်းမရှိဘူး။ တဖက်ကလည်း သူတို့ရဲ့ စီးပွားရေးတွေရှိတယ်၊ အကန့်တွေရှိတယ်။ တဖက်ကလည်း ဖိအားရှိတယ်။ တဖက်ကလည်း တခုခုဆို အကူအညီပေးတာတွေရှိတယ်။ သူတို့အချင်းချင်းမှာ ဘယ်လိုညှိထားလဲ မသိဘူး။ အကျိုးစီးပွားတွေရှိလို့ အဲလိုတွေဖြစ်နေတာလည်း ပါတယ်” လို့ ပြောပါတယ်။

    ဘယ်လက်နက်ကိုင်ဖြစ်ဖြစ် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုအောက်မှာ ရှိတယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

    NCA လက်မှတ်ထိုးထားတဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကောင်စီက ရွေးကောက်ပွဲအတွက် BGF ကို အကူအညီတောင်းမှာပေါ့။ ဒီ အာရှလမ်းကြီး ဖွင့်ဖို့အတွက်နဲ့ နောက်ပြီး နယ်မြေစိုးမိုးမှုတွေ ဘာတွေ BGF ကို အကူအညီတောင်းတာ BGF က မလုပ်ပေးရင် မရဘူးလေ။ မလုပ်ပေးရင် BGF ရဲ့ ရွှေကုက္ကို မြို့တွေ အမှုန့်ကြိတ်ကုန်မှာ။ နမူနာအနေနဲ့ ကြည့်မယ်ဆိုရင် DKBA ရဲ့ ကျောက်ခက်ဆေးရုံတို့ ဆုံဆည်းမြိုင်တို့မှာ ဒရုန်းဗုံးချလိုက်တယ်။ ကြည့်မယ်ဆိုရင် ဘယ်လက်နက်ကိုင်ဖြစ်ဖြစ် စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုအောက်မှာ ပြောမယ်ဆို တခုခုလိုချင်တယ်ဆိုရင် သူက ခြိမ်းခြောက်လိုက်မှာ။ ဒီရွာတွေ အမှုန့်ကြေမယ်။ ဒီနယ်မြေတွေ မအေးချမ်းအောင် လေယာဉ်တွေနဲ့ ဗုံးလာကြဲမယ်ဆိုရင် ရွာသူရွာသားတွေ မြို့ရွာတွေ ထိခိုက်မှာစိုးလို့ သူတို့ လိုက်လျောပေးရတာတွေ ရှိတယ်။ အဲဒီအတွက်တော့ ပြည်သူတွေအနေနဲ့ နားလည်ပေးစေချင်တယ်” လို့ ပြောပါတယ်။

    ကော့ကရိတ်ဘက်ကနေ မြဝတီ(အာရှ)လမ်း ထိုးဖောက်နိုင်ရေး DKBA ဗိုလ်ဘိအဖွဲ့ဟာ စစ်ကောင်စီရဲ့ သိမ်းသွင်းခံရပြီး BGF ဗိုလ်မှူးချုပ် စောချစ်သူ အနေနဲ့ သူ့ရဲ့ကိုယ်ကျိုးစီးပွား ကာကွယ်ဖို့အတွက် စစ်ကောင်စီကို အနှောင့်အယှက် အတားအဆီးမရှိ ကူညီနေတာလို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

    ကရင်အရပ်ဖက်အဖွဲ့အစည်းဝင် တယောက်က “ဗိုလ်ဘိအဖွဲ့ကို တိုက်လို့ သိမ်းလို့ ရပြီဆိုရင် DKBA နယ်မြေအဖြစ် လုပ်ပေးမယ်ပေါ့။ အဲဒါနဲ့ သိမ်းသွင်းပြီး လုပ်လိုက်တဲ့အပေါ်မှာ ဗိုလ်ဘိတို့က ပေါင်းပြီး လုပ်လိုက်တယ်။ ဒီဘက်က ဗိုလ်ချစ်သူက သူ့ရဲ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ကို ဘာလုပ်ပေးရလဲဆိုတော့ ဒီလမ်းကြောင်းမှာ အနှောင့်အယှက် အတားအဆီးမဖြစ်ဖို့ သူက နေပေးလိုက်တာ။ ကျနော်မြင်တယ်” လို့ ပြောပါတယ်။

    အခုလို ကူညီပေးခဲ့တဲ့အပေါ် ကရင်ပါတီတခုဖြစ်တဲ့ KNDP ရဲ့ သဘောထားကရော ဘယ်လိုရှိပါလဲ။ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး ကတော့ လမ်းပွင့်သွားရင် ပြည်သူတွေအတွက် ကောင်းတာမို့ တခြားဟာ မဝေဖန်လိုဘူးလို့ ပြောပါတယ်။

    “အဲဒီအပိုင်းကတော့ ကျနော်တို့ကတော့ ဘာမှ မပြောလိုဘူး။ ကျနော်တို့ ပြောချင်တာ တခုကတော့ လမ်းပွင့်သွားရင်တော့ ပြည်သူတွေအတွက် ကောင်းတယ်။ ကျနော်တို့က အဲဒါပဲ ပြောချင်တယ်။ တခြားဟာတော့ ကျနော်တို့ မဝေဖန်ချင်ဘူး၊ မသုံးသပ်ချင်ဘူး။ သုံးသပ်လို့လည်း မကောင်းဘူးလေ။”

    ကော့ကရိတ်-မြဝတီ(အာရှ)လမ်းနဲ့ သင်္ကန်းညီနောင်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကူညီပေးခဲ့တဲ့အပေါ် ကရင်ပြည်သူတွေရဲ့ ဝေဖန်ခံနေရတဲ့ DKBA၊ BGF တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

    စက်တင်ဘာ ၈ ရက် မနက် ၁၀ နာရီလောက်က မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်နဲ့ ရသေ့ဂူကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေကတော့ ကြိုတင်စစ်ရှောင်ခဲ့တဲ့အတွက် ထိခိုက်သူ မရှိခဲ့ပါဘူး။

    လက်ရှိမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာတာကြောင့် မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    ✍အောင်ခန့်

  • ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီရုံးခန်းတွေနဲ့ ပါတီဝင်အင်အားစာရင်းကို ပြည့်မီအောင် အာဏာသိမ်းစစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ပြထားပေမဲ့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ပြောပါတယ်။

    ပါတီဘက်က တင်ပြထားတဲ့ စာရင်းတွေဟာ ကိုက်ညီမှုမရှိရင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်မေးမြန်း ဖြေရှင်းခွင့် ပေးရမှာဖြစ်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်ခဲ့ဘဲ အခုလို ဆောင်ရွက်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးအောင်ကိုကိုက ပြောပါတယ်။

    လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးခန်း ၁၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သလို ပါတီဝင်အင်အားစာရင်းကိုလည်း ၇၅,၀၀၀ တင်ပြထားတယ်လို့ ဆိုပါတယ်။

    စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် ၉ နဲ့ ၁၀ အရ သတ်မှတ်ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ စ ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီတာကြောင့် ပါတီကို ဖျက်သိမ်းလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီအပြင် ပါတီရုံးခန်း ပြည့်မီအောင် ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ် ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီ တို့ကိုလည်း နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်ပြီး ကြေညာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကပဲ NDF ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက NDF ပါတီမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာလာတင်သူတွေ များပြားလွန်းနေလို့ ကျေးဇူးတင်ကြောင်း သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါသေးတယ်။

    စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၉ ခုမှာ အခု ဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်) တို့ ပါဝင်ပါတယ်။

    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဟာ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ခွဲထွက်လာသူတွေနဲ့ တည်ထောင်ခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

    NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်မှာ စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး လက်ရှိမှာလည်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဗဟို အကြံပေးအဖွဲ့ဝင်တယောက်ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

    စစ်တပ်အလိုကျ နေထိုင်ရင်း ပါတီပျောက်သူဘဝကနေ စစ်တပ်ကိုထောက်ခံတဲ့ ပါတီတခုဆီ ဒုဥက္ကဋ္ဌရာထူးဖြင့် ဝင်နေရာယူခဲ့သော်လည်း အဲ့ဒီပါတီကိုပါ ထပ်မံ ဖျက်သိမ်းခံရသဖြင့် ထပ်ဆင့်ပါတီပျောက်ရသူအဖြစ် စန္ဒာမင်း မှ အပူလုံးကြွ၍ ယူကြုံးမရကာ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးဖြစ်နေရပါပြီရှင်။

    ကိုကိုကြီး လား

    သက်သက်ခိုင် လား

    ကြံ့ဖွတ် လား ရွေးစရာတွေ ရှိသေးတယ်နော်

    အရှုံးမပေးနဲ့ ကြိုးစား စန္ဒာရေ …

  • ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူ

    ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူ

    တောင်ကြီးမြို့ပေါ်မှ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူပြီး စျေးဝယ်စင်တာကြီးတစ်ခု တည်ဆောက်မည်

    ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပူးပေါင်းပြီး သိမ်းယူထားကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။

    ယခင်ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့် ဩတချောင်းသုဿန်မြေနေရာတို့ကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်းကာ သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ယင်းသုဿန်မြေနေရာတွင် ဈေးဝယ်စင်တာကြီးတစ်ခုတည်ဆောက်ရန် ပြင်ဆင်လျက်ရှိပြီး ရပ်ကွက်နေပြည် သူများက ကန့်ကွက်နေသော်လည်း ညှိနှိုင်းသဘောတူပြီးဖြစ်သည်ဟုဆိုကာ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

    “City Square ပိုင်ရှင် သီဟ ဆောက်လုပ်ရေးက နှစ်ပေါက် တစ်ပေါက်ရိုက်သွားတာ။ ပြန်လည် မွမ်း မံ တည်ဆောက်ပေးမယ်ပြောပြီး စစ်တပ်၊ စည်ပင်နဲ့ပေါင်းပြီး မြေကွက်ကို အပိုင်ဝယ်ပစ်တာ၊ ပြည် သူလူထုက ဘာမှ မသိရဘူး။ အဲလိုလုပ်ခံရတဲ့အတွက် အခက်အခဲများစွာရှိတယ်။ ပြောတုန်းက မွမ်း မံပေးမယ်ပြောပြီး တကယ်တမ်းကြ အပိုင်ဝယ်ခံရပြီး လုပ်ချင်သလိုလုပ်နေကြတာ” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောကြားသည်။

    အဆိုပါ ပါမိုနဲ့ သုဿန်နှင့် ဩသချောင်းသုဿန်တို့အစား ထီသိမ်သုဿန်ဘေးချင်းကပ်လျက်‌ မြေဧရိယာ ၂ ဒသမ ၅၂ ဧက ခန့်ရှိနေရာသို့ သုဿာန် ၂ ခုကို အစားထိုးပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

    ပါမိုးနဲသုဿန်သည် ရှေးအစဉ်အဆက်ဘိုးဘွားလက်ထက်ကတည်းက တည်ရှိလာခြင်းဖြစ်ပြီး ဘုရားဖြူရပ်ကွက်ရှိ နယ်မြေ ၃ ယခင် ထီသိမ်ရွေးမြောက်ရွာ၊ နယ်မြေ ၁ ယခင် ရွာသစ်ကုန်းရွာ၊ နယ်မြေ၂ ယခင် ထီသိမ်ရွေး တောင်ရွာ၊ နယ်မြေ ၄ ယခင် ပါမိုးနဲ လွယ်ခမ်းရွာ၊ နယ်မြေ ၅ ယခင် ဘုရားဖြူရွာနှင့် နယ်မြေ ၆ ယခင် သြတချောင်းရွာ တို့နေ ပြည်သူများသေဆုံးပါက မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြသည့် အများပိုင် သုဿာန်ဖြစ်ကြောင်း သိရသည်။

    ယင်းသုဿန်မြေနေရာများကို ခေတ်အဆက်ဆက် အုပ်ချုပ်ရေးမှုးနှင့် အာဏာပိုင်များက ရောင်းချ ရန်ကြိုးစားခဲ့သော်လည်း ရဟန်းသံဃာနှင့် ပြည်သူများက သဘောမတူသည့်အတွက် ရောင်းချနိုင် ခြင်းမရှိဘဲ လက်ရှိ စစ်တပ်အာဏာသိမ်းမှုကို အခွင့်ကောင်း ယူပြီးရောင်းချ ဈေးစီမံကိန်းပြုလုပ်ရန် ကြိုးစားနေကြောင်း သိရသည်။

  • ပြည်တွင်းထုတ် စီးကရက်ဘူးများတွင် လိုဂိုတံဆိပ် အသုံးပြုခွင့် မပေးတော့

    ပြည်တွင်းထုတ် စီးကရက်ဘူးများတွင် လိုဂိုတံဆိပ် အသုံးပြုခွင့် မပေးတော့

    ပြည်တွင်းထုတ် စီးကရက်ဘူးတွေမှာ နာမည်ကုန်အမှတ်တံဆိပ် သုံးခွင့်မပေးတာ့ဘဲ တပြေးညီ ပုံစံတမျိုးတည်း ထုတ်သွားရဖို့ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    စီးကရက်ဘူးခွံပေါ်မှာ ကျန်းမာရေးသတိပေးတဲ့စာသား၊ ဆေးလိပ်သောက်လို့ဖြစ်ရတဲ့ ပညာပေးပုံနဲ့ စီးကရက်အမည် ပုံမှန်စာသားကိုသာ သုံးခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။

    အဲဒီလို ဘူးခွံပုံစံကို စစ်တပ်ကထုတ်တဲ့ Red Ruby စီးကရက်က စတင်ပြောင်းလဲထားပြီး ကျန်စီးကရက်ဘူးတွေလည်း ပြောင်းသွားဖို့ရှိနေတာလို့ အရောင်းကိုယ်စားလှယ် ရယူထားသူ တယောက်က ပြောပါတယ်။

    “အကုန်ပြောင်းရမှာလို့ ပြောတယ်။ Red Ruby ကတော့ ပုံစံအသစ် စပြောင်းနေပြီ။ Mevius လည်း ရှေ့လလောက်မှာ ပြောင်းမှာလို့ ပစ္စည်းလာချတဲ့သူက ပြောသွားတယ်။”

    ဘာကြောင့် ကုန်အမှတ်တံဆိပ် အသုံးပြုခွင့် မပေးတော့တာကို မသိရသလို တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရဘူးလို့ စီးကရက် လက်လီလက်ကားရောင်းနေသူတွေက ဆိုပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ ကုန်စုံဆိုင်ဖွင့်ထားသူတယောက်က “စစ်တပ်ကထုတ်တဲ့ Red Ruby က ဈေးကွက်ကျလာလို့ တခြားထုတ်ကုန်တွေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာလားလို့တော့ တွေးမိတယ်” လို့ ပြောပါတယ်။

    Red Ruby စီးကရက်မှာ ၂၀၂၁ အာဏာမသိမ်းခင်က ပြည်တွင်းဈေးကွက်ဝေစု အများဆုံး ရရှိထားခဲ့ပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ စင်ကာပူအခြေစိုက် Rothmans Myanmar Holdings Singapore (RMHS) တို့ ဖက်စပ်လုပ်ကိုင်တာ ဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက် Red Ruby ကို ပြည်သူတွေက သပိတ်မှောက်ခဲ့တာကြောင့် ရောင်းအားကျဆင်းခဲ့သလို RMHS ကလည်း အကျိုးတူလုပ်ကိုင်တာကို ရပ်နားသွားခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။