Tag: News

  • ဆွမ်းလောင်း ရေစက်ချပွဲလုပ်နေစဉ် ဘုန်းကြီးကျောင်းသားများကို ဝင်ရောက်ပေါ်တာဆွဲ

    ဆွမ်းလောင်း ရေစက်ချပွဲလုပ်နေစဉ် ဘုန်းကြီးကျောင်းသားများကို ဝင်ရောက်ပေါ်တာဆွဲ

    ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံရ

    မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ပင်ကျေးရွာရှိ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်း ရေစက် ချပွဲ လုပ်နေစဉ် စစ်တပ်က ဘုန်းကြီးကျောင်းသားများကို စစ်မှုထမ်းခိုင်းရန် ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးပြီး လူငယ် ၄ ဦး အဖမ်းခံလိုက်ရကြောင်း ကျေးရွာသူ ကျေးရွာသားတချို့က ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ ဝါတွင်းကာလ ဥပုသ်နေ့ ဖြစ်သည့်အတွက် ရေနံချောင်း မြို့နယ် ဂျုပ်ပင်ရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင် ဆွမ်းလောင်းရေစက်ချပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်နေစဉ် ရေနံချောင်းမြို့နယ်၊ လက် မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးသော စစ်သားနှင့်ရဲများက ရွာသားတစ်ဦးကို ခေါ်ဆောင်လာပြီး ဘုန်းကြီးကျောင်းတွင် ပြုလုပ်နေသော ဆွမ်းလောင်းရေစက်ချပွဲတွင်ပါဝင်နေသော ဘုန်းကြီး ကျောင်းသားများကို ဝင်ရောက် ဖမ်းဆီးကြောင်း၊ ထိုသို့ ဖမ်းဆီးမှုကြောင့် ဆွမ်းလောင်း ရေစက်ချပွဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ဘုန်းကြီးကျောင်းသားများလည်း ထွက်ပြေးကြကြောင်း သိရှိရသည်။

    ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးစီးသော အဖွဲ့က ဘုန်းကြီးကျောင်းသား ၄ ဦးကို စစ်မှု ထမ်းရန် အသက်ပြည့်မီသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာနှင့် ဘုန်းကြီးများက ဖမ်းဆီးခံရသော လူငယ်များ၏ မိဘများနှင့်အတူ လိုက်လံ ရွေးထုတ်ရာ ငွေပေး၍ ပြန်လည် ရွေးယူနိုင်သော လူငယ် ၄ ဦး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

    “ရွာဦးကျောင်းတွင်ဆွမ်းလောင်းရေစက်ချပွဲလုပ်နေတုန်း ဝင်ဖမ်းတာ။ ဘုန်း ကြီးကျောင်းသား ၄ ဦးက အသက်ပြည့်တယ်ဆိုပြီး ဖမ်းသွားတယ်။ ဘုန်းကြီးတွေနဲ့ အဖမ်းခံရတဲ့ ကလေး မိဘတွေက လိုက်ထုတ်တာမှာ ၃ ဦးကတော့ ငွေပေးလိုက်တော့ ပြန်လွတ်တယ်။ ၁ ဦးကတော့ မလွတ်ဘူး” ဟု ကျေးရွာသား တစ်ဦးက ရှင်းပြသည်။

    ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်မှာ ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း ယင်းကဲ့သို့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ငွေညှစ်ခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    ယခုနှစ် ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းကလည်း ရဲအုပ်ချမ်းမြေ့အောင်က ရေနံချောင်းမြို့နယ်၊သုံးဆယ့်ခြောက်ကျေးရွာမှ လူငယ် ၂ ဦးဖြစ်သည့် ကိုဇေ၊ ကိုတရုတ်ကလေးလေး ခေါ် ကိုဇော်ထက်အောင်တို့ကို နေအိမ်အတွင်းသို့ ဝင်ရောက် ပြီး အတင်းအကျပ် ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် မည်သည့် ပြစ်မှုမှတ်တမ်းနှင့် ပြစ်မှု ကျူးလွန်မှုမရှိဘဲ စစ်မှုထမ်းခိုင်းရန်အတွက် အဓိက ဦးတည်၍ ဝင်ရောက်ဖမ်းဆီးသွားခဲ့ဖူးကြောင်း သိရှိရသည်။

    ရဲစခန်းမှူး ချမ်းမြေ့အောင်က စစ်မှုထမ်းတပ်သားသစ်စုဆောင်းခြင်း၊ တပ်သား သစ်အဖြစ် စစ်မှုမထမ်းလိုပါက ငွေပေးရန် ခြိမ်းခြောက်တောင်းခံခြင်း၊ ရေနံချောင်း ပင်းချောင်းတံတားဂိတ်တွင် ဂိတ်ချ၍ လမ်းသွားလမ်းလာ ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

    ထို့ပြင် ရေနံချောင်းမြို့နယ်မှ နယ်မြေခံ တပ်များကလည်း ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး၍ လူငယ်များကို ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း၊ ကျေးရွာများတွင် လူငယ်များကို ဝင်ရောက် ဖမ်းဆီးပြီးနောက် ရေနံချောင်းမြို့ပေါ်တွင် စစ်မှုထမ်းတပ်သားသစ် လူစားထိုး အရောင်းအဝယ်စျေးကွက်ကိုလည်း စစ် တပ်၊ ရဲနှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ရောင်းချမှုများ လုပ်ဆောင်နေကြကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

    ဓာတ်ပုံ- မြို့ပေါ်တွင် နေ့ခင်းအချိန် စစ်တပ်က လူငယ်တစ်ဦးကို နေအိမ်အထဲအထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် မိဘများက ပြန်လည်ဆွဲယူပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်။

  • ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာ

    ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာ

    အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာလိုက်ပြီး လိုက်နာခြင်းမရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးကို ထိရောက်စွာ အရေးယူမည်ဟု သတိပေး

    အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာလိုက်ပြီး လိုက်နာခြင်း မရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးကို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။

    အကြမ်းဖက် အာဏာသိမ်းထားသည့် စစ်တပ်က တရားမဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို အသုံးချ၍ ပြည်သူလူထုတရပ်လုံးအပေါ် ရေရှည် ဆက်လက် ဖိနှိပ် အုပ်ချုပ်နိုင်ရန် ဖြစ်ကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူ လူထု တစ်ရပ်လုံး၏ သဘောထားကို ဆန့်ကျင်၍ အကြမ်းဖက်မှု ခြိမ်းခြောက်မှု အတင်း အဓမ္မ ဖမ်းဆီးမှု စသည့် လုပ်ရပ်များ ကျူးလွန်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည့် အတွက် လက်ရှိ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ကြောင်း KNU တပ်မဟာ ၆ က ကြေညာထားသည်။

    လက်ရှိ ရွေးကောက်ပွဲသည် စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဘဲ အကြမ်း ဖက်အာဏာသိမ်း စစ်ကော်မရှင် ဗိုလ်ချုပ်များနှင့် မိသားစုဝင်များ၊ ၎င်းတို့၏ အသိုင်းအ၀ိုင်း၊ အပေါင်းအပါများ၊ စစ်တပ် လက်သပ်မွေးထားသည့် နိုင်ငံရေးအမည်ခံပါတီများ အာ ဏာ ရရှိရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးအတွက် မည်သည့် အကျိုး ကျေးဇူးမှ ရရှိမည်မဟုတ်ကြောင်း KNU တပ်မဟာ ၆ က ပြောဆိုသည်။

    ထို့ကြောင့် KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လူပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ NGOs ၊ INGOs များအနေဖြင့် တစ်ဦးချင်းအရ သော်လည်း ကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း စစ်တပ်၏ ရွေးကောက်ပွဲသို့ ကူညီပံ့ပိုး ပူး ပေါင်းပါဝင်ခြင်း လုံး၀ (လုံး၀) မပြုလုပ်ရန် တိုက်တွန်းထားသည်။

    KNU တပ်မဟာ ၆ ၏ ကြေညာချက်နှင့် တိုက်တွန်းချက်ကို လိုက်နာခြင်းမရှိသည့် အဖွဲ့အစည်း ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ မည်သူ့ကိုမဆို KNU တပ်မဟာ ၆ က ချမှတ် ထားသော ကော်သူးလေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အလေးအနက် သတိပေး ကြေညာထားသည်။

  • တုံးအောက်ကဖား

    တုံးအောက်ကဖား

    မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအတွင်း မန္တလေးရှိ နာမည်ကျော် Sky Villa Condo ပြိုကျမှုမှာ သာမန် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြသလို အကြမ်းဖက် စစ်တပ်နဲ့ တိုက်ရိုက် ပတ်သက်သူတွေလဲ မလွတ်ခဲ့ပါဘူး။

    ဒီဘဲကြီး နာမည်က ဗိုလ်မှူးဟောင်း ဉာဏ်စိုးလှိုင်လို့ သိရပြီး Sky Villa Condo ပြိုကျမှုမှာ သမီးဖြစ်သူ ပါသွားခဲ့ပေမယ့် ၅ လပြည့်ချိန်မှ ရုပ်အလောင်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အသက်ရှင်ဖို့ အချိန်မီ ကယ်ဆယ်ရေး လုပ်နိုင်ဖို့ ဝေးစွ၊ အလောင်း ပြန်ရဖို့တောင် လုပ်မပေးနိုင်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကိုလဲ (တကယ်က ပြည်သူအပေါ် စေတနာကို မရှိတာပါ) ဒဲ့ မပြောရဲခဲ့ရှာပါဘူး။ အတွင်းလူဖြစ်ခဲ့ဘူးသူပီပီ ကြိတ်စရာရှိရင် အရင်းအဖျားမရွေး လက်ကုန်ကြိတ်တတ်တဲ့ ခွေးတပ်ရဲ့ လက်ဆကို သိနေတော့ သူ့ရဲ့ မကျေနပ်မှုတွေကို အာသာဖြေရင်း လိုင်းပေါ်တင်ပြီးတော့ပဲ ကြိတ်လောင်နေခဲ့ရတာပါ။

    အာဏာရှင်ရဲ့ ရက်စက်မှုကို ပြည်သူစစ်စစ်တွေပဲ ခံနေရတာ မဟုတ်ပဲ ခွေးတပ်ထဲကလူတွေရော ဆက်စပ် အနွယ်ပွားတွေပါ ခေါင်းမထူအောင် ခံနေရတဲ့ သက်သေတစ်ခု ဆိုရင်လဲ မမှားပါဘူး။

    ဘောမတွေကိုယ်တိုင် ဝပ်ကျင်းတစ်ခုစာပဲ ရပြီး နည်းနည်းလေး လှုပ်လိုက်တာနဲ့ တန်းပြီးပိမယ့် တုံးအောက်က ဖားတွေ ဆိုတာ ဂျေးအောင်းနေတဲ့ ဘောမတွေက ထပ်ပြီး သက်သေခံနေပါတယ်။

    ဆိုတော့ ခွေးတပ် ထောက်ခံတွေနဲ့ လက်ပါးစေတွေကို မေးချင်တာက ခင်ဗျားတို့ရော ဘယ်လောက်အထိ အနေချောင်ကြလဲ၊ လုံခြုံမှု အာမခံချက်ရော အပြည့်ရှိရဲ့လား?

    ဖိုးစီ

  • နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို ယမန့်နေ့ညက စစ်တပ်မှ ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီး ဒီကနေ့မှာတော့ ဖမ်းဆီးခံလိုက်ရတာသေချာကြောင်း ပုံနှင့်တကွ ဖေါ်ပြလာတာကို တွေ့ရပါတယ်။

    ဖြိုးအိအိ‌ဇော်ဟာ ဖေါ်ချွတ်မယ်တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သူမကို နတ်သမီးခေါ်ပါက ပိုက်ဆံပေးမယ်ဆိုတဲ့ post ကြောင့် ဝေဖန်မှုတွေရှိခဲ့ကာ ခုချိန်မှာတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

    ‌ဖြိုးအိအိဇော်ဟာ ဖေါ်ချွတ်မယ် တစ်ဦးဖြစ်ပေမယ့် သူ့ကိုအားပေးတဲ့ ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံပြီး ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖေါ်ချွတ်မယ်တွေအနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံ‌နေရပြီး ဒါဟာ ဖိုဝါဒကြီး‌ဆိုးတဲ့ တိုင်းပြည်တစ်ခု ဖြစ်တာကြောင့်လို့ လူမှုကွန်ယက်မှာ ဝေဖန်ပြောဆို နေတာတွေလည်းရှိနေပါတယ်။

    ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာဆိုသော ဖြိုးအိအိဇော် ရဲစခန်းမှာ ထိန်းသိမ်းခံထားရ

    ဖြိုးအိအိဇော်ဆိုတာ မသိသေးသူများအတွက် အချိန်ကာလများစွာကတည်းက အွန်းလိုင်းမှာ အတွင်းပစ္စည်းတွေ ထုတ်ပြတတ်သူ

    ဒီလို ပစ္စည်းမဲမဲ အမွှေးထူထူမဲမဲ ကြီးပြရင်း ငွေကြေးအဆင်ပြေလာပြီး ဟိုတယ်မှာနေကာ ဆက်လက် ထုတ်ပြ နောက်ဆုံး Marketing ထိုးဖောက်ဖို့ ပြစားရင်း ဒီဂျီလုပ်ရင်း ရလာတဲ့ ပိုက်ဆံတွေကို အွန်လိုင်းမှာ မဲဖောက်ဝေမယ်လုပ်ရာက ပိုက်ဆံရချင်ကြတဲ့သူတွေက နတ်သမီးလေးလို့ မြှောက်ပြောရင်း နတ်သမီးလို့ ခေါ်လာကြ…

    ကြာလာတော့ မျက်စိနောက်လာပြီး လူ့အသိုင်းအဝိုင်းက အော်တော့ လုပ်ရဲလုပ်ကြည့်လို့ ဇောင်းထ မလုပ်ရဲတာ မရှိတဲ့သူနဲ့တွေ့တော့ ခု ရဲစခန်းမှာ လက်ထိပ်လေးနဲ့ ရောက်

    နတ်အစစ်မဟုတ်ခြင်းရဲ့ ဒုက္ခပေါ့

  • လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ်  ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က ပြော

    လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က ပြော

    နိုင်ငံ​မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့​တွေကို တရုတ်က ဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်က စီကျင်းပင်ကို​ပြော

    အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့​တွေ့ဆုံစဥ် မြန်မာနိုင်ငံ​မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကို တရုတ်အစိုးရက ဖိအား​ပေး ​ပေးတဲ့အတွက်​ကြောင့် ​ကျေးဇူးတင်ရှိကြောင်း​ပြောကြားလိုက်ပါတယ်။

    အာဏာသိမ်း​ခေါင်း​ဆောင်ဟာ သြဂုတ် ၃၀ ရက်မှာ တရုတ်သမ္မတစီကျင်းပင်နဲ့​​တွေ့ဆုံ​ဆွေး​နွေးစဥ်”မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ​ဖွံ့ဖြိုး​​ရေးအတွက် နယ်စပ်​ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့များကို တရုတ်နိုင်ငံက ဖိအား​ပေး ​ဆောင်ရွက်​​ပေး​​​နေမှုကြောင့် ငြိမ်းချမ်း​ရေး ရရှိတဲ့အ​ခြေအ​နေများ ​မြင်တွေ့လာရတဲ့အတွက် ​ကျေးဇူးတင်ရှိ​ကြောင်း​ပြောကြားလိုပါတယ် “လို့​ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒါ​ပေမယ့် သြဂုတ် ၃၀ ရက် ည ၈ နာရီသတင်းမှာစစ်​ကောင်စီက ထုတ်ပြန်တဲ့အခါ ​မြောက်ပိုင်းက​တော်လှန်​ရေးအဖွဲ့​တွေကိုတရုတ်ကဖိအား​ပေးတဲ့အ​ပေါ် ​ကျေးဇူးတင်ရှိ​ကြောင်း ​ပြောကြားတာကိုစစ်​ကောင်စီကချန်လှပ်ထားခဲ့တာ​တွေ့ရပါတယ်။

    တရုတ်အစိုးရအ​နေနဲ့လည်း မြန်မာနိုင်ငံပြည်တွင်း​ရေးကို ဝင်မစွက်ဖူး​ပြော​ပေမယ့် စစ်​ကောင်စီအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကိုဖိအား​ပေး ​နေတယ်ဆိုတာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုယ်တိုင်က အစည်းအ​ဝေးမှာတရားဝင်ထုတ်​ပြောလာတာဖြစ်ပါတယ်။

    တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန နဲ့ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနတို့ရဲ့ထုတ်ပြန်ချက်​တွေမှာလည်း တရုတ်အစိုးရက မြန်မာနိုင်ငံ​မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့​တွေကို ဖိအား​ပေးတဲ့အ​ပေါ်​ကျေးဇူးတင်​ကြောင်း မင်း​အောင်လှိုင်​ပြောခဲ့တာကိုချန်လှပ်ထားခဲ့ကြတာ​တွေ့ရပါတယ်။

    တရုတ်အစိုးရရဲ့ဖိအား​ပေးမှု​ကြောင့် MNDAA ဟာအပစ်ရပ်ထားပြီး ၁၀၂၇ ဒုတိယလှိုင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကိုပါစစ်​ကောင်စီကိုကျည် ၁ ချက်မ​ဖောက်ရပဲပြန်လွှဲ​ပေးခဲ့ရပါတယ်။

    TNLA ကလည်း တရုတ်အစိုးရရဲ့ အစီအစဥ်နဲ့ ကူးမင်းမြို့မှာစစ်​ကောင်စီနဲ့​ဆွေး​နွေး​နေရပါတယ်။

    ဝလက်နက်ကိုင်အဖွဲ့ (UWSA)​တောင် တရုတ်အစိုးရက နှစ်​ပေါင်း ၄၀ အတွင်းအကြီးမားဆုံးဖိအား​ပေး​နေလို့​တော်လှန်​ရေးအဖွဲ့​တွေကို လက်နက် ၊ခဲယမ်း၊​ငွေ​ကြေးအပါအဝင်ဘယ်လိုအကူအညီမှမ​ပေး​တော့ဘူးလို့ MNDAA ၊ TNLA ၊ SSPP တို့ကို​ခေါ်​ပြောပြီး သတင်းပါထုတ်ပြန်ခဲ့ပါတယ်။

    ဒါ​ကြောင့်စစ်​ကောင်စီဟာတရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှု​ကြောင့်သာ အသက်ဆက်နိုင်​နေတာဖြစ်ပြီး တရုတ်အစိုးရ မကူညီရင် ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကိုအနိုင်ယူဖြုတ်ချပြီး ဖြစ်​နေပြီလို့စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူ​တွေက​ပြောပါတယ်။

    စစ်​ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာအာဏာသိမ်း​ခေါင်း​ဆောင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အဖွဲ့ဝင်ဖြစ်လာစေရေးတရုတ်က​ထောက်ခံ​ပေးဖို့၊ ငြိမ်းချမ်းရေး၊ကုန်သွယ်မှုမြှင့်တင်ရေး၊ OBOR စီမံကိန်းနဲ့ မြန်မာ့စီးပွားရေးစင်္ကြံ (CMEC)မှာ ပါဝင်တဲ့ စီမံကိန်း​တွေ အရှိန်အဟုန်မြှင့်တင်ရေး၊ သဘာဝသယံဇာတများ အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့ကိုဆွေးနွေးခဲ့တယ်လို့​ဖော်ပြပါတယ်။

    ဒါအပြင်မင်း​အောင်လှိုင်က စစ်​ကောင်စီ​ရဲ့ရွေး​ကောက်ပွဲနဲ့ပတ်သက်ပြီးလည်း​ဆွေး​နွေးခဲ့တယ်လို့​ဖော်ပြပါတယ် ။ဒါ​ပေမယ့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာနထုတ်ပြန်ချက် နဲ့ ဆင်ဟွာရဲ့​သတင်း​ဖော်ပြမှုမှာ​ရွေး​ကောက်ပွဲနဲ့ပတ်သက်လို့ တစ်လုံးမျှ​ဖော်ပြထားခြင်းမရှိ​ပေ။

    စီကျင်းပင်က မြန်မာနိုင်ငံဟာအခြေအနေနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း လိုက်နာနိုင်ဖို့၊ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင့်ပိုင်ခွင့်၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အကျိုးစီးပွား​တွေကို ထိန်းသိမ်းဖို့ ၊မြေငလျင်ပြန်လည်ထူ​ထောင်​​ဖို့၊ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံ ရရှိစေဖို့တရုတ်ကထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာနက​ဖော်ပြပါတယ်။

    ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအင်အားစုအားလုံးကို တတ်နိုင်သမျှစည်းလုံးအောင်လုပ်ပြီး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေဖို့ တရုတ်နိုင်ငံက ထောက်ခံအား​ပေးတယ်လို့လည်းစီကျင်းပင်က​ပြောခဲ့ပါတယ်။

    ဆင်ဟွာသတင်းဌာနရဲ့​ဖော်ပြချက်မှာ​တော့ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား​တွေ၊ တရုတ်အဖွဲ့အစည်း​တွေနဲ့ တရုတ်စီမံကိန်း​တွေလုံခြုံ​ရေး​သေချာ​စေဖို့လိုအပ်တယ်လို့ တရုတ်သမ္မတက​ပြောကြားတယ်လို့​ဖော်ပြထားပါတယ်။

    ဒါ​ပေမယ့် အဆိုပါအချက်ကို စစ်​ကောင်စီထုတ်ပြန်ချက်မှာချန်လှပ်ထားခဲ့တာကိုတွေ့ရပါတယ်။

    အာဏာသိမ်း​ခေါင်း​ဆောင်ဦး​ဆောင်တဲ့စစ်​ကောင်စီကိုယ်စားလှယ်​တွေဟာ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ထိပ်သီးအစည်းအဝေး နဲ့ တရုတ်နိုင်ငံက ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကိုတက်ရောက်ဖို့ တရုတ်နိုင်ငံကို​ ရောက်ရှိနေတာဖြစ်ပါတယ်။

    (အာ​ဏာသိမ်း​ခေါင်း​​ဆောင်နဲ့ တရုတ်သမ္မတ။ ဓါတ်ပုံ- fmprc)