Tag: News

  • ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲ

    ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲ

    ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲအတွင်း ရန်သူ့အလောင်း သုံးလောင်းနှင့် လက်နက် ဆယ်လက်သိမ်းဆည်းရမိ

    ၂၀၂၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် ရန်သူစစ်ကောင်စီတပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသော စစ်ကြောင်းအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြရာ ရန်သူ့အလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိခဲ့သည်။

    ရန်သူ့ဘက်မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့သည်။

    တိုက်ပွဲအား မိမိတို့ဘက်မှ အမှတ် (၅) အထူးလှုပ်ရှား တပ်ရင်း၊ အမှတ် (၆) အထူးလှုပ်ရှား တပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland-Drone Team တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    တိုက်ပွဲအတွင်း ရန်သူ့ လက်နက်မျိုးစုံ (၁၀) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရခဲ့သည်။

    သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

    ၁။ MG-42 (၁) လက်

    ၂။ BA-100 (၁) လက်

    ၃။ MA-4 (၁) လက်

    ၄။ MA-E (၂) လက်

    ၅။ MA-1 (၂) လက်

    ၆။ MA-3 (၂) လက်

    ၇။ G-3 (၁) လက်

    ၈။ MG-42 ပြောင်းပို (၂) ခု

    ၉။ RPG ဒုံးသီး (၅) ခု

    ၁၀။ ကျည်ဘောက်မျိုးစုံ (၂၄) ခု

    ၁၁။ ၄၀ မမ ဗုံးသီး (၁၂) လုံး

    ၁၂။ ၇.၆၂ ကပစကျည် (၁၉၀၃ ) တောင့်

    ၁၃။ ၅.၅၆ ကပစကျည် (၁၃၈၉ ) တောင့်

    ၁၄။ ၁၄ မိုင်း (၅) ခု

    ၁၅။ ၈၄ မမ မှန်ပြောင်း (၁) ခု

    ၁၆။ ၈၁ မမ မှန်ပြောင်း (၁) ခု

    ၁၇။ အီနာဂါ ဗုံးသီး (၁) ခု

    ၁၈။ ကျည်ကာဦးထုပ် (၁) လုံး

    အမှတ် (၁) စစ်ဒေသ

  • အင်းလေးတွင် လှေအမြန်မောင်းသဖြင့် လေးခွဖြင့်ပစ်၊ လှေမောင်း ၁ ဦး မျက်လုံးပျက်စီး

    အင်းလေးတွင် လှေအမြန်မောင်းသဖြင့် လေးခွဖြင့်ပစ်၊ လှေမောင်း ၁ ဦး မျက်လုံးပျက်စီး

    ရေကြီးနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲမှာ စက်လှေကို အမြန်မောင်းတာကြောင့် ရေမြုပ်နေတဲ့ အိမ်ရှင်တယောက်က လေးခွနဲ့ပစ်လို့ စက်လှေမောင်းသူတယောက် မျက်လုံးထိပြီး ပျက်စီးဆုံးရှုံးသွားရပါတယ်။

    သြဂုတ် ၂၁ ရက် မနက်ပိုင်းမှာ ရေတက်နေတဲ့ နေအိမ်တွေနားမှာ စက်လှေအမြန်မောင်းတာကြောင့် ရေနစ်မြုပ်ခံထားရတဲ့ အိမ်ရှင်တယောက်က လေးခွနဲ့ထပစ်ချိန် စက်လှေအမြန်မောင်းသူကို မထိဘဲ စက်လှေနှေးနှေးမောင်းတဲ့ အသက် ၅၀ အရွယ် ဦးအောင်မြရဲ့ မျက်လုံးကို ထိမှန်ခဲ့တာကြောင့် မျက်လုံးပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

    ဒေသခံတယောက်က “အိမ်တွေက အောက်ထပ်တွေ သွပ်တွေနဲ့ကာထားတာရော၊ အိမ်တွေက ငလျင်ဒဏ်ကြောင့်တကြောင်း၊ မနှစ်က ရေဘေးဖြစ်တော့တကြောင်း၊ မခိုင်ခံ့တော့ဘူးလေ။ စက်လှေပြင်းပြင်းမောင်းရင် အိမ်က ကာထားတဲ့အကာတွေက မခံနိုင်ဘူးလေ။ ပြီးတော့အိမ်ကလည်း ဆောင့်တွန်းသလို ဖြစ်တယ်ရော။ အဲဒါကြောင့် ပိုဆိုးတာ အခြေအနေက။ အဲဒီလိုတွေကြောင့် အခုလိုထိ ဖြစ်ကုန်တာ။ တထပ်တည်းအိမ်ဆိုရင် ပိုဆိုးတယ်” လို့ ပြောပါတယ်။

    မျက်လုံးထိခိုက်ပျက်စီးခဲ့ရသူဟာ မနောဖြူပရဟိတအဖွဲ့မှာ စက်လှေမောင်းနေတဲ့ သဘောကောင်းပြီး နေ့ည နေပူမိုးရွာမရှောင် လူတွေကို ကူညီဖေးမတတ်သူ ဦးအောင်မြ ဖြစ်တယ်လို့ သိရပါတယ်။

    လောက်စာလုံးမှန်လို့ ကွဲသွားတဲ့မျက်လုံးကို ထုတ်ပစ်ရတာကြောင့် အမြင်အာရုံ ပျက်စီးသွားရပြီး အခုလက်ရှိမှာတော့ တောင်ကြီး၊ စဝ်စံထွန်းဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

    လေးခွနဲ့ပစ်တဲ့သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မသိရသေးပေမဲ့ သိရင်လည်း အမှုမလုပ်ဘူးလို့ ပစ်ခံရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    မျက်လုံးထိခိုက်မိသူနဲ့ နီးစပ်သူက “(ပစ်တဲ့သူကို)သိလည်း အမှုမလုပ်တော့ဘူး ပြောတယ်။ ဖြစ်ကံပါလို့ ဖြစ်တယ်တဲ့။ အပစ်ခံရသူက သဘောထားကြီးတယ်။ စိတ်ရင်းကောင်းတယ်ဗျာ” လို့ ပြောပါတယ်။

    အခုလက်ရှိမှာလည်း အင်းထဲမှာ ရေကမကျသေးတာကြောင့် ချောင်းနဲ့နီးတဲ့ရွာတွေမှာ စက်လှေမောင်းရင် ဖြည်းဖြည်းမောင်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

    ရေမြုပ်နေတဲ့နေအိမ်က အမျိုးသမီးတယောက်က “စက်လှေမောင်းသူတွေက ကိုယ်ချင်းစာစိတ် မရှိကြဘူး။ အင်းတိန်အောက်ဝိုင်းမှာလည်း အသကုန်မောင်းကြတယ်။ အိမ်က ရေမြုပ်နေတာ သွပ်တွေ အကုန်ပြတ်ထွက်ကုန်တယ်။ ကိုယ်ချင်းစာစိတ်မရှိဘူး၊ အရမ်းပြင်းအောင် မောင်းကြတယ်” လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း လနဲ့ချီရေကြီးခဲ့တဲ့ အင်းလေးမှာ အခုတော့ ရေ ၁ ပေလောက် ကျသွားတယ်လို့ သိရပြီး ပုံမှန်ထက်တော့ မြင့်တက်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။

    ရေကြီးတဲ့ဒဏ်နဲ့ ငလျင်ဒဏ်ကို ခံခဲ့ရတဲ့ အင်းလေးဒေသမှာ ပြန်လည်ထူထောင်ရေးလုပ်လို့ မပြီးသေးပေမဲ့ စစ်ကောင်စီကတော့ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲကို စက်တင်ဘာ ၂၂ ရက်ကနေ အောက်တိုဘာ ၉ ရက်နေ့အထိ ၁၈ ရက်ကြာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

  • စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်

    စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်

    စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်

    စစ်တပ်က ရုံးများနှင့်တပ်များ၏ လုံခြုံရေးသာ အဓိက လုပ်ပြီး လူထုလုံခြုံရေးအတွက် လျစ်လျူရှုထား (ရုပ်/သံ)

    အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍ သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့ကြောင်း၊ ယင်းသို့ ကားလုယက်ချိန်တွင် အနီးအနားတွင် ပြည်သူများ ရှိနေသော်လည်း လုယက်သူများမှာ သေနတ်ကို ပစ်ဖောက်သဖြင့် မည်သူကမှ မကူညီရဲကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကားလုခံရသော အမျိုးသမီးမှာ ပေါင်တွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ပြန်ဝင်လာပြီးကတည်းက ဖြစ်ချင်တိုင်းဖြစ်နေတာ။ ကားလုတာက သေနတ်နဲ့ပစ်လုတာမှာပေါင်ကို ထိမှန် ဒဏ်ရာရပါတယ်။ စစ်တပ်က အစိုးရရုံးတွေနဲ့ တပ်ရင်းတွေမှာပဲ လုံခြုံရေးယူထားတာ။ မြို့ပေါ်က ပြည်သူလူထုလုံခြုံရေးအတွက် ဘာမှ မလုပ်ပေးပါဘူး” ဟု လားရှိုးမြို့ခံ တက်ကြွလှုပ်ရှားသော တော်လှန်ရေး ထောက်ပို့တစ်ဦးက ရှင်းပြသည်။

    ယခုနှစ် ဧပြီလနှောင်းပိုင်း လားရှိုးမြို့ကို MNDAA ၏ လက်ထဲမှ စစ်တပ်က ပြန်လည်ရယူထိန်းချုပ်ပြီးနောက် ပိုင်း လားရှိုးမြို့ပေါ်တွင် လုယက်မှုများ၊ ခိုးမှုများနှင့် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

  • ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး

    မိုင်းခွဲဖျက်ဆီးခံရတာလို့ စစ်လော်ဘီတွေ သတင်းဖြန့်

    ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ​ပေ ၃၀ ​ကျော် ပျက်စီး

    နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။

    နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။

    စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။

    ” ဂုတ်ထိပ်တံတားမှာ ဒီကောင်တွေ အရင်ကတည်းက မိုင်းတွေတပ်ဆင်ထားဟန်ရှိတယ်။ ဒါကြောင့်လဲ တပ်မတော်ထိုးစစ် ရှေ့တိုးတာနဲ့ ပြေးပေါက်ရှာ ပြေးချိန်မှီအောင် တံတားကို ချက်ချင်း ဖောက်ခွဲဖျက်ဆီးလိုက်တာ ဖြစ်တယ်။
    ရှမ်းပြည်နယ်ရဲ့ ကမ္ဘာကျော်အမွေနှစ်တစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားကြီးကို ဖျက်ဆီးရက်နိုင်တာ တကယ်အံ့သြမိတယ်။ ဂုတ်တွင်းတံတားကြီးကလည်း ဖျက်ဆီးခံထားရတာလည်း မကြာသေးဘူး ဆိုတော့ ရှုမ်းလူမျိုးတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ” လို့ တပ်ထောက်ခံသူတယောက်က သုံးသပ်ပြောဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေဖြစ်ပေါ်နေပြီး ကမ္ဘာကျော် အမွေအနှစ်တံတားတခုကို ဖျက်ဆီးတာဟာမလုပ်သင့်ကြောင်း ဆန့်ကျင်ရှုတ်ချကြောင်း ပြောဆိုနေကြပါ တယ်။

    ဂုတ်ထိပ်တံတားဖျက်ဆီးခံရတဲ့အပေါ် အ​မေရိကန်ပြည်​ထောင်စုမှာ​နေတဲ့ ၈၈မျိုးဆက်​ခေါင်း​ဆောင် တ​ယောက်ဖြစ်တဲ့ ဦး​မောင်​မောင်​ကျော်က ” ဒီသတင်းကြားကြားချင်း ဝမ်းနည်းစိတ်မ​ကောင်းဖြစ်ရတယ် ဒါလုံးဝမလုပ်သင့်ဘူး။ ကမ္ဘာ့ ယဉ်ကျေးမှူအမွေအနှစ်ကို ချန်လှပ်ထားသင့်တယ်။ လုပ်တဲ့အဖွဲ့ ဘယ်အဖွဲ့လုပ်လုပ် လုံးဝဆန့်ကျင်ပါတယ်။” ဆိုပြီး ပြောဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးတဲ့အပေါ် ရှမ်းမြောက်ဒေသခံတွေကလည်း ရှုံ့ချဆန့်ကျင်ကြောင်း ပြောဆိုမှုရှိနေပါတယ်။

    ” TNLAဟာ သီပေါ၊ကျောက်မဲက ရှမ်းယဥ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးခဲ့သလို နောင်ချို ဂုတ်ထိပ်တံတားဟာလည်း အင်္ဂလိပ်တွေဆောက်လုပ်ခဲ့တဲ့ သမိုင်းဝင်တံတားတစ်ခု ကိုပါဖျက်ဆီးခြင်းဟာ အလွန်ယုတ်ညံ့တဲ့စိတ်ဘဲလို့ ” လို့ ရှမ်းပြည်​မြောက်ပိုင်းက ​ဒေသခံတ​​ယောက်က ဆိုပါတယ်။

    ဂုတ်ထိပ်တံတား ဖျက်ဆီးခံရတဲ့အပေါ် တဖက်အဖွဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကိုထောက်ခံဝန်းရံသူတွေကလည်း ဒါဟာစစ်တပ်ဘက်က ဖောက်ခွဲဖျက်ဆီးတာဖြစ်နိုင်ကြောင်း ပြောဆိုမှုတွေ ​တွေ့ရပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ဂုတ်ထိပ်တံတားက မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် ၇ မိုင် ခန့်အကွာ မိုင်တိုင်အမှတ်(၄၆၃/၀၉)မှာ တည်ရှိပြီး သံမဏိအမျိုးအစားတံတားဖြစ်ကာ သံမဏိတိုင် ၁၆ တိုင်ဖြင့် ဆောက်လုပ်ထားပြီး အရှည် ၂၂၆၀ ပေ၊ ရေမျက်နှာပြင်အမြင့်ပေ ၁၁၀၀ ရှိကြောင်း၊ နောင်ချိုမြို့နယ်နှင့် ၇ မိုင်ခန့်ကွာဝေးပြီး ကျောက်မဲမြို့နယ်နှင့် ၁၄ မိုင်ခန့် ကွာဝေးကြောင်း သိရှိရပါတယ်။

    ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဖြစ်တယ်လို့သိရပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာ ရှိတဲ့ ကမ္ဘာကျော် ဂုတ်တိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွားပြီလို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။

    နှစ် ၁၀၀ ကျော်သက်တမ်းရှိ ဂုတ်ထိပ်တံတားဟာ နောင်ချိုမြို့အနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိုး လမ်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။

    တံတားပျက်စီးမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ပျက်စီးသလဲ၊ ဘယ်သူက ဖျက်ဆီးတယ်ဆိုတာတွေကို မသိရသေးပါဘူး။

    လက်ရှိမှာ နောင်ချိုမြို့ကို အာဏာသိမ်း စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားပြီး နောင်ချိုကနေ ကျောက်မဲဘက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    ကျောက်မဲမြို့နယ်ထဲ စစ်အုပ်စုနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲရက်ရှည် ဖြစ်ပွားနေသလို စစ်အုပ်စုဘက်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲပစ်ခတ် နေတာလည်း ဖြစ်ပါတယ်။

    တိုက်ပွဲတွေနဲ့ စစ်အုပ်စု ရန်ကြောင့် မန္တလေး – လားရှိုးလမ်းကို ပြည်သူတွေ အသုံးပြုခွင့်မရတာ နှစ်ပေါက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ဂုတ်ထိပ်တံတား မပျက်စီးမီကနဲ့ ပျက်စီးနေတဲ့ ဂုတ်ထိပ်တံတား/Photo – CJ

  • အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်

    အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို အနောက်ပိုင်းခရိုင် ပကဖ နဲ့ Yangon Army တို့က လက်ပစ်ဗုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    အင်းစိန် မြို့သစ် (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ် ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်မှာ ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံး နဲ့ ပစ်မှတ် ကို ထိထိရောက်ရောက် ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

    အကြမ်းဖက်စစ်အုပ်စု လက်‌အောက်ခံ အုပ်ချုပ်ရေးမှူးရုံးက ပျူစောထီး လူမိုက် ကျင်ဟုတ်ရဲ့ တပည့် အုပ်ချုပ်ရေးမှူး ဖိုးဇင် နဲ့ လူမိုက်အ ဖွဲ့တို့က တရားမဝင်ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတာနဲ့ လူငယ် တွေကို စစ်မှုထမ်းလိုအပ်တဲ့ နေရာတွေကို ရောင်းစားနေတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အဆိုပါပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

    နောက်ထက်လည်း အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ နဲ့ ဆိုင်တဲ့ ပစ်မှတ်တွေကိုလည်း ထပ်မံတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနောက်ပိုင်းခရိုင် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။