Tag: News

  • AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ

    ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံး

    အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်စပ်နဲ့ ပဲခူးတိုင်းနယ်စပ်ရှိ ရခိုင်ရိုးမတောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ညောင်ကျိုးစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက် အကျအဆုံးများပြားနေတယ်လို့ ဒေသအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

    စစ်ကောင်စီဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ညောင်ကျိုးစခန်းကို ဒီသြဂုတ်အတွင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

    အဲဒီ ညောင်ကျိုးစခန်းအနီးတိုက်ပွဲတွေမှာ နှစ်ဖက်အပြန်အလှန် ဒရုန်းတွေနဲ့ တိုက်ခိုက်တာပိုများပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ တပ်ရင်းတွေကိုလည်း AA က ဖြတ်တောက်တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်သွားကြတဲ့ တပ်ရင်းတွေလည်းရှိတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    အာရက္ခတပ်တော် AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းကို ဥသျှစ်ပင်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၆) ရှိ အနီးအနားတပ်ရင်းတွေက အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ သြဂုတ်လ ၂၀ ရက်နေ့က ထိုးစစ်ဆင်မှုတွေပြုလုပ်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဖက်က အင်အား ၇၀ ကျော်ကျဆုံးပြီးတော့ တိုက်ပွဲအတွင်းမှာ ကစဥ့်ကလျားထွက်ပြေးသွားကြတဲ့သူတွေကိုလည်း AA က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

    “AAနဲ့ မဟာမိတ်တပ်တွေဟာ ညောင်းကျိုးစခန်းမှာ တပ်စွဲထားတာပါ။ စစ်ကောင်စီကလည်း အဲဒီစခန်းကုန်းကို ထိုးစစ်ဆင်လာတော့ တိုက်ပွဲတွေ ပြင်းထန်နေကြပါတယ်။ သူတို့က တစ်ခါထိုးစစ်ဆင်လာရင် အင်အား ၂၀၀၊ ၃၀၀ ဝန်းကျင်ပါလာပါတယ်။ အခုလည်း အင်အား ၂၀၀ ရှိတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်တော့ သူဖက်ကိုယ်ဖက်ကျဆုံးတာတွေရှိပါတယ်။ စကစဖက်ကလည်း တိုက်ပွဲအတွင်းမှာ ထွက်ပြေးသွာတာရှိတော့ သူတိုကိုလည်း လိုက်လံရှင်းလင်းနေပါတယ် ” လို့ AA စစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

    အာရက္ခတပ်တော် AA ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးစခန်းနဲ့ အနီးကျင်ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလအစပိုင်းကတည်းက မဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်ကဘောမိစခန်းကို အေအေတပ်ဖွဲ့သိမ်းပိုက်ခဲ့စဥ်

    စစ်ကောင်စီဟာ အဲဒီစခန်းကုန်းကို ပြန်လည်ရရှိဖို့အတွက် အခုလအတွင်းမှာ ထိုးစစ်ဆင်မှုတွေ ၄ ကြိမ်ထက်မနည်း ပြုလုပ်လာမှုတွေရှိတယ်လို့လည်း သိရပါတယ်။

    “သူတို့ကတော့ တိုက်ခိုက်ရေးစွမ်းရည် အဲလောက်မရှိပါဘူး။ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း၊ စစ်တပ်လေထီးတွေ အာကိုးနဲ့ပဲ ထိုးစစ်ဆင်လာတာပါ။ အဲဒီအရာတွေ အလုပ်မလုပ်တော့ရင် သူတို့ကထွက်ပြေးကြတော့တာပဲ။ ဒီနောက်ပိုင်းမှာ ဒရုန်းနဲ့ လေကြောင်းကို အဓိက အားကိုပြီးတော့ ညောင်ကျိုးဖက်ခြမ်းကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်လာနေတာပါ” လို့ AA နဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဟာ အဆိုပါညောင်ကျိုးစခန်းကို ပြည်သူ့စစ်မှုထမ်းတပ်သားတွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး အဲဒီပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကိုလည်း ဖမ်းဆီးရမိထားတာရှိတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် လလယ်ပိုင်းကလည်း အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုဟာ ညောင်ကျိုးအနီးတဝိုက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA နဲ့ မဟာမိတ်တပ်တွေက ဝိုင်းပတ်ပိတ်ဆို့တိုက်ကာ နောက်ပြန်ဆုတ်သွားရပြီးတော့ ညောင်ကျိုးစခန်းနဲ့ ၁၀ မိုင်ခန့်အကွာမှာ ခံစစ်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

    အာရက္ခတပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ကျော်ကာလအတွင်းမှာ ရခိုင်က မြို့နယ် ၁၄ ခုအပါအဝင် ချင်းပြည်နယ်၊ ပလက်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပဲခူး၊ မကွေး၊ ဧရာဝတီနယ်စပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ စစ်မျက်နှာခွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

    စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်စပ်ထဲကို ပြန်ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် ရခိုင်ရိုးမနယ်စပ်က AA နဲ့ မဟာမိတ်တပ်တွေ တပ်စွဲနေရာယူထားတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီနယ်စပ်တွေကို လက်ရှိမှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

  • ကျောက်မဲတိုက်ပွဲ ပြင်းထန်၊ ကျန်ရှိဒေသခံများ အမြန်ရှောင်ရန် တိုက်တွန်း

    ကျောက်မဲတိုက်ပွဲ ပြင်းထန်၊ ကျန်ရှိဒေသခံများ အမြန်ရှောင်ရန် တိုက်တွန်း

    စစ်တပ်ထိုးစစ်ဆင်နေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းနှင့် အနီးနားကျေးရွာများအတွင်း ကျန်ရှိနေသေးသည့်ဒေသခံများ အမြန်ဆုံးရှောင်ရှားကြရန် ကူညီကယ်ဆယ်ရေးလုပ်နေသူများက တိုက်တွန်းသည်။

    သြဂုတ် ၁၉ ရက်၌စပြီး စစ်တပ်က နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်မှ ကျောက်မဲမြို့ကို ထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ နောင်ပိန်ရွာနှင့် ထန်းထပင်ရွာတို့ အပါအဝင် အနီးနားကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

    ဒေသခံတဦးက “ဒီနေ့မှာလည်း ထန်းတပင်ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အသံတွေကတော့ တအုန်းအုန်းပဲ” ဟု ပြောသည်။

    လက်ရှိ ကျောက်မဲတိုက်ပွဲအတွင်း သေဆုံးမှုများနေသလို ထိခိုက်ဒဏ်ရာရသူများလည်း ၃၀ ကျော်ထိရှိနေပြီး လားရှိုးဆေးရုံ ၌ ကုသမှုခံယူနေကြကာ အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။

    ကူညီကယ်ဆယ်ရေးလုပ်နေသူ ကျောက်မဲမြို့ခံတဦးက “ကျန်နေတဲ့သူတွေကို ပြောချင်တာက ဒါဟာတကယ့်ကို အန္တရာယ်ရှိတဲ့ စစ်ပွဲကြီးပါ။ အရင်တုန်းက ၁၀၂၇ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူဘူး၊ ဒီဟာက အကြီးအကျယ် ချမယ့်စစ်ပွဲဆိုတော့ အန္တရာယ်များတယ်လို့ ပြောချင်ပါတယ်။ နီးမှ ဟိုတနေ့ကလိုမျိုး ပိတ်မိသွားမှ လာကယ်ပါဦးဆို မကယ် နိုင်တော့ဘူး။ အတတ်နိုင်ဆုံးတော့ ထွက်ပေးကြပါ” ဟု ပြောသည်။

    လက်ရှိတွင် ငွေကြေးမတတ်နိုင်သူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ နေရပ်မစွန့်ခွာချင်သူတချို့ ကျန်နေကြပြီး မြို့၏ ၄ ပုံ ၁ ပုံခန့် ကျန်ရှိနေနိုင်သေးကြောင်း စစ်ရှောင်ကူညီပေးနေသူများက ဆိုသည်။

    ပုံစာ – လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ပိန်ရွာမှ ထိခိုက်ဒဏ်ရာရသူများအား ကူညီပေးနေစဉ်/ နန့်ခုံးရှမ်းများ ပရဟိတအသင်း

  • သိန္နီမြို့ကို တရုတ်အကူအညီဖြင့် ပြန်ရယူရန် စစ်ကောင်စီကြိုးပမ်းနေ

    သိန္နီမြို့ကို တရုတ်အကူအညီဖြင့် ပြန်ရယူရန် စစ်ကောင်စီကြိုးပမ်းနေ

    MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့က ပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ကို မြို့ပြန်လွှဲပေးနိုင်မလားဆိုတဲ့ ကိစ္စကိုပဲ အဓိက စိတ်ဝင်စားပြီး စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေကေ ပြာပါတယ်။

    အာဏာသိမ်းစစ်တပ်ရဲ့ အမှတ် ၁၆ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးဌာနချုပ်တည်ရှိရာ သိန္နီမြို့ကို MNDAA ကိုးကန့်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ၁၀၂၇ စစ်ဆင်ရေးမှာ တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဆိုရင် ၁ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

    အဲ့ဒီသိန္နီမြို့ဟာ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ တည်ရှိတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြန်ရယူဖို့ လုပ်နေတာပါ။

    တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် MNDAA ကိုးကန့်တပ်ဟာ သိန္နီမြို့ကို စစ်တပ်လက်ထဲ ပြန်လွှဲပြောင်းပေးမလားဆိုတာကို မြို့ခံတွေက အဓိကထား စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    သြဂုတ် ၁၄ ရက်က အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်တို့ လားရှိုးမြို့မှာ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တာရှိပါတယ်။

    အဲ့ဒီ ညှိနှိုင်းမှုဟာ အဆင်မပြေသေးတာရှိပေမယ့်မဲ့ ကိုးကန့်ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အရောင်းအဝယ်တွေကတော့ ပုံမှန်အတိုင်းပဲ ရှိနေသေးတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    MNDAA ကိုးကန့်တပ်နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းယူထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော် လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် အာဏာသိမ်းစစ်တပ်ကို အခုနှစ် ဧပြီလမှာ ပြန်လွှဲပြောင်းပေးခဲ့ရပါတယ်။

    ဆက်လက်ပြီးလည်း သိန္နီမြို့ကို တရုတ်နိုင်ငံကြားဝင်မှုနဲ့ ကိုးကန့်တပ်က အာဏာသိမ်းစစ်တပ်ကို ပြန်လည်လွှဲ ပြောင်းမယ်လို့ သတင်းတွေဟာလည်း ဒေသတွင်းမှာ ထွက်ပေါ်နေတာပါတယ်။

    စစ်ခေါင်းဆောင် တရုတ်သို့ ဒုတိယအကြိမ် သွားရောက်မည်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် ဂျပန်ခုခံတော်လှန်ရေး တရုတ် အောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

    တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့တွင် ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်း နိုင်ငံများဖြင့် စတင်ဖွဲ့စည်းခဲ့သော SCO ထိပ်သီးအစည်းအဝေးကို လာမည့် သြဂုတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် တက်ရောက်မည်ဖြစ်ပြီး စစ်ကော်မရှင်ကမူ ယင်းခရီးစဉ်အား သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

    “တရုတ်ကို မင်းအောင်လှိုင် သွားချင်နေတာ တပိုင်းသေ၊ ဟိုကဖိတ်မှ သွားရတာ။ နောက်က တစ်ဖက်မှာ မက်လုံးရှိတယ်။ ငလျင် ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေး အကူအညီ၊ အခုမရရင်တောင် နောင်ရမှာ၊ ခုလည်း စစ်ရေးအကူအညီ ရနေတာပဲ” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

    အဆိုပါ SCO ထိပ်သီးအစည်းအဝေးကို တရုတ်၊ ရုရှားတို့ ဦးဆောင်၍ ဆိုဗီယက်ယူနီယံ အဖွဲ့ဝင်ဟောင်း နိုင်ငံများဖြစ်သော ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့ဖြင့် ၂၀၀၁ ခုနှစ်တွင် ရှန်ဟိုင်းမြို့၌ ဖွဲ့စည်းပြီး အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်နှင့် ဘီလာရုစ်တို့ ပါလာသဖြင့် အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံအထိရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံအနေဖြင့် အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် (dialogue partner)အဆင့်ရ၍ SCO လှုပ်ရှားမှုများနှင့် အစည်းအဝေးအချို့၌ ပါဝင်လာသလို ထိုအတွက်ကြောင့် စစ်ခေါင်းဆောင် တက်ရောက်ခွင့်ရခြင်းဖြစ်ကာ ၎င်း၏ဒုတိယအကြိမ် တရုတ်ခရီးစဉ်လည်းဖြစ်ကြောင်း သိရသည်။

    “သူလာမယ်ဆိုကတည်းက နိုင်ငံရေးကစားကွက်တွေ သုံးမှာပဲ။ ဒါပေမယ့် သူဘာလုပ်လုပ် စစ်အာဏာ ရှင်စနစ် သက်ဆိုး ရှည်ရေးအတွက် လုပ်မှာပဲဆိုတာ ကျွန်မတို့ သိဖို့လိုတယ်။ သူ့အတွက် ကတော့ ဝါဒဖြန့်ရေး တစ်ခုရတာပေါ့” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ လှကျော်ဇောက ပြောသည်။

    ထိုထိပ်သီးအစည်းအဝေးအပြင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပမည့် စက်တင်ဘာ ၃ ရက်တွင် ကျရောက်သော ဂျပန်ခုခံတော်လှန်ရေး တရုတ်အောင်ပွဲနေ့ နှစ် (၈၀) ပြည့် အခမ်းအနားကိုလည်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးအား ဖိတ်ကြားထားသဖြင့် စစ်ခေါင်းဆောင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

    စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသော မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် တက်ခွင့်ရခဲ့သလို တရုတ်သမ္မတနှင့်လည်း ရုရှားခရီးစဉ် သွားရောက်စဉ်အခါက တွေ့ဆုံထားကြောင်း သိရသည်။

    လက်ရှိတွင် တရုတ်၊ ရုရှား၊ ဘီလာရုစ်နှင့် အိန္ဒိယနိုင်ငံတို့၏ ထောက်ခံအားပေးမှုအပြင် စစ်ရေး၊ စီးပွားရေး၊ နည်းပညာ စသည့်အကူအညီများကို အဓိကရရှိထားသည့် စစ်ခေါင်းဆောင်က ၎င်းတို့ပြုလုပ်ရန် ပြင်ဆင်နေသော ရွေးကောက်ပွဲအတွက် နည်းမျိုးစုံသုံး၍ ကြိုးပမ်းလုပ်ဆောင် နေကြောင်း သိရသည်။

    အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း စစ်ကော်မရှင် ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေအား (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် တရုတ်အစိုးရက အချက် သုံး ချက် ပြောဆိုခဲ့ကြောင်း သိရသည်။

    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ အန်းနင်မြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်က ကျင်းပခဲ့သည့် အစည်း အဝေး၌ သီးခြားတွေ့ဆုံကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုသို့ပြောကြားသလို တရုတ် အစိုးရအနေဖြင့် ရွေးကောက်ပွဲအပြီး လုပ်ငန်းစဉ်ပါ စဉ်းစားထားပြီး ဖြစ်နေကြောင်း လေ့လာ သူတို့က သုံးသပ်သည်။

    “တရုတ်က အားလုံးပါဝင်မှု (inclusiveness) ၊ လူထုထောက်ခံမှု (public support)နဲ့ ပြည်သူတွေရဲ့ဆန္ဒ (will of people)ကို သံတမန်နည်းကျကျ ထည့်ပြောသွားတယ်။ ဒါကို အတိုက်အခံတွေက နားလည်သဘောပေါက်ဖို့ လိုတယ်” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူတစ်ဦးက ထောက်ပြသည်။

    ပုံစာ-ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပသည့် တရုတ်နှစ်သစ်ကူးနေ့အခမ်းအနားတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။

  • မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

    မန္တလေးမှာ ကားနဲ့ လူငါးဦးပါအဖွဲ့က အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး လုယက်

    မန္တလေးမြို့၊ ချမ်အေးသာစံမြို့နယ်မှာ ဒီနေ့ (သြဂုတ် ၂၂ ရက် ) မနက်အစောပိုင်းကားနဲ့ လူငါးဦးအဖွဲ့က ဆိုင်ကယ်ဆီပြတ်လို့တွန်းလာတဲ့ အမျိုးသားကိုအုပ်စုဖွဲ့ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်း လုယက်သွားတယ်လို့ သိရပါတယ်။

    အဲဒီဖြစ်စဉ်ဟာ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း ၊ ၆၂ လမ်းထောင့်မှာ ဒီမနက်အစောပိုင်း ၃ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။

    “ဆီပြတ်လို့ ဆိုင်ကယ်ကိုတွန်းနေတာ ကားနဲ့ရောက်လာပြီး သူတို့ကားပေါ်ဆွဲတင်တယ်၊ ဖုန်း Password တောင်းတယ်၊ လူကိုလည်း ရိုက်တယ်”လို့ လုယက်ခံရတဲ့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

    လုယက်သူတွေ ဟာ ပျုစောထီးတွေ ဆောင်းလေ့ရှိတဲ့ မြန်မာနိုင်ငံ အလံ တံဆိပ်ပါ ပြောက်ကျား လျှာထိုး ဦးထုပ်တွေဆောင်းထားတယ်လို့သိရပါတယ်။

    “မင်းကိုဖမ်းမယ်၊ စစ်မှုထမ်းထဲထည့်မယ်၊ ရပ်ကွက်ရုံးခေါ်သွားမယ်ပြောတာ” လို့ လုယက်ခံရသူ ကာယကံရှင်နဲ့ နီးစပ်သူကပြောပါတယ်။

    လုယက်ခံရသူတဲ့ အမျိုးသားက ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်သူပါ။ အိန္ဒိယထုတ် ဆိုင်ကယ်၊ ဖုန်းနှစ်လုံး၊ ငွေသား သိန်း ၂၀ နဲ့ ဆိုင်ကယ် အုံနာဘုတ် ငါးအုပ်ပါသွားတယ်လို့သိရပါတယ်။

    အခုဖြစ်စဉ်မတိုင်ခင်ကတော့မန္တလေးမြို့မှာစစ်တပ်လက်ဝေခံပျုစောထီးအဖွဲ့တွေက ကားနဲ့ပတ်ပြီး လမ်းပေါ်မှာ သွားလာနေတဲ့ အမျိုးသားတွေကို စစ်ဆေးပြီး ငွေညှစ်တာ၊ ဖုန်း လုယက်တာမျိုးတွေ ရှိခဲ့တယ်လို့ကိုယ်တိုင်ကြုံခဲ့ရသူအချို့ထံကသိရပါတယ်။

    မန္တလေးမှာ အခုလိုဖြစ်စဉ်တွေ ဖြစ်ပွားနေပေမယ့် မြို့ကိုထိန်းချုပ်ထားတဲ့စစ်ကောင်စီက အရေးယူတာမျိုးမရှိပါဘူး။

    မန္တလေး နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပျုစောထီးတွေကို လက်နက်တပ်ဆင်ပေးပုံ (ပုံဟောင်း)

  • MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များ

    MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များ

    မတူပီမြို့နယ်မှာ MRO/CDF-Matupi က အတင်းအဓမ္မစစ်မှုထမ်းခေါ်လို့ ဒေသခံပြည်သူတွေနဲ့ စကားအခြေအတင်များတဲ့ ရုပ်သံထွက်ပေါ်လာ

    ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင် MRO/CDF-Matupi တပ်ဖွဲ့က မတူပီမြို့နယ်ထဲ ဒေသခံပြည်သူတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတချို့နဲ့ စကားအခြေအတင်များတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။

    Matupi Revolution News မှာ ယနေ့ဩဂုတ်လ ၂၁ ရက်နေ့မှာ အဆိုပါ ရုပ်သံဖိုင်ထွက်ပေါ်လာတာဖြစ်ပြီး ရုပ်သံထဲမှာ MRO/CDF-Matupi ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နွေဦးလင်း နဲ့ ဒေသခံပြည်သူတွေ စစ်မှုမထမ်းမနေရကိစ္စနဲ့ပတ်သက်ပြီး စကားအခြေအတင်များနေတာ တွေ့ရပါတယ်။

    ဒီရုပ်သံဟာ မတူပီမြို့နယ် ဟာလ်သူးကျေးရွာမှာ ပြီးခဲ့တဲ့အပတ်က ဖြစ်ပွားခဲ့တာလို့သိရပြီး ဖြစ်စဉ်အခြေအနေကိုတော့ အသေးစိတ်မသိရပါဘူး။

    MRO/CDF-Matupi တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ဩဂုတ်လဆန်ပိုင်းကစပြီး မတူပီမြို့နယ်ထဲမှာ အသက် ၁၆ နှစ်ကနေ အသက် ၄၀ ကြား ပြည်သူအားလုံး စစ်မှုထမ်းရမယ်လို့ အမိန့်ထုတ်ပြန်ထားပြီး စစ်မှုမထမ်းလိုသော ပြည်သူတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

    Video credit-