Tag: News

  • မြင်းခြံ ကျားမဲလေးတွေ ဆွဲပြန်ပြီ

    မြင်းခြံ ကျားမဲလေးတွေ ဆွဲပြန်ပြီ

    မြင်းခြံမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

    မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောဆိုသည်။

    ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅ ခန့်တွင် မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

    “လက်နက်ခဲယမ်းတွေတော့ ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ တိုက်ခိုက်မှုက ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တော့ကြာခဲ့တယ်။ စခ ၄ ဦးသေတယ်။ သေတဲ့သူတွေကို အထက ၂ ကျောင်းထဲမှာ အခေါင်းပုံးနဲ့ ပြင် ပြီးတော့ ထားတယ်။ ဒဏ်ရာရတဲ့သူအရေအတွက်တော့ မသိရဘူး။ လူနာတင်ကားနဲ့လာခေါ်သွားတာ မြင်းခြံ Black Tiger တပ်ဖွဲ့အနေနဲ့ ရန်သူနဲ့ ပတ်သက်လို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးကို အကောင်းမွန်ဆုံးနိုင်တဲ့နေရာက ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံခြင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • အောက်ဆွဲတစ်ကောင်ရဲ့ ဇာတ်သိမ်း

    အောက်ဆွဲတစ်ကောင်ရဲ့ ဇာတ်သိမ်း

    မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် နေထိုင်သော ပျူစောထီး ခင်မောင်ဝင်းကို တာကလေးရွာ ရန်ကုန်-ပြည် လမ်းပိင်းရှိ ဇရပ်ထဲ၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း ပျူစောထီး ခင်မောင်ဝင်းသည် ဦးခေါင်းကို သေနတ်ကျည် ၁ ချက် ထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ခင်မောင်ဝင်းထံမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဆက်သွယ်​ထားသော ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ပျူစောထီး ခင်မောင်ဝင်းသည် စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ အတင်းအကြပ်ကောက်ခံပြီး ငွေမပေးသူများအား စစ်တပ်ခေါ်ဖမ်းဆီးခိုင်းခြင်း၊ စစ်တပ်ထံ မမှန်သတင်း ပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ စစ်တပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေတာကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ပျူစောထီး ခင်မောင်ဝင်းက တာကလေးရွာ ရန်ကုန်-ပြည်လမ်းဘေးမှာ ထိုင်နေတဲ့အချိန် ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ထွက်မပြေးနိုင်အောင် ပိတ်ဆို့ပြီးမှ ခေါင်းကို ကျည် ၁ ချက် ပစ်ရှင်းလိုက်တာပါ။ ဒီကောင်က စစ်မှုထမ်းကြေးတွေလည်း အတင်းအကြပ်ကောက်တဲ့အပြင် ငွေမပေးသူတွေကို စစ်တပ်ခေါ်ဖမ်းခိုင်းလို့ လူငယ်တွေဆိုတာ အိမ်မှာ မနေရဲကြဘူး။ လူငယ်တွေပေါ်တာဆွဲရာမှာ သူကိုယ်တိုင် လိုက်ပါဖမ်းဆီးတယ်။ သူ့ကို အရင်ကတည်းက ရှင်းဖို့လုပ်နေတာ ကံကောင်းပြီးလွတ်နေတာ ဒီနေ့မှ ထိပ်တိုက်တွေ့တုန်း ရှင်းနိုင်တာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဆက်လက်၍လည်း ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များကို အရှိန်မြှင့် တိုက်ခိုက်သွားမည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က အသိပေး နှိုးဆော်ထားသည်။

  • မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ စတင်သည့် ရုရှားခရီးစဉ် မတိုင်မီ နေပြည် တော် စစ်ရုံးတွင် ပြုလုပ်သော စစ်ဘက်ဆိုင်ရာ Joint of Command အစည်းအဝေးတွင် “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ လုံး၀ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ” တပ်မတော်ကို သစ္စာရှိဖို့၊ အထက်အရာရှိနဲ့ ခေါင်းဆောင်တွေ အပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ကို သစ္စာရှိဖို့ အဲဒါက အရေးကြီးဆုံးဖြစ်တယ်။ သစ္စာရှိရင် ဘယ်လိုပြစ်မှုမျိုးပဲဖြစ်ဖြစ် ကိုယ့်ခေါင်းဆောင် အထက်အရာရှိတွေကို နားလည်အောင် ရှင်းပြရင် ခွင့်လွှတ်ကျေအေးပေးလို့ရတယ်။ သစ္စာမဲ့ရင်တော့ ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာမရှိဘူး။ သစ္စာတရားသာ မရှိရင် ဘယ်အဖွဲ့အစည်းမှ ကြာကြာ မတည်မြဲနိုင်ဘူး။ ဒါကြောင့် တပ်မတော်မှာ သစ္စာတရားတွေ ခိုင်မာအောင် လုပ်ရမယ် ဆိုတာကို JOC မီတင်မှာ တပ်ချုပ်က ပြောသွားတယ်” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

    နေပြည်တော်စစ်ရုံးတွင် တစ်နိုင်ငံလုံး တော်လှန်ရေးတပ်များနှင့်ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်ဆင် ရေးများ၊ စစ်ရေးအခြေ အနေများကို အစီရင်ခံသော Joint of Command အစည်းအဝေးများကို အမြဲလိုလို ကျင်းပလေ့ရှိပြီး အဆိုပါ အစည်း အဝေးသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ ရေချုပ်၊ လေ ချုပ်နှင့် ကစထမှူးများ တက်ရောက်ရလေ့ရှိသည်။

    ရုရှားခရီးစဉ်မတိုင်မီ သစ္စာရှိကြရန် မှာကြားမှုမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ၎င်းကို သစ္စာရှိကြရန် ၊ ပုန်ကန်မလုပ်ရန် သတိပေးသည့်သဘောဟုဆို နိုင်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ဆိုသည်။

    မတ်လ ၃ ရက်နေ့ မှ မတ်လ ၉ ရက်နေ့အထိ ရုရှားနိုင်ငံသို့ သွားရောက်နေသော မင်းအောင်လှိုင်က ၎င်း၏ တာဝန်များကို ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ အတွင်း ရေးမှူး အောင်လင်းဒွေး၊ စစ်ဘက် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်းတို့ထံသို့ ယာယီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရုရှားရောက် အကြမ်းဖက် မင်းအောင်လှိုင်။

  • ပြည်သူများကို ဖမ်းဆီး သ-တ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာ

    ပြည်သူများကို ဖမ်းဆီး သ-တ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာ

    သတင်းသမားများနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာဘယ်သူလဲ

    စစ်တပ်နဲ့ ၄င်းရဲ့လော်ဘီတွေ ဝါဒဖြန့်ရာမှာ အားကိုရာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်မှာ KO CHIT(MDY) ဆိုတဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုရှိပါတယ်။

    အဆိုပါ KO CHIT(MDY) တယ်လီဂရမ်ချန်နယ်ကို လူပေါင်း ၃သောင်း၊၅ထောင်ကျော်က ချိတ်ဆက်ထားတာကို တွေ့မြင်ရပါတယ်။

    KO CHIT (MDY) ချန်နယ်ဟာ စစ်တပ်လော်ဘီချန်နယ် တစ်ခုတင်မဟုတ်ပဲ သတင်းထောက်တွေ ၊ စစ်တပ်ကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီဖို့ နေရပ်လိပ်စာတွေ၊ဖုန်းနံပါတ်တွေ၊Kpay၊ Wave အစရှိတာတွေကို ၄င်း channel မှာတင်ပြီး ဖမ်းဆီးဖို့ နှိုးဆော်နေသလို ဖမ်းဆီခံရသူတွေလည်း အမြောက်အများရှိခဲ့ပါတယ်။

    KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ကိုတည်ထောင်သူကတော့ မန္တလေး သွေးသောက်အဖွဲ့ခေါင်းဆောင် မဘသအဖွဲ့ဝင် ချစ်ကိုကို ဆိုသူဖြစ်ပါတယ်။

    KO CHIT (MDY) တယ်လီဂရမ်ချန်နယ် တည်ထောင်သူ ချစ်ကိုကိုဆိုသူဟာ အရင်က ခင်ညွန့်ရဲ့ထောက်လှမ်းရေးပြုတ်ဖြစ်ပြီး ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာတော့ စရဖသတင်းပေးတစ်ဦးဖြစ်ခဲ့သလို မဘသ အဖွဲ့ဝင် ၊ တပ်ထောက်ခံပွဲများဦးဆောင် ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် မန္တလေးမှာ လက်ရှိ ပျူစောထီးနဲ့ ပြည်သူ့စစ် (ပသစ)၊ သွေးသောက်အဖွဲ့ခေါင်းဆောင်လုပ်ကာ NLD ပါတီဝင်များနဲ့ စစ်တပ်ကို ဆန်ကျင့်တဲ့အရပ်သားပြည်သူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ အ‌ဓိကတရားခံ ဖြစ်ကြောင်း စုံစမ်းသိရှိထားရပါတယ်။

    ချစ်ကိုကို(ခ)ချစ်ကိုမှာ သားတစ်ဦးရှိပြီး ၄င်းရဲ့သားဟာ လက်ရှိစစ်ဗိုလ်တစ်ဦးဖြစ်ကာ အရက္ခပြည်အတွင်း လက်နက်ကြီးထိမှန်းပြီး ခြေထောက် ဒဏ်ရာရပြီး နားနေရကြောင်း သိရှိရပါတယ်။

    KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ကနေ အခုနောက်ဆုံး ရန်ကုန်ခေတ်သစ်ရဲ့ ပဲ့ကိုင်သူ သတင်းသမား ကိုသာလွန်ဇောင်းထက်ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေရဲ့လိပ်စာတွေကို လာရောက်ပေးကြဖို့ နှိုးဆော် ခြိမ်းခြောက် ရေးသားထားတာကို တွေ့ရပါတယ်။

    ရန်ကုန်ခေတ်သစ်ရဲ့ ပဲ့ကိုင်သူ သတင်းသမား ကိုသာလွန်ဇောင်းထက်ကတော့ “စစ်တပ်ရော စစ်တပ်ထောက်ခံသူတွေဟာ သူတို့ဘယ်လို အဆင့်အတန်း၊ ဘယ်လိုစရိုက် ရှိစေတယ်ဆိုတာကို သူတို့ရဲ့ လုပ်ရပ်နဲ့ အပြုအမူတွေကပဲ သက်သေပြနေတာပါပဲ”လို့ ၄င်းရဲ့ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပါတယ်။

    ပြီးခဲ့တဲ့နှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြည်သူတွေက ပန်းသပိတ်ပြုလုပ်ကြရာမှာ ချစ်ကိုကိုရဲ့ သတင်းပေးမှုနဲ့ ဖမ်းဆီးဖို့နှိူးဆော်မှုတွေကြောင့် အရပ်သားပြည်သူ အမြောက်များ ဖမ်းဆီးထောင်ချ ခံခဲ့ရပါတယ်။

  • မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

    မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

    ယနေ့(မတ်လ ၃ ရက်) နံနက် ၃နာရီခန့်က စစ်သုံပန်း ရှစ်ဦးသည် အစောင့်ရဲဘော်များ၏ လက်နက်များ လုယူကာ မင်းတပ်မြို့နှင့် ထိစပ်နေသည့် ယောဒေသသို့ ထွက်ပြေးသွားခြင်းဟု သတင်းရရှိသည်။

    စစ်သုံ့ပန်းရှစ်ဦးသည် ထွက်ပြေးစဥ် လမ်းမှာတွေ့သည့် ပြည်သူ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း ယောဒေသရှိ စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿက အသိပေးသည်။

    “သုံ့ပန်းတွေပြေးတာ ဖြစ်နိုင်တယ်တဲ့ ။သတင်းပို့ချက် မရောက်လာသေးဘူး။မြို့ထဲကအဖွဲ့တော့ မဟုတ်ဘူး ။ဘယ်တပ်ရင်းဖက်ကလည်းဆိုတာ အတည်ပြုခိုင်းထားတယ်”ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ဒေသတွင်း ပုံမမှန်သည့်ဖြစ်စဥ်နှင့် ဒေသခံမဟုတ်သူဟု ယူဆရသူများကို တွေ့ပါက နီးစပ်ရာပြည်သူ့တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းကြားရန် ကိုမင်းဒဿက တိုက်တွန်းသည်။

    ထို့အပြင် ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည် ကာကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် တပ်ဖြန့်၍ မင်းတပ်မြို့မှထွက်ပြေးလာသည့် စစ်သုံ့ပန်းများအား ရှာဖွေနေကြောင်းလည်း ယောဒေသ စစ်ရေး၊လူမှုရေးအခြေအနေများကို ဖော်ပြသည့် ယောအလင်းတန်း တာဝန်ရှိသူက ပြောသည်။

    မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်တွင် ချင်းညီနောင်အဖွဲ့နှင့်အတူ ယောကာကွယ်ရေးတပ်၊ယောတတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၃)တို့လည်း ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်အများအပြားရရှိပြီး ရုပ်သံဖိုင်မှတ်တမ်းအရ စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း အရှင်ဖမ်းမိရရှိခဲ့သည်ကို တွေ့ရသည်။